ကလေးမွေးပြီး အကြောပြတ်ရာတွေကြောင့် စိတ်ညစ်နေတဲ့ ညီမလေးဖတ်ဖို့…

blank

ညီမလေးရေ…

တချို့တွေက ဗိုက်ကြောပြတ်ရာလေးတွေကို အချစ်ရဲ့သင်္ကေတလို့ ရည်ညွှန်းကြပေမဲ့ မမတို့ မိန်းမသားတွေအတွက်တော့ ဒါကလည်း အလှအပကို တစ်နည်းတစ်ဖုံထိခိုက်တာပါပဲ။ ညီမလေး လည်း ကလေးမွေးပြီးတော့ ကျန်ခဲ့တဲ့ အကြောပြတ်ရာတွေ ပျောက်ချင်တယ်။ ဘယ်လိုလုပ်ရမလဲလို့ မေးတယ်။ ဒါကြောင့် အကြောပြတ်ရာသက်သာအောင် လိမ်းပေးလို့ရတဲ့သဘာဝပစ္စည်းလေးတွေကို မမသိသလောက် မျှဝေပေးလိုက်ပါတယ်။ ညီမလေးနဲ့ အဆင်ပြေတဲ့နည်းကို ရွေးပြီးသုံးလိုက်ပေါ့နော်။

၁။ ရှားစောင်းလက်ပတ်အစေး

၂။ အုန်းဆီ

၃။ လက်ဖက်ရည်ကြမ်း

၎။ သဘာဝသကြားဖြူ

၅။ ရေဓာတ်ဖြည့်ပေးတဲ့ခရင်မ် (Moisturizer)

၆။ သံပရာရည်

၇။ ကြက်ဥအကာ

၈။ ကြိတ်ချေထားတဲ့အာလူးအရည်

၉။ သံလွင်ဆီ

၁ဝ။ ကြက်သွန်နီ

ပစ္စည်းလေးတွေအားလုံးက ရှာလို့လွယ်သလို သဘာဝနည်းလမ်းတွေလည်းဖြစ်တာကြောင့် ဘေးဥပဒ်လည်း ကင်းပါတယ်။ အကြောပြတ်ရာပေါ်လိမ်းပေးရုံ လွယ်လွယ်လေးမို့ ညီမလေးတော့ ပျော်သွားမှာ မြင်ယောင်သေးတယ်။ တစ်ခုရှိတာက တဖြည်းဖြည်းဖြစ်လာတဲ့အကြောပြတ်ရာတွေဆို တော့ ပျောက်ကင်းဖို့လည်း စိတ်တော့ရှည်ရမှာပေါ့နော်။ နည်းလမ်းလေးတွေကို သဘောကျရင် မမ လိုပဲ ညီမလေးချစ်ခင်ရတဲ့ မေမေတွေအတွက်လည်း ပြန်မျှဝေပေးလိုက်ပါဦးနော်။

ချစ်တဲ့မမ

စာချစ်သူမေမေများ ဗဟုသုတရစေဖို့ ဂန္ထဝင်မဂ္ဂဇင်းနဲ့ Biogesic Kids တို့မှ ပူးပေါင်းတင်ဆက်ထားတာ ဖြစ်ပါတယ်။