ချစ်သူတွေကြားမှာ အခိုင်မြဲဆုံးအချစ်ရေးတည်ဆောက်နိုင်စေမယ့် လျှို့ဝှက်ချက်လေးများ

blank

လူတိုင်းပြောနေကျ စကားလေးလိုပါပဲ။ လောကကြီးထဲက အရာရာတိုင်းဟာ အကြောင်းနဲ့ အကျိုးညီညွှတ်စွာ ဖြစ်ပေါ်လာကြတာပါ။ အချစ်ရေးတစ်ခုတည်မြဲတယ်ဆိုတာလည်း ထိုင်နေရင်းနဲ့ အလိုလိုဖြစ်ပေါ်လာတာမဟုတ်ပါဘူး။ အချစ်ရေးခိုင်မြဲတည်တံ့စေတဲ့ လျှို့ဝှက်ချက်လေးတွေကို လိုက် နာကျင့်သုံးကြလို့ ဖြစ်ပါတယ်။ အဲ့ဒီလျှို့ဝှက်ချက်လေးတွေကို ဂန္ထဝင်ချစ်သူများအတွက် ဝေမျှပေး လိုက်ပါတယ်နော်။

၁။ ပျော်စရာအမှတ်တရတွေကို ပြန်တူးဖော်ပါ။

အချစ်ရေးဆိုတာ တသမတ်တည်းသွားတာကြာလာရင် ရိုးအီလာတတ်ပါတယ်။ အဲ့ဒီအခါ ချစ် စခင်စမှာ နှစ်ဦးသားကြားရှိခဲ့ဖူးတဲ့ ပျော်စရာအမှတ်တရလေးတွေကို ပြန်သတိရစေမယ့် အဖြစ်လေး တွေကို ဖန်တီးသင့်ပါတယ်။ ဒါမှသာ အချစ်ရေးကို အမြဲပျော်ရွှင်စွာ ရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်။

၂။ ဆန္ဒတွေကို ထုတ်ဖော်ပြောပြပါ။

အချစ်ရေးမှာ တစ်ဦးနဲ့တစ်ဦး အသေးအဖွဲဆန္ဒလေးတွေကို ထုတ်ဖော်မပြောဘဲ အလိုလိုသိဖို့ မျှော်လင့်နေတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ မျှော်လင့်နေတာကိုမသိလို့ ချစ်သူဘက်က မဖြည့် ဆည်းပေးမိတဲ့အခါ စိတ်ခုစရာ ဖြစ်လာနိုင်တဲ့အတွက် ထုတ်ဖော်ပြောဆိုသင့်ပါတယ်။

၃။ သံသယမေးခွန်းတွေကို ရှောင်ပါ။

“ ဒီနေ့ဘာလုပ်ခဲ့လဲ။ ဘယ်သူနဲ့ရှိနေတာလဲ” စတဲ့ အပျက်သဘောဆောင်တဲ့ သံသယမေးခွန်း တွေက ချစ်သူတွေကြားမှာ  စိတ်ပျက်စရာတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် “ ဒီနေ့အလုပ်ထဲမှာ စိတ်ဝင်စားစရာလေးတွေ ရှိခဲ့လား ” ဆိုတဲ့ အပြုသဘောဆောင်တဲ့စကားမျိုးတွေနဲ့ပဲ နှစ်ဦးသား ဆက်ဆံရေးကို ပိုပြီး ရင်းနှီးနွေးထွေးအောင် တည်ဆောက်သင့်ပါတယ်။

၎။ တစ်ယောက်အကြိုက်လေးတွေကို တစ်ယောက်သိအောင် ကြိုးစားပါ။

ချစ်သူရဲ့အကြိုက်၊ ရွေးချယ်မှုနဲ့ ဝါသနာတွေကိုသိထားမှသာ ချစ်သူပျော်ရွှင်အောင် ပြုလုပ် ပေးနိုင်မယ့်နည်းလမ်းလေးတွေကို သိမှာဖြစ်ပါတယ်။ ဒါကြောင့် မသိရင်တောင် တွန့်ဆုတ်မနေဘဲ မေးမြန်းလေ့လာထားသင့်ပါတယ်။

၅။ အပြန်အလှန်အသိအမှတ်ပြုပါ။

တစ်ယောက်ရဲ့အပြုအမူ၊ ခံစားမှုတွေကို လျစ်လျူမရှုဘဲ အပြန်အလှန်အသိအမှတ်ပြုပါ။ အတွေးအမြင်လေးတွေကို အချိန်ယူဆွေးနွေးတာမျိုးလည်း ပြုလုပ်ပေးသင့်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ အတူအပြင်ထွက်ချိန်လေးတွေကို ဖန်တီးပါ။

မုန့်ထွက်စားတာ၊ ရုပ်ရှင်ကြည့်တာ၊ ပန်းခြံထဲလမ်းလျှောက်တာ၊ ကစားကွင်းသွားတာမျိုးတွေ က နှစ်ဦးသားကြားမှာ စိတ်အပန်းဖြေရာကျတဲ့အတွက် အတူအပြင်ထွက်ချိန်လေးတွေကို မကြာခဏ ဖန်တီးသင့်ပါတယ်။

၇။ အပြင်က ပြဿနာတွေကို အပြင်ဘက်မှာပဲ ထားပါ။

အလုပ်ရဲ့စိတ်ဖိစီးမှုတွေက တစ်ခါတရံမှာ ချစ်သူနှစ်ဦးကြား ဆက်ဆံရေးထိခိုက်အောင် လွှမ်း မိုးတတ်ပါတယ်။ ဒါကြောင့် အလုပ်ထဲက စိတ်ဖိစီးမှုတွေကို ချစ်သူအပေါ် ဖောက်ခွဲတတ်တဲ့အကျင့်ကို မပြုလုပ်မိစေဖို့ ဂရုစိုက်သင့်ပါတယ်။

၈။ ပြဿနာတစ်ခုဖြစ်တဲ့အခါ အချိန်ယူဖြေရှင်းတဲ့အကျင့်ကို မွေးမြူပါ။

ဒေါသသိပ်ထွက်နေတဲ့အခါ စိတ်လိုက်မာန်ပါဖြေရှင်းခြင်းက အမှားအယွင်းတွေကို ပိုဖြစ်စေပါ တယ်။ ဒါကြောင့် စိတ်ဆိုးနေတဲ့အခါ နှစ်ဦးသားကြားဆက်လက်အငြင်းမပွားဘဲ အချိန်ယူပြီးမှ ပြေ လည်အောင် ပြန်ဖြေရှင်းတဲ့နည်းကို မွေးမြူထားသင့်ပါတယ်။

၉။ ခံစားမှုတွေကို ထုတ်ဖော်ပြောပါ။

ပျော်ရွှင်မှု၊ ရောင့်ရဲတင်းတိမ်မှု၊ စိတ်ပျက်မှုနဲ့ အထီးကျန်မှုတွေ စတဲ့ နက်ရှိုင်းတဲ့ခံစားချက်တွေ ကို ထုတ်ဖော်ပြောဆိုခြင်းက နှစ်ဦးသားကြားမျှဝေခံစားမှုကို တည်ဆောက်ပေးပါတယ်။ ဒါကြောင့် ခံ စားချက်တွေကို မြိုသိပ်မထားဘဲ ထုတ်ဖော်ပြောဆိုသင့်ပါတယ်။

၁ဝ။ လှိုက်လှိုက်လှဲလှဲတောင်းပန်ပါ။

အမှားအယွင်းပြုလုပ်မိတဲ့အခါ ရိုးသားစွာဝန်ခံပြီး လှိုက်လှိုက်လှဲလှဲတောင်းပန်ခြင်းက ချစ်သူ နှစ်ဦးကြားက ယုံကြည်မှုကို ပိုမိုတည်ဆောက်နိုင်ပါတယ်။ ဒါကြောင့် အမှားရှိတဲ့အခါ တောင်းပန် စကားကို လှိုက်လှိုက်လှဲလှဲပြောသင့်ပါတယ်။

ပရိသတ်ကြီးအားလုံးလည်း ရာသက်ပန်တည်မြဲတဲ့အချစ်ရေးကို ပျော်ရွှင်စွာ တည်ဆောက်နိုင် ကြပါစေရှင်။ စာစောင်လေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။