အချစ်ဆီဦးတည်နေတဲ့လှေကားထစ် ၇ ထစ်မှာ သင်ရပ်နေတာက ဘယ်နေရာလဲ။

blank

၁။ Crush အဆင့်

ဒါဟာ အချစ်ရေးတစ်ခုဆီဦးတည်နေတဲ့၊ ဒါမှမဟုတ် ဦးတည်သွားမယ်လို့လည်း ပြောလို့မရနိုင် သေးတဲ့ အဆင့်ပါ။ တစ်စုံတစ်ယောက်ဘာလုပ်လုပ် သင့်မျက်စိထဲချစ်စရာကောင်းနေ၊ ချိုမြိန်နေတယ် ဆိုရင်၊ သူ့ကိုမြင်တွေ့နေရတာ သင့်အတွက် နွေးထွေးတဲ့ခံစားမှုလေးဖြစ်ပေါ်နေပြီဆိုရင် သင်ရောက် နေတာဟာ သူ့ကိုကြိတ်ပြီးသဘောကျနေတဲ့ crush အဆင့်ပါ။

၂။ စပြီးဆက်သွယ်ကြည့်တဲ့အဆင့်

သူ့ဘက်ကစိတ်ဝင်စားမှာမဟုတ်ဘူးထင်ရင်တောင် ဘာပဲဖြစ်ဖြစ် သင့်ဘက်ကတော့ စပြီး ဆက်သွယ်ကြည့်လိုက်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ သူပြန်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သင့်အချစ်ကိုတော့ သူသိအောင်ပြမယ်ဆိုတဲ့အဆင့်ဆိုရင်တော့ သင်ရောက်နေတာ နံပါတ် ၂ အဆင့် ပေါ့။

၃။ အပြန်အလှန်အသိအမှတ်ပြုမိလာတဲ့အဆင့်

ဒီအဆင့်ကတော့ ရင်ခုန်စရာ၊ စိတ်လှုပ်ရှားစရာအကောင်းဆုံးအဆင့်ပါပဲ။ သင့်ချဉ်းကပ်လာမှု ကို သူကလည်း လိုလားတယ်ဆိုရင်တော့ ပျော်စရာအကောင်းဆုံးပေါ့။ သင်နဲ့အဖြစ်ချင်းတူနေပြီဆို ရင်တော့ သင်ရောက်နေတာ နံပါတ် ၃ အဆင့်ပေါ့။

၎။ အချစ်ကို ထုတ်ဖော်ပြသတဲ့အဆင့်

နှစ်ဦးသားကြားမှာရှိနေတဲ့ လေးနက်မှုလေးတစ်ခုကို  ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြတဲ့ အဆင့် ပါ။ သူကလည်း သင့်ကိုတုံ့ပြန်ရင်တော့ ပျော်စရာအကောင်းဆုံးအဆင့်ပါပဲ။ သင်တို့ကြားမှာ ထပ်တူကျတဲ့နားလည်မှုလေးတွေကိုလည်း တည်ဆောက်နိုင်လိမ့်မယ်။ သင်ရောက်နေတာ ဒီအဆင့်ဆိုရင်တော့ နံပါတ် ၄ ပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ အနာဂတ်အတွက် အတူအစီအစဉ်ဆွဲတဲ့အဆင့်

ချစ်သူစုံတွဲတွေဖြစ်လာပြီဆိုတဲ့နောက်တော့ အတူလက်တွဲမယ့်အနာဂတ်အတွက်လည်း အစီအစဉ်လေးတွေ ဆွဲကြပါပြီ။ သူနဲ့ကိုယ်မဟုတ်တော့ပဲ “ တို့တွေအတွက်” ဆိုတာမျိုးဖြစ်လာပြီလေ။ သင်က ဒီအဆင့်ရောက်နေပြီဆိုရင်တော့ နံပါတ် ၅ ပေါ့။

၆။ လက်ထပ်တဲ့အဆင့်

တစ်ဦးနဲ့တစ်ဦး အကောင်းအဆိုးတွေကို လက်ခံကြည်ဖြူပါမယ်လို့ ဆုံးဖြတ်ပြီးချိန်မှာ ဖြစ်ပေါ် လာတာက လက်ထပ်ခြင်းပေါ့။ ဒါက ချစ်သူဘဝရဲ့ပန်းတိုင်လည်းဖြစ်တယ်လေ။ သင်တို့ဟာ နှစ် ယောက်ပေါင်းမှ တစ်ဘဝဖြစ်ခဲ့ကြပါပြီ။ သင်က ဒီအဆင့်ဆို နံပါတ် ၆ ပေါ့။

၇။ မျှဝေခံစားဖော်အဆင့်

ဒီအဆင့်ကတော့ ချစ်ခြင်းရဲ့အနှစ်သာရအပြည့်ဝဆုံးအဆင့်ပါပဲ။ တစ်ယောက်နဲ့တစ်ယောက် အချစ်တွေ၊ သံယောဇဉ်တွေအပြင် ကြုံလာသမျှအကောင်းအဆိုးတွေကို အတူတူရင်ဆိုင်ဖြေရှင်းရင်း မျှဝေခံစားဖော်၊ ဘဝအဖော်တွေဖြစ်လာတဲ့အဆင့်ပေါ့။ ဒီခိုင်မြဲမှုတွေနဲ့ပဲ သက်ဆုံးတိုင်အတူရှိသွားကြရ တော့မှာပါ။ သင်က ဒီအဆင့်ဆိုရင်တော့ သင့်မှာ လေးနက်လှပတဲ့ဘဝအဓိပ္ပာယ်လေးကို ပိုင်ဆိုင်ထား ပါပြီလို့ ပြောပါရစေနော်။

ကဲ… သင်တို့ကော အချစ်ရဲ့ဘယ်အဆင့်လေးမှာ ရောက်နေလဲ။ comment box မှာ ရေးခဲ့ပါဦးနော်။