တာဝန်သိပြီး တာဝန်ယူတတ်တဲ့သားသမီးတွေဖြစ်အောင် ဘယ်လိုပြုစုပျိုးထောင်မလဲ။

           တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာ လောကဝန်းကျင်ထဲရှင်သန်နေကြရတဲ့ လူသားအားလုံးနဲ့အတူ ယှဉ်တွဲနေအပ်တဲ့အရာပါ။ တာဝန်ယူတတ်တဲ့လူတွေများလာရင် ကမ္ဘာကြီးကလည်း အခုထက်ပိုပြီး ငြိမ်းချမ်းလာမှာ အမှန်ပါပဲ။ အဲ့ဒီလိုတာဝန်ယူတတ်တဲ့မျိုးဆက်သစ်လေးတွေဖြစ်လာဖို့ မိဘတွေ အတွက် နည်းလမ်းလေးတချို့ကို ကျွန်မတို့ မျှဝေပေးပါရစေနော်။

၁။ ငယ်ငယ်လေးကတည်းက သင်ပေးပါ။

ဘယ်အပြုအမူအဆို အရိုးစွဲဖို့ဆိုရင် ငယ်ကတည်းက စသင်ပေးတာ အကောင်းဆုံးပါပဲ။ အရွယ် ရောက်လာချိန်အထိစောင့်နေမယ်ဆိုရင် ဆင်ခြေဆင်လက်တွေနဲ့ စောဒကတက်နိုင်တာကြောင့် သင်ပေး ရတာခက်ပါတယ်။ ဒါကြောင့် ကောင်းတဲ့အပြုအမူတွေကို ငယ်ငယ်လေးကတည်းက သင်ပေးထားလိုက်ပါနော်။

၂။ တာဝန်ယူတတ်တဲ့အပြုအမူလေးတွေတွေ့ရင် လှိုက်လှိုက်လှဲလှဲ ချီးကျူးပေးပါ။

တစ်ခုခုနဲ့ပတ်သက်ပြီး သူတို့တာဝန်ယူဖို့ အားထုတ်နေတာတွေ့တဲ့အခါ မသိယောင်ဆောင် မနေပါနဲ့။ အခုတ်တရနဲ့ ချီးကျူးစကားလေးတွေ၊ ကျေးဇူးတင်စကားလေးတွေ လေးလေးနက်နက်ပြောပေးပါ။ ကလေး တွေအနေနဲ့ တာဝန်ယူတတ်သူဖြစ်အောင် ပိုအားထုတ်လာမှာပါ။

၃။ မိဘတွေကို ကူညီတဲ့အခါ ခွင့်ပြုပေးပါ။

ဒီအချက်လေးက နည်းနည်းတော့ စိတ်ရှည်ပေးရပါမယ်။ ဒါပေမဲ့ မိဘတွေချက်ပြုတ်တဲ့အခါ၊ သန့်ရှင်းရေးလုပ်နေတဲ့အခါ၊ အိမ်အလုပ်တွေလုပ်နေတဲ့အခါ သူတို့ကူညီချင်တာကို ခွင့်ပြုပေးပါ။ သူတို့တတ်နိုင် သမျှ အင်အားလေးနဲ့ ကြိုးစားပန်းစားလုပ်တာကို စိတ်ရှည်ပေးပါ။ ကလေးတွေရဲ့သဘော သဘာဝက သူတစ်ဖက်သားကို အကူအညီပေးရတာကို ကြိုက်ကြပါတယ်။ အဲ့ဒီခံစားချက်က သူတို့အတွက် အကြီးကြီးပါပဲ။ ဒီနည်းလမ်းလေးက သူတို့ဘဝမှာ တာဝန်ယူတတ်သူတွေဖြစ်စေဖို့ အကောင်းဆုံး အထောက်အပံ့ပေးသွားမှာပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ နေ့စဉ်လုပ်ငန်းတာဝန်လေးတွေ ချမှတ်ထားပေးပါ။

သူတို့အတွက် တစ်နေ့တာလုပ်ရမယ့် အလုပ်လေးတွေကို စီစဉ်ထားပေးပါ။ မိုးလင်းလာတာနဲ့ အိပ်ရာသိမ်းရမယ်။ အဝတ်လဲရမယ်။ မနက်စာစားရမယ်။ ပန်းကန်ဆေးရမယ်။ သွားတိုက်ရမယ်။ တီဗွီမကြည့်ခင်၊ စာအုပ်မဖတ်ခင်၊ ဂိမ်းမဆော့ခင် ကျောပိုးအိတ်ပြင်ဆင်ရမယ်ဆိုတာတွေကို သိတယ်ဆိုရင် ဒါဟာ တာဝန်ယူတတ်တဲ့အလေ့အထကို စတင်သင်ကြားနေတာနဲ့ အတူတူပါပဲ။

၅။  အကျိုးအပြစ်တွေကို ခွဲခြားတတ်အောင် သင်ကြားထားပေးပါ။

ဥပမာ- အိမ်စာတွေပြီးမှပဲ အပြင်ထွက်ကစားခွင့်ပေးပါ။ မပြီးဘဲနဲ့ကစားရင် ကျောင်းသွားတဲ့အ ခါ စာမပြီးဘဲ ကသီလင်တဖြစ်ရတာကို ပြောပြပါ။ တာဝန်ပျက်ကွက်ခြင်းရဲ့ အကျိုးဆက်တွေကို နား ဝင်အောင် ပြောပြပါ။

၆။ မိဘတွေကိုယ်တိုင် တာဝန်ယူတတ်သူတွေဖြစ်အောင် နေပြပါ။

ဇနီးမောင်နှံနှစ်ဦး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာရှိပါ။ ဖခင်အနေနဲ့လည်း ဇနီးသည်ကို နေရာ တကာမခိုင်းဘဲ တတ်နိုင်သမျှ ကိုယ်တိုင်လုပ်တာ၊ ကူညီတာ၊ ကလေးတွေအတွက် လုပ်ကိုင်ပေးတာ မျိုးတွေပြုလုပ်ပေးပါ။ မိခင်အနေနဲ့လည်း မိသားစုအတွက် လစ်ဟင်းမှုမရှိအောင် စွမ်းဆောင်ပေးမယ်ဆိုရင် ကလေးတွေအတွက် အနာဂတ်မှာ တာဝန်ယူတတ်သူတွေဖြစ်လာဖို့ မိဘတွေကို စံနမူနာယူလာမှာပါ။

စာစောင်လေးကို LIKE & SHARE လေးလုပ်ဖို့ မမေ့ပါနဲ့နော်။