လမ်းခွဲမှုဆီဦးတည်နေတဲ့ အပြုအမူ ၆ ခု

blank

၁။ တစ်ယောက်ရဲ့ဘဝကို တစ်ယောက်က စိတ်မဝင်စားတော့ခြင်း။

တစ်ခါတရံမှာ ချစ်သူတွေအနေနဲ့ တစ်နေ့တာအတွေ့အကြုံတွေ၊ ခံစားချက်တွေကို တစ် ယောက်နဲ့ တစ်ယောက်ရင်ဖွင့်ချင်ကြတာ ဓမ္မတာပါ။ ဒါပေမဲ့ တစ်ဖက်က နားထောင်မပေးတော့တာ၊ ထောက်ခံမှုမရှိတော့တာ၊ နားထောင်မပေးချင်ဘဲ ဥပက္ခာပြုနေတာမျိုးတွေဖြစ်နေပြီဆိုရင်တေ့ ဒါဟာ အချစ်ရေးအတွက် သတိပြုသင့်တဲ့လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။

၂။ ယုံကြည်မှုပျက်စီးသွားခြင်း။

အချစ်ရေးအများစုမှာ တစ်ဖက်ဖက်က ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းရင် နည်းသလို သဝန်တိုမှုတွေ၊ စိတ်မချမှုပြဿနာလေးတွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ သမားရိုးကျမဟုတ်တဲ့ မယုံ ကြည်မှု၊ သံသယတွေနဲ့ အမြဲတမ်းပြဿနာရှာနေရင်တော့ ဒါက ပျက်စီးမှုဆီ ဦးတည်နေတဲ့ လက္ခ ဏာတစ်ရပ်ဖြစ်ပါတယ်။

၃။ အစီအစဉ်တွေကို ဖျက်ပစ်ခြင်း။

ရုတ်တရက်အလုပ်ကိစ္စပေါ်လာတာ၊ လူမှုရေးကိစ္စပေါ်လာတာမျိုးတွေဆိုတာ ရှိတတ်တဲ့ သဘာဝပါ။ ဒါကို လူတိုင်းနားလည်ခွင့်လွှတ်ပေးနိုင်ပါတယ်။ အဲ့ဒီလိုမဟုတ်ဘဲ နှစ်ဦးသားကြိုတင် ချိန်းဆိုထားပြီးမှ ရုတ်တရက်ကောက်ခါငင်ခါနဲ့ ရက်ရွှေ့ဆိုင်းတာ၊ အကြောင်းမယ်မယ်ရရမရှိဘဲ အစီအစဉ်တွေဖျက်ပစ်တာ၊ ချိန်းဆိုထားရာကို နောက်ကျမှရောက်ရှိလာတာတွေကတော့ အလေး မထားတော့ရာကျတာမို့ ဆန်းစစ်ကြည့်သင့်တဲ့အခြေအနေပဲ ဖြစ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ကြင်နာမှုတွေကင်းမဲ့သွားခြင်း။

တကယ်ချစ်တဲ့ချစ်သူတွေအတွက် အကြင်နာနဲ့အပြန်အလှန်ထိတွေ့မှုလေးတွေကို ပြုလုပ် လေ့ရှိကြတာ မဆန်းပါဘူး။ ဒီလိုအပြုအမူလေးတွေကလည်း အချစ်ရေးကို တည်ငြိမ်၊ ခိုင်မြဲ၊ ပျော်ရွှင် စေပါတယ်။ စုံတွဲတစ်တွဲမှာ တစ်ယောက်က အကြင်နာတွေမရှိတော့တာ၊ လုံးဝအေးစက်သွားတာဟာ ပြိုကွဲမှုဆီ ဦးတည်သွားနိုင်တဲ့ အကြောင်းရင်းတစ်ခုပါပဲ။

၅။ ဂရုစိုက်ဖို့ လုံးဝစိတ်မဝင်စားတော့ခြင်း။

တကယ်ချစ်နေသေးတဲ့စုံတွဲတွေဟာ ချစ်သူရဲ့ဘဝ ပျော်ရွှင်ဖို့၊ သက်တောင့်သက်သာ ရှိဖို့ကို ဂရုစိုက်ကြပါတယ်။ အဲ့ဒီလိုမဟုတ်ဘဲ လုံးဝဂရုမစိုက်တော့တာ၊ ကိုယ့်ကိုယ်ကိုအတွက်ပဲ အလေး ထားတော့တာ၊ တစ်ကိုယ်ကောင်းဆန်လာတာမျိုးတွေဖြစ်လာရင်တော့ ဒါဟာ အချစ်ရေးအတွက် စိုးရိမ်စရာ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။

၆။ နှစ်ဦးသားတွေ့ဆုံဖို့ စိတ်မပါတော့ခြင်း။

လူတိုင်းဟာ အချစ်ရေးဘယ်လောက်ရှိရှိ သူငယ်ချင်းတွေနဲ့တွေ့ဆုံဖို့၊ ဝါသနာပါတာလေးတွေ လုပ်ကိုင်ဖို့ ကိုယ်ပိုင်ဘဝလိုချင်ကြသူတွေချည်းပါ။ ဒါက သဘာဝပါပဲ။ ဒါပေမဲ့ အဲ့ဒီအတိုင်းအတာထက် ပိုပြီး ချစ်သူနဲ့တွေ့ဆုံဖို့ကို လုံးဝစိတ်မဝင်စားတော့တာ၊ ဆုံရမယ့်အချိန်တွေကို ရှောင်ကြဉ်နေတာ၊ ချစ်သူနဲ့အတူရှိခွင့်ရတာထက် သူငယ်ချင်းတွေနဲ့အတူရှိနေရတာကို ပိုပျော်နေတာမျိုးတွေဖြစ်လာတာကတော့ အချစ်ရေးအတွက် အန္တရာယ်ရှိတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

စာချစ်သူတို့ရေ… အချစ်ရေးပြဿနာဆိုတာ ကျယ်ပြန့်တဲ့အတွက် အဖြေတွေကလည်း အ များကြီးရှိနိုင်ပါတယ်နော်။ ဒါပေမဲ့ အဲ့ဒီပြဿနာဟာ သူ့ကြောင့်လား၊ ကိုယ့်ကြောင့်လားဆိုတာ အရင် သုံးသပ်ကြည့်ပြီးမှ အဖြေရှာရင် ပိုကောင်းပါတယ်။ သေချာတာကတော့ တကယ်တည်မြဲတဲ့ အချစ်ရေး ဆီ ဦးတည်ချင်တယ်ဆိုရင်တော့ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းနဲ့ ထုတ်ဖော်ပြောတာ၊ သိချင်တာ တွေမေးမြန်းတာကတော့ အကောင်းဆုံးပါပဲ။ အဖြေသိလာတဲ့အခါ လိုအပ်တဲ့နားလည်ဂရုစိုက်မှုလေး တွေနဲ့ ပြန်တည်ဆောက်ဖို့ အကြံပေးပါရစေနော်။ အားလုံးလည်း အဆင်ပြေချောမွေ့တဲ့ အချစ်ရေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

စာစောင်လေးကိုနှစ်သက်တယ်ဆိုရင် မျှဝေဖို့ SHARE လိုက်ပါဦးနော်။