မိဘတွေကွာရှင်းခဲ့တိုင်း ကိုယ့်အချစ်ရေးကလည်း ခါးသီးမယ်လို့ မထင်ပါနဲ့။

blank

သင်က ကွာရှင်းပြတ်စဲခဲ့တဲ့ မိဘတွေရဲ့အိမ်ထောင်ရေးမှာ မြေစာပင်အဖြစ် ကြီးပြင်းခဲ့သူတစ် ဦးလား။ အချစ်ရေးကို လုံးဝယုံကြည်မှုမရှိတော့ဘူးလား။ သင့်အလှည့်မှာလည်း ဒီလိုအချစ်မျိုးနဲ့ပဲ ကြုံ တွေ့ရမှာကို တွေးပူနေသလား။ ဒီလိုဆိုရင်တော့ အိမ်ထောင်ကျိုးမှာ ကြီးပြင်းခဲ့ပေမဲ့ သင်ခန်းစာယူ တတ်ရင် အချစ်ရေးတိုင်းကလည်း မခါးသီးဘူးဆိုတာကို တွေးမြင်မိစေမယ့် အကြံပြုချက်လေးတွေကို ဖတ်ကြည့်လိုက်ပါဦးနော်။

၁။ လမ်းခွဲပြတ်စဲပြီးနောက်မှာ သင့်မိဘတွေက အချစ်သစ်ကိုယ်စီရှာတာကို သင်မြင်တွေ့ခဲ့ရတယ်။ ဒါကြောင့် အချစ်တစ်ခုအဆင်မပြေဘဲ အဆုံးသတ်သွားတဲ့အခါ နောက်ထပ်အချစ်သစ်ရှိနိုင်သေးတယ် ဆိုတာကို နားလည်လိုက်ရတယ်။ ဒါဟာ ဘဝရဲ့မျှော်လင့်ချက်ကို တည်ဆောက်ပေးတာဖြစ်ပါတယ်။

၂။ သင့်မိဘတွေကွာရှင်းပြတ်စဲတာက နာကျင်စရာကောင်းတာမှန်ပါတယ်။ ဒါပေမဲ့ ဒါဟာ သင့်ဘဝရဲ့ ရင့်ကျက်ကြံ့ခိုင်မှုကို တည်ဆောက်ပေးလိုက်တာနဲ့တူပါတယ်။ ဘဝမှာ နာကျင်စရာအချစ်နဲ့ တွေ့တဲ့ အခါမှာတောင် သင့်မှာရင်ဆိုင်ကျော်ဖြတ်ရဲတဲ့ သတ္တိရှိသွားစေပါတယ်။

၃။ အချစ်ရေးမှာ ကြုံတတ်တဲ့ပြဿနာတွေကို မျက်မြင်ကိုယ်တွေ့ကြုံဖူးခဲ့တဲ့အတွက် အချစ်နဲ့တွေ့ဆုံ တဲ့အခါ သင့်နှလုံးသားကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာကို နားလည်ခဲ့ရတယ်။

၎။ တစ်စုံတစ်ယောက်ကို သိပ်ချစ်မိသွားတဲ့အခါ နှလုံးသားရေးရာနဲ့ပတ်သက်ရင် လိမ္မာပါးနပ်ပြီး စိတ် ရှည်ရှည်ထားရမယ်ဆိုတာကို သိမြင်သွားတယ်။

၅။ အဆင်မပြေခဲ့တဲ့အတိတ်ထက် လက်ရှိပစ္စုပ္ပန်ကာလမှာ သစ္စာထားဖို့ ပိုအရေးကြီးတာကို နားလည် လာတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ ပြဿနာတစ်ခုကို အနှုတ်လက္ခဏာအနေနဲ့လည်း တစ်ဖက်သတ်မြင်မနေတော့ဘဲ နှစ်ဖက်မျှပြီး အ ပြုသဘောဆန်ဆန်ကြည့်မြင်တတ်သွားတယ်။

၇။ လောကကြီးမှာ အရာအားလုံးအဆင်ပြေနေတာမဟုတ်တာကြောင့် အဆိုးဆုံးအခြေအနေတွေ အ တွက်လည်း ပြင်ဆင်တတ်လာတယ်။

၈။ နှလုံးသားကို အထိမနာအောင် ဘယ်လိုကာကွယ်ရမလဲဆိုတာကို သိလာတယ်။

၉။ တစ်ကြိမ်ကျဆုံးတာဟာ ဘဝကိုလက်လျှော့ဖို့မဟုတ်ဘဲ သင်ခန်းစာယူပြီး ပိုမိုကောင်းမွန်အောင် တည်ဆောက်ဖို့ဆိုတာ နားလည်လာတယ်။

၁ဝ။ အကြောက်တရားနဲ့ နှလုံးသားတံခါးကို ပိတ်ထားတာ ထက်   တကယ်ချစ်တဲ့သူနဲ့ ဘဝကို အတူရင် ဆိုင်ဖြတ်သန်းရခြင်းရဲ့ အဓိပ္ပာယ်ကိုပိုတန်ဖိုးထားတတ်လာတယ်။

စိတ်ဓာတ်ခွန်အားတွေကို မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။