ချစ်သူကို ပျော်အောင်ထားပါ။ ဒါပေမဲ့ ကိုယ့်ပျော်ရွှင်မှုတွေကို မစတေးလိုက်ပါနဲ့။

တချို့လူတွေက သင့်ကို မချစ်ဘူး။ သင့်ကို ဂရုတောင် မစိုက်ဘူး။ သင်နဲ့ ပတ်သက်နေရရင်ပြီးရော။ သူတို့က အချစ်ကို အမြတ်ထုတ်နေကြတာလေ။ သူတို့က သူတို့ကို အာရုံစိုက်နေတာကိုပဲ လိုချင်ကြတာ။

သင့်ရဲ့ တန်ဖိုးက သင့်ဘဝမှာ ချစ်သူဘယ်နှယောက်ရှိခဲ့ဖူးလဲဆိုတာနဲ့ မဆိုင်သလို သူတို့သင့်ကို ဘယ်လောက်လိုအပ်လဲဆိုတာနဲ့လည်း မဆိုင်ပါဘူး။

လူတစ်ယောက်က သင့်ကို မလိုအပ်တော့ဘူးဆိုရင် သူ့ကို လက်လွှတ်လိုက်ပါ။ သူတစ်ပါးကို ချစ်တယ်၊ ဂရုစိုက်တယ်ဆိုတာ ကောင်းတဲ့အလုပ်ပါ။ မျှဝေတယ်ဆိုတာလည်း မွန်မြတ်တဲ့အလုပ်ပါ။ ဒါပေမဲ့ ဆာလောင်နေသူအတွက် ပေါင်မုန့်တစ်ဖဲ့ဖဲ့ပေးတာနဲ့ သင့်ကို မလိုချင်တဲ့သူကို သင့်ဘဝဖဲ့ပေးတာနဲ့တော့ မတူဘူးပေါ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဘယ်သူကမှ သင့်ဘဝကို ဝါးမျိုသွားတာမျိုး မဖြစ်ပါစေနဲ့။ ချစ်ရသူကို ပျော်အောင်ထားပါ။ ဒါပေမဲ့ ကိုယ်နစ်နာအောင် စတေးပစ်လိုက်တာမျိုးတွေ မဖြစ်ပါစေနဲ့။

ချစ်တဲ့သူကို တကယ်ပျော်အောင်ထားတယ်ဆိုတာ ချစ်ခြင်းမေတ္တာတွေ၊ ကြင်နာမှုတွေနဲ့ ပျော်ရွှင်စေတာကို ဆိုလိုတာပါ။ လိုတာထက်ပိုတဲ့ စတေးမှုတွေ၊ တစ်ဖက်သတ်ပေးဆပ်မှုတွေနဲ့ ပျော်ရွှင်စေတာကို ဆိုလိုတာမဟုတ်ပါဘူး။

သင့်ကိုယ်သင်ထက် သင့်အပေါ်ကို ဘယ်သူမှပိုမကောင်းနိုင်ပါဘူး။ အာကာသထဲက ကြယ်စင်စုလေးတွေလို နေပါ။ ကြယ်လေးတွေက ရှင်သန်နေတယ်၊ တောက်ပနေတယ်၊ ပြီးတော့ မာကျောတယ်လေ။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။