ရည်းစားဟောင်းကို ဘာကြောင့် ဘလော့သင့်တာလဲသိလား။

blank

၁။ သူဘာတွေဖြစ်နေလဲဆိုတာကို အချိန်ကုန်ခံပြီး ကိုယ့်ဘက်ကစပ်မစုမိအောင်လို့

၂။ ကိုယ်ဘာတွေလုပ်နေတယ်ဆိုတာကို သူမသိအောင်လို့

၃။ သူ့ရဲ့ အီစီကလီဇယားအသစ်တွေရဲ့အကြောင်းကို မစပ်စုမိအောင်လို့

၎။ သံယောဇဉ်သေးသေးလေးကို တစ်မျှင်မှမကျန်အောင် ဖြတ်ပစ်နိုင်ဖို့

၅။ သူတင်တဲ့ပုံ၊ သူတင်တဲ့စာတွေပြန်မြင်ပြီး အရင်ကအမှတ်တရတွေကို ပြန်သတိမရအောင်လို့၊ ပြန်မခံစားတော့အောင်လို့

၆။ ကိုယ့်ကိုယ်ကို ပြန်လည်ကုစားဖို့ အချိန်ယူနိုင်အောင်လို့

၇။ အတိတ်ကို အတိတ်မှာပဲ ထားခဲ့နိုင်အောင်လို့

၈။ ရှေ့ဆက်ပြီး လျှောက်လှမ်းနိုင်အောင်လို့

ကဲ… အခုပဲ ရည်းစားဟောင်းရဲ့ account ကို ဘလော့လိုက်ပါတော့နော်။ Viber မှာရော၊ Facebook မှာရော၊ Instagram မှာရောပေါ့။

ရည်းစားဟောင်းကို သံယောဇဉ်မပြတ်နိုင်ဖြစ်နေသေးသူတွေကို mention ခေါ်လိုက်ပါဦးနော်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။