သားသမီးမယူခင် ကြိုတင်ပြင်ဆင်ထားသင့်တဲ့အချက်လေးတွေ…

၁။ ကိုယ်ပိုင်စဉ်းစားဆုံးဖြတ်ပါ။

တချို့တွေက အသက်ကြီးလာတဲ့အခါ ကျောထောက်နောက်ခံသားသမီးမရှိမှာ ပူပန်ကြပါ တယ်။ အဲ့ဒီလို ဘေးစကားတွေကြောင့်မဟုတ်ဘဲ မိမိတို့ ကိုယ်ပိုင်ဆန္ဒကို ဆန်းစစ်ပြီးမှသာ ကလေး ယူဖို့ ဆုံးဖြတ်သင့်ပါတယ်။

၂။ မိဘဖြစ်ဖို့ လုံလောက်တဲ့ရင့်ကျက်မှုရှိလားဆိုတာ ဆန်းစစ်ပါ။

ကလေးတစ်ယောက် အရွယ်ရောက်ကြီးပြင်းလာအောင် ပြုစုပျိုးထောင်ရတဲ့အလုပ်က မလွယ် ကူပါဘူး။ ဒါကြောင့် တာဝန်ယူနိုင်စွမ်းရှိတာသေချာမှ ကလေးယူသင့်ပါတယ်။

၃။ ကလေးအတွက် လိုအပ်တဲ့ဂရုစိုက်မှုတွေပေးနိုင်လား တွေးပါ။

ကလေးတစ်ယောက်မွေးဖွားပြီးနောက်မှာ ကုန်ကျစရိတ်တွေက ဘယ်လောက်ကြီးမားတယ်ဆို တာ မိဘတွေသိကြပါတယ်။ ဒါကြောင့် ရေရှည်မှာ စိတ်မမောရအောင် ငွေကြေးကို ကြိုတင်ချွေတာစု ဆောင်းပြီးမှ ကလေးယူသင့်ပါတယ်။

၎။ ကိုယ်ဝန်ဆောင်ဒုက္ခတွေကို ရင်ဆိုင်ရဲတဲ့သတ္တိမွေးပါ။

ကိုယ်ဝန်ဆောင်စဉ်ကာလ ရင်ဆိုင်ရတဲ့အခြေအနေတွေက မလွယ်ကူပါဘူး။ အဲ့ဒီအပေါ် စိုး ရိမ်ပူပန်မှုတွေ အရင်လျှော့ချထားပြီးမှ ကလေးယူသင့်ပါတယ်။

၅။ ကလေးယူဖို့ ဇနီးမောင်နှံ သဘောတူညီမှုအရင်ယူပါ။

ခိုင်မြဲတဲ့ပေါင်းသင်းဆက်ဆံရေးဖြစ်ဖို့ အပြန်အလှန်ရိုးသားမှု၊ လေးစားမှုတွေ လိုအပ်ပါတယ်။ အနာဂတ်မှာ အငြင်းမပွားရအောင် ကလေးမယူခင်မှာ နှစ်ဦးသဘောတူညီမှု အရင်ယူသင့်ပါတယ်။

၆။ ကလေးရဲ့အကောင်းအဆိုးတွေကို လက်ခံရင်ဆိုင်ဖို့ ပြင်ဆင်ထားပါ။

မိဘတိုင်းကတော့ မွေးဖွားလာမယ့်ကလေးနဲ့ပတ်သက်ပြီး ပျော်ရွှင်စရာတွေချည်းပဲ မျှော်လင့် တတ်ကြပါတယ်။ ဒါပေမဲ့ လောကကြီးမှာ အကောင်းအဆိုးဆိုတာ ဒွန်တွဲနေတဲ့အတွက် အရာရာကို လက်ခံရင်ဆိုင်နိုင်ဖို့ အဆင်သင့်ရှိပြီဆိုမှ ကလေးယူသင့်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၇။ ကိုယ့်တာဝန်ယူနိုင်စွမ်းကို ကိုယ်တိုင်ဆုံးဖြတ်ပါ။

ကလေးယူဖို့ တခြားမိသားစုတွေနဲ့ နှိုင်းယှဉ်နေစရာမလိုပါဘူး။ ကိုယ့်တာဝန်ယူနိုင်စွမ်းကို ကိုယ်နားလည်ရင် ကလေးယူနိုင်ပါတယ်။

၈။ ကိုယ်ပိုင်အစွမ်းအစကို ယုံကြည်မှုရှိပါ။

လုံးဝပြည့်စုံတဲ့မိဘဆိုတာ မရှိပါဘူး။ ဒါပေမဲ့ စစ်မရောက်ခင်မှာတော့ မြားမကုန်ပါနဲ့။ အားနည်း ချက်တွေနေရာမှာ အားသာချက်တွေနဲ့ ဖြည့်စွက်ပြီး အကောင်းဆုံးကြိုးစားမယ်ဆိုတဲ့စိတ်နဲ့သာ က လေးယူသင့်ပါတယ်။

၉။ မွေးဖွားလာမယ့်ကလေးအပေါ် မျှော်လင့်ချက်အားလုံးစုပုံထားတာမျိုးရှောင်ပါ။

မိဘတိုင်းမှာတော့ သားသမီးတွေအတွက် အနာဂတ်အိပ်မက်တွေရှိကြတာပါပဲ။ ဒါပေမဲ့ မွေးဖွားမလာသေးတဲ့ကလေးက လူကြီးတွေဖြစ်စေချင်တဲ့အတိုင်း သေချာပေါက်ဖြစ်မလာနိုင်တာကို ကြိုတွက်ထားသင့်ပါတယ်။ ကလေးက ဘယ်လိုပုံစံမျိုးနဲ့ပဲ မွေးဖွားလာပေါ၊ လက်ခံပြီး ချစ်နိုင်မှသာ သားသမီးယူသင့်ပါတယ်။

၁ဝ။ ဇနီးမောင်နှံကြားက ပြဿနာတွေကို ဖြေရှင်းဖို့ သားသမီးယူတာမျိုး ရှောင်ပါ။

တချို့တွေက စိတ်ပျက်စရာအိမ်ထောင်ရေးအခြေအနေကို ပြောင်းလဲပစ်ချင်တာကြောင့် သား သမီးယူချင်ကြပါတယ်။ တကယ်တော့ ကလေးဆိုတာ ပြဿနာတွေဖြေရှင်းဖို့ ရောက်လာတဲ့ ငြိမ်းချမ်း ရေးတမာန်တော်တွေမဟုတ်ပါဘူး။ ဒါပေမဲ့ ကလေးတိုင်းက ပျော်ရွှင်စွာကြီးပြင်းခွင့်နဲ့ ထိုက်တန်တာ ကြောင့် မွေးဖွားလာတဲ့ကလေးကို ပျော်ရွှင်တဲ့မိသားစုဘဝလေးပေးဖို့ အဆင်သင့် ဖြစ်ပြီဆိုမှ ကလေး ယူသင့်ပါတယ်။

စာစောင်လေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။