ညီမလေးသို့ အချစ်စစ်ကို ရပါစေကြောင်း သဝဏ်လွှာ

ညီမလေးရေ…။

စကားလုံးအရ အချစ်လို့ခေါ်ရတဲ့ အရာတစ်ခုမဟုတ်ဘဲ အချစ်လို့ခေါ်ထိုက်တဲ့ ခံစားမှုတစ်ခုကို ညီမလေးရပါစေ။

နံနက်ခင်းရဲ့ နေရောင်ခြည်တွေမှာ ချစ်ခြင်းတွေကို ရှာတွေ့ပါစေ။ နေရာအသစ်တွေရဲ့ ရနံ့တွေကို ညီမလေးချစ်တတ်ပါစေ။

သူငယ်ချင်းတွေနဲ့ ရယ်မောပျော်ရွှင်နေတဲ့အခါ ညီမလေးဂရုစိုက်တဲ့ သူတွေအနားမှာ ရှိနေတဲ့အခါ ရတဲ့ ခံစားမှုလေးကို ညီမလေးချစ်တတ်ပါစေ။ ညီမလေးချစ်တဲ့သူတွေကို ပွေ့ဖက်တဲ့အခါ ညီမလေးခံစားရတဲ့ လှိုက်မောခြင်းတွေကို ညီမလေးချစ်တတ်ပါစေ။ ညီမလေးကြိုက်တဲ့ သီချင်းတွေကို နားထောင်တဲ့ရတဲ့ ကြည်နူးမှု၊ အသစ်တွေသင်ယူတဲ့အခါ ရတဲ့ စိတ်လှုပ်ရှားမှုတွေကို ညီမလေးချစ်မြတ်နိုးတတ်ပါစေ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ညီမလေးကြုံတွေ့ရမယ့် အခက်အခဲတွေ၊ ရင်ဆိုင်ရတဲ့ အပြောင်းအလဲတွေ၊ ညီမလေး လုပ်မိတဲ့ အမှားတွေ၊ ညီမလေးဖြစ်ချင်တာတွေကို အကောင်အထည်ဖော်နိုင်တဲ့အခါ ရတဲ့ ပျော်ရွှင်မှုတွေ အားလုံးကို ချစ်တတ်ပါစေ။ နာကျင်ခြင်းတွေကြောင့် ပိုပြီးရင့်ကျက်လာခဲ့တဲ့၊ ပိုပြီးသန်မာလာခဲ့တဲ့ ပစ္စုပ္ပန်အချိန်တွေကို ချစ်တတ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အချစ်ဆိုတာ မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို ချစ်မြတ်နိုးမှုတစ်ခုတည်းသာ မဟုတ်ပါဘူး။ ညီမလေးရဲ့ နှလုံးသားကိုသယ်ဆောင်ထားတဲ့ ညီမလေးကိုယ် ညီမလေးချစ်မြတ်နိုးခြင်းကလည်း အချစ်စစ်ပါပဲ။  ညီမလေးတစ်ယောက် ကိုယ့်ကိုယ်ကိုယ်အချစ်စစ်နဲ့ ချစ်မြတ်နိုးနိုင်ပါစေ။