ဇနီးမောင်နှံတွေ ကွာရှင်းရလောက်အောင်အထိ အချစ်တွေကိုလျော့သွားစေတာ ဒါတွေကြောင့်ပါ။

blank
၁။ မဖြစ်နိုင်တာတွေကို မျှော်လင့်ခြင်း

မျှော်လင့်ချက်တွေဆိုတာ ဘဝအတွက် ရှိထားသင့်ပေမဲ့ ကိုယ့်အိမ်ထောင်ဖက်အပေါ် မဖြစ်နိုင်တဲ့ မျှော်လင့်ချက်အကြီးကြီးတွေ ထားတာဟာ ဇနီးမောင်နှံနှစ်ဦးစလုံးအတွက် ထိခိုက်နစ်နာစေပါတယ်။ ကိုယ်မှန်းထားသလို ဖြစ်မလာရင် အချစ်တွေလျော့ပြီး စိတ်ကုန်လွယ်တတ်ပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက်အပေါ်မှာ ဖြစ်နိုင်လောက်တဲ့ မျှော်လင့်ချက်ပဲထားပါ။

၂။ ပြဿနာတွေနဲ့ မကျေနပ်ချက်တွေကို မျိုသိပ်ထားခြင်း

လင်မယားချင်း ရန်ဖြစ်မှာစိုးလို့ ပြဿနာတွေ၊ မကျေနပ်ချက်တွေ၊ သံသယစိတ်တွေ၊ ပြောစရာစကားတွေကို မျိုသိပ်တတ်ကြပါတယ်။ ဒါဟာ ခဏအတွက်တော့ ပြဿနာကိုရှောင်နိုင်ပြီး စိတ်အေးရပေမဲ့ မျိုသိပ်ပါများလာတဲ့အခါ စိတ်နှလုံးကို ထိခိုက်စေပါတယ်။ ဒီလိုနဲ့ မခံမရပ်နိုင်တော့တဲ့အဆုံး “အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်” ဖြစ်ကြတော့တာပေါ့။ ဒါကြောင့် မကျေနပ်တာတွေ၊ သံသယတွေရှိနေရင် ဖွင့်ပြောပြီး ရှင်းစရာရှိတာရှင်းပါ။ ပြီးရင် အဲဒီပြဿနာတွေ၊ သံသယစိတ်တွေကို မေ့ပစ်လိုက်ပါ။ ဒါမှ အိမ်ထောင်ရေးခိုင်မြဲမှာဖြစ်ပါတယ်။

၃။ ဆက်ဆံရေးမကောင်းခြင်း

လေ့လာာတွေ့ရှိချက်တွေအရ တစ်ဦးတည်းသောသားသမီးတွေ၊ အပေါင်းအသင်းနည်းတဲ့သူတွေက အိမ်ထောင်ရေးမတည်မြဲတာပိုများတယ်လို့ သိရပါတယ်။ စာနာနားလည်မှုတွေ၊ မျှဝေမှုတွေ၊ ကြင်နာမှုတွေမရှိတာနဲ့ ဆက်ဆံရေးမကောင်းခြင်းတွေကလည်း အိမ်ထောင်ရေးကိုကောင်းကောင်း မထိန်းသိမ်းနိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အိမ်ထောင်ရေးကို ကောင်းကောင်းထိန်းသိမ်းချင်ရင် အခြေခံလူမှုဆက်ဆံနည်းလေးတွေကို တတ်ကျွမ်းသင့်တယ်လို့ ထင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ နားထောင်ပေးချင်စိတ်မရှိခြင်း

တစ်ယောက်စကားကို တစ်ယောက်က ကောင်းကောင်းနားထောင်မပေးနိုင်တာကလည်း အိမ်ထောင်ရေးကို ပျက်ပြားစေတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ နားထောင်ပေးရာမှာလည်း နားနဲ့ကြားရုံတင်မဟုတ်ဘဲ ပြောသမျှစကားတိုင်းကို စိတ်ပါဝင်စားစွာ နားထောင်ပေးပြီး အကြံပေးသင့်တာပေး၊ နာခံသင့်တာနာခံ၊ ပြုပြင်သင့်တာလေးတွေ ပြုပြင်သင့်ပါတယ်။

၅။ Social Network တွေကို အသုံးများလွန်းခြင်း

အခုရက်ပိုင်းမှာ Facebook၊ Instagram စတဲ့ လူမှုကွန်ရက်တွေရဲ့ ပယောဂတွေကြောင့် အိမ်ထောင်ရေးတွေ ပျက်ပြားရတာကို တွေ့နေရပါတယ်။ အိမ်ထောင်ရေးဖောက်ပြန်မှုတွေကလည်း လူမှုကွန်ရက်တွေမှာ လွယ်လွယ်ဖြစ်ပေါ်နေကြပါတယ်။ လူမှုကွန်ရက်တွေကြောင့် အိမ်ထောင်ရေးမထိခိုက်ရအောင် စည်းလေးထားပြီး ဆင်ဆင်ခြင်ခြင် သုံးသင့်ပါတယ်။

၆။ ငွေကြေးပြဿနာကြောင့် ငြင်းခုံခြင်း

ငွေရေးကြေးရေးပြဿနာကြောင့် မကြာခဏရန်ဖြစ်ကြတဲ့ ဇနီးမောင်နှံတွေက ပိုပြီးတော့ ကွာရှင်းတတ်ကြတာကို တွေ့ရပါတယ်။ ဝင်ငွေများတဲ့ အိမ်ထောင်ရေးတွေမှာတောင် ငွေကြေးဆိုင်ရာပြဿနာကြောင့် ငြင်းခုံရန်ဖြစ်တာတွေ ရှိနေတတ်ပါတယ်။ ဒါကြောင့် ငွေရေးကြေးရေးပြဿနာမဖြစ်အောင်၊ ဖြစ်လာရင်လည်း အကောင်းဆုံးဖြေရှင်းနိုင်အောင် ကြိုးစားသင့်ပါတယ်။

၇။ အမျှော်အမြင်ဉာဏ်နည်းပါးခြင်း

အတန်းပညာတတ်တာ၊ မတတ်တာနဲ့ မဆိုင်ပါဘူး။ အမျှော်အမြင်နဲ့ ဆင်ခြင်တုံတရားမရှိသူတွေ၊ ကျိုးကြောင်းဆီလျှော်အောင် မစဉ်းစားတတ်သူတွေက ပိုပြီးတော့ ကွာရှင်းတတ်ကြပါတယ်။ ပညာသားပါပါတဲ့ ကောင်းကောင်း ထိန်းချုပ်ကိုင်တွယ်နိုင်မှ အိမ်ထောင်တစ်ခုဟာ သာယာခိုင်မြဲနိုင်မှာပါ။

သင့်ရဲ့ ထင်မြင်ချက်လေးတွေကို comment box မှာ ဝေမျှပေးသွားပါဦးနော်။