အတုအယောင်အချစ်ကြောင့် စစ်မှန်တဲ့အချစ်တွေကို တန်ဖိုးထားတတ်လာခြင်း။

blank

ကျွန်မငယ်ငယ်တုန်းက ကျွန်မအမေက ကျွန်မကို စိတ်ကူးယဉ်ဆန်တဲ့ ကဗျာဆန်ဆန်အချစ်ဇာတ်လမ်းတွေကြားမှာ မျောမနေစေချင်ခဲ့ဘူး။ ငယ်ငယ်တုန်းကဆိုတော့ ကိုယ်ကိုယ်တိုင် အတွေးခေါင်ပြီး “အမေက ကျွန်မဘဝရဲ့ ပျော်စရာတွေကို ပိတ်ပင်နေတယ်” လို့တောင် ထင်ခဲ့ဖူးတယ်။ ရွယ်တူကောင်လေးတွေရဲ့ ပိုးပန်းမှု၊ နှစ်သက်ခံရမှုဟာ ဆယ်ကျော်သက်အရွယ်ကောင်မလေးတွေအတွက် တကယ့်ကို ရင်ခုန်ပြီး ကြည်နူးပျော်ရွှင်စရာ အခိုက်အတန့်လေးတွေပဲ မဟုတ်လား။ ကောင်လေးတွေရဲ့ ဂရုတစိုက်အရေးပေးမှုကိုခံရတာဟာ မိန်းကလေးတစ်ယောက်အတွက်တော့ ဂုဏ်ယူစရာကိစ္စရပ်တစ်ခုပဲလေ။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျွန်မအဲဒီလိုခံယူထားတဲ့အချိန်မှာပဲ ကျွန်မဘဝထဲကို အားကိုးအားထားလို့ရလောက်မယ့် ယောကျာ်းလေးတစ်ယောက်ရောက်လာခဲ့တယ်။ အတွေ့အကြုံတွေပေးခဲ့တယ်။ အဆင်ပြေစဉ်တော့ ကျွန်မကိုယ်ကျွန်မ ပျော်စရာကောင်းတဲ့သူ၊ သူ့အတွက်အရေးပါတဲ့သူလို့ ထင်ခဲ့တယ်။ အဲဒီအချိန်မှာမှ ထိုသူက ကျွန်မဘဝထဲကနေ နှုတ်မဆက်ဘဲ ထွက်သွားခဲ့တယ်။

အဲဒီအချိန်မှာ ကျွန်မတကယ်ကို ခံစားခဲ့ရပါတယ်။ ကျွန်မကိုနာကျင်စေဖို့ ဘာလို့ ဒီလိုနည်းလမ်းကို ရွေးချယ်ခဲ့တာလဲဆိုတာ အခုထိ နားမလည်နိုင်သေးဘူး။ ဒီလိုမျိုး နာကျင်စရာအဆုံးသတ်နဲ့ မကြုံရအောင် ဘယ်လောက်ပဲ ကျွန်မဘက်က ကြိုးစားခဲ့ပါစေ၊ ရှင်က ဝှက်ဖဲတစ်ချပ်နဲ့ အနိုင်ယူသွားခဲ့သလိုပါပဲ။ ကျွန်မချစ်ခဲ့ရသူရှင်က တခြားကောင်လေးတွေနဲ့မတူဘူး။ ရှင်က မိန်းကလေးတွေရဲ့အသည်းနှလုံးကို ကစားနေတဲ့ ခပ်ပွေပွေကောင်လေးတွေထက် ဆိုးတယ် သိလား။ ကံကြမ္မာကကျွန်မကို မျက်နှာသာပေးဖို့ ကျွန်မဘယ်လောက်လာဘ်ထိုးခဲ့ပါစေ၊ ကျွန်မဒုက္ခရောက်ခဲ့တယ်လေ။

ကျွန်မအမေပြောခဲ့တာတွေက မှန်ကန်တယ်ဆိုတာ ကျွန်မအခုမှ သိလိုက်ရတာ။ အသက်ငယ်ပြီး နှလုံးသားနုနယ်သေးတဲ့ကျွန်မအတွက် အတုအယောင်အချစ်တွေမှာ နစ်မျောခဲ့မိတာ မဟာအမှားကြီးတစ်ခုပါပဲ။

ကျွန်မရဲ့နှလုံးသားနဲ့မမျှတဲ့နာကျင်မှုတွေကို ခံစားခဲ့ရတယ်။ ပြီးတော့ အချစ်နဲ့အမုန်းက ဒွန်တွဲနေတယ်ဆိုတဲ့အမှန်တရားကိုလည်း သိလိုက်ရတယ်။ အချစ်ရေးမှာ ကံကောင်းပါတယ် ဆိုတဲ့သူတွေတောင် လူမသိတဲ့ နာကျင်ခံစားမှုလေးတွေ ရှိနေမှာပဲဆိုတဲ့အသိကိုလည်း ရလိုက်တယ်။

ကျွန်မဘယ်လောက်ပဲ ပညာတွေတတ်တတ်၊ အချစ်နဲ့ပတ်သက်ရင် အဆင်သင့်မဖြစ်သေးဘူး၊ အချစ်အကြောင်းကို ရေရေရာရာမသိသေးဘူး။ ဒါပေမဲ့ မကြာခင်မှာ အချစ်နဲ့ပတ်သက်ပြီး ကျွန်မသေချာ နားလည်လာလိမ့်မယ်။ ကျွန်မအမေကျွန်မကို ပြောခဲ့သလိုပေါ့။ “သမီးဘဝရဲ့ အချစ်စစ်နဲ့ ဖူးစာရှင်ကို စောင့်နေလို့ရတယ်၊ ဒါပေမဲ့ ဘဝအောင်မြင်တိုးတက်ဖို့အတွက် စောင့်နေ လို့မရဘူး။ ဒီတော့ သမီးရဲ့ဘဝအောင်မြင်တိုးတက်အောင် အရင်ကြိုးစား။ သမီးဘဝ အောင်မြင် လာတဲ့အချိန်မှာ သမီးနဲ့သင့်တော်တဲ့ ဘဝလက်တွဲဖော်တစ်ယောက် သမီးရဲ့ဘဝထဲကို အလိုလိုရောက်လာပါလိမ့်မယ်ကွယ်”တဲ့။

ကျွန်မအမေရဲ့ တန်ဖိုးရှိတဲ့ဆုံးမစကားကို ရှင့်ကြောင့်ပဲ နားလည်လိုက်ရတာပါ။ ပြီးတော့ ရှင့်ကြောင့်ပဲ ကျွန်မဘဝရဲ့ ဖူးစာရှင်အမှန်ကိုစောင့်ဖို့ ခွန်အားတွေရခဲ့တာပါ။ ဒါကြောင့် အဖိုးမဖြတ်နိုင် တဲ့ အတွေ့အကြုံတွေအတွက် ကျွန်မရှင့်ကို ကျေးဇူးတင်ပါတယ်။

ခံစားချက်တွေတိုက်ဆိုင်သွားရင် SHARE ဖို့ မမေ့နဲ့နော်။