အချစ်ရေးတစ်ခုမှာ အသက်ကွာခြားခြင်းက အရေးပါသလား။

ကိုယ့်ထက် အသက်ငယ်တဲ့သူတစ်ယောက်နဲ့ လက်တွဲချင်တယ်လို့ စိတ်ထဲရှိခဲ့ဖူးလား။ ကိုယ့်ထက်ငယ်တဲ့သူတစ်ယောက်နဲ့ တွဲရတာဟာ အရမ်းပျော်စရာကောင်းမယ်လို့ ထင်ခဲ့မိဖူးလား။ လေ့လာတွေ့ရှိချက်တွေအရတော့ အသက်ကွာခြားချက်များလေလေ လမ်းခွဲဖို့ ရာနှုန်းများလေလေပါတဲ့။

ရွယ်တူချင်း လက်ထပ်သူတွေနဲ့ နှိုင်းယှဉ်ကြည့်ကြတဲ့အခါ လေ့လာတွေ့ရှိချက်တွေအရ အိမ်ထောင်သည်တွေကြားမှာ အသက်တစ်နှစ်ကွာခြားခြင်းက ကွာရှင်းဖို့ရာနှုန်းကို ၃ ရာခိုင်နှုန်းမြင့်တက်စေနိုင်ပါတယ်။ အသက်ငါးနှစ်ကွာခြားခြင်းက လမ်းခွဲစေဖို့ ၁၈ ရာခိုင်နှုန်းတိုးမြှင့်စေနိုင်ပြီး အသက်ဆယ်နှစ်ကွာခြားခြင်းကတော့ လမ်းခွဲဖို့ရာခိုင်နှုန်း ၃၉ ရာခိုင်နှုန်းတောင် ရှိပါတယ်တဲ့။ ဒါကြောင့် အချစ်ရေးတွေမှာ အသက်ကွာခြားခြင်းက အရေးပါသလားဆိုရင် ပါတယ်လို့ ဆိုရမှာပါပဲ။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးတာဆိုပေမယ့် ဘဝအတွက် အသင့်တော်ဆုံး လူတစ်ယောက်ကို ရွေးချယ်ချင်တယ်ဆိုရင်တော့ ဒီအချက်လေးတွေကို သေချာထည့်စဉ်းစားပေးပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

လေ့လာတွေ့ရှိချက်တွေအရ အမျိုးသားတွေဟာ ကိုယ့်ထက် အသက်ငယ်တဲ့အမျိုးသမီးတွေကို ကြိုက်တတ်ကြပေမယ့် အမျိုးသမီးတွေကတော့ ရွယ်တူကို ပိုကြိုက်တတ်လေ့ရှိကြပါတယ်။ အသက်ငယ်လေလေ ပိုသဘောကျစရာကောင်းလေလေ ဆိုတဲ့အချက်ဟာ တကယ်တော့ မမှန်ပါဘူး။ အမျိုးသားတွေအတွက်တော့ မှန်တယ်လို့ထင်စရာရှိပေမယ့် ကြာရှည်လက်တွဲနိုင်ဖို့တော့ တော်တော်ခဲယဉ်းပါလိမ့်မယ်။

တကယ်တော့ ရွယ်တူဖြစ်နေတယ်ဆိုရင်တောင်မှ ပျော်ရွှင်စရာကောင်းလွန်းတဲ့ အချစ်ရေးတစ်ခုပိုင်ဆိုင်ရမယ်လို့ အာမခံချက်မပေးနိုင်ပါဘူး။ ဒါ့အပြင် အသက်ကွာခြားလွန်းခြင်းက အကြိုက်တွေကို ကွဲပြားစေတတ်ပါတယ်။ အကြိုက်တူညီခြင်းက သူစိမ်းတွေကိုတောင်မှ အတော်ရင်းနှီးသွားစေတတ်သလို အကြိုက်တွေ ကွဲပြားခြင်းကလည်း ချစ်သူတွေကိုတောင်မှ လမ်းခွဲစေနိုင်ပါတယ်လို့ လေ့လာတွေ့ရှိချက်တွေက ဆိုပါတယ်။

ဒီလိုပြောလို့ လမ်းခွဲရမှာ စိုးရိမ်ပြီး ကိုယ်သဘောမကျဘဲ သဘောကျတယ်တို့၊ သဘောကျရဲ့သားနဲ့ မကြိုက်ဟန်ဆောင်တာမျိုးတွေတော့ မလုပ်ပါနဲ့နော်။ ကိုယ်ကြိုက်တဲ့ ဇာတ်လမ်းတွေ၊ ရုပ်မြင်သံကြားအစီအစဉ်တွေနဲ့ ပတ်သက်ပြီး ရိုးသားမှုရှိပါ။ ပွင့်ပွင့်လင်းလင်းပြောပါ။ အခုခေတ်စားနေလို့တို့၊ သူ ကြိုက်လို့ လိုက်ကြိုက်တယ်တို့ စတာမျိုးတွေ ဘယ်တော့မှ မပြောပါနဲ့။ အသက်ကိုလည်း ဘယ်တော့မှ မလိမ်ပါနဲ့။ မရိုးသားခြင်းက အသက်ကွာခြားခြင်းထက် လမ်းခွဲမှုကို ပိုဖြစ်စေနိုင်ပါတယ်နော်။

စာချစ်သူတို့ရော ဒီလေ့လာတွေ့ရှိချက်လေးအပေါ် ဘယ်လိုသဘောရမိတယ်ဆိုတာ comment box မှာမျှဝေပေးသွားပါဦးနော်။