အချစ်ရေးမှာ စုံတွဲတိုင်းကြုံတွေ့ရတတ်တဲ့ ပြဿနာရပ်လေးများ

blank

ချစ်သက်တမ်းရှည်ကြာလာတာနဲ့အမျှ ချစ်သူစုံတွဲတွေဟာ တဖြည်းဖြည်း ပြောင်းလဲလာတတ် ကြပါတယ်။ နှစ်ယောက်အတူတူ အနေနီးလာလေလေ၊ ပြောင်းလဲမှုတွေ များများတွေ့လာလေလေ ပါပဲ။ တချို့လူတွေဆို ကြောက်စရာကောင်းလောက်အောင် ပြောင်းလဲလာကြတယ်။ ပြောင်းလဲမှုတွေ နဲ့အတူ ချစ်သူစုံတွဲတိုင်း ကြုံရတတ်တဲ့ အချစ်ရေးပြဿနာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အချစ်ဆိုတာ သူ့ဘာသာသူ မရပ်တည်နိုင်ပါဘူး။ အချစ်ရေးအဆင်ပြေဖို့ ချစ်သူနှစ်ဦးက ကိုယ် တိုင်ဖန်တီးယူကြရပါတယ်။

၂။ ချစ်တဲ့လူထက် နာကျင်အောင် လုပ်နိုင်တဲ့သူဆိုတာ မရှိပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ငြင်းခုံ ရန်ဖြစ်တဲ့အခါ အချိန်မလွန်ခင် ပြဿနာတွေကို မှေးမှိန်သွားအောင် ဖြေရှင်းပစ်ရပါမယ်။

၃။ သင့်စိတ်၊ သင့်ကံကြမ္မာဟာ သင့်ချစ်သူနဲ့ ဆက်စပ်နေပါတယ်။ သင့်မှာ စိတ်ပင်ပန်းစရာတွေရှိနေ ရင် သင့်ချစ်သူနဲ့ ဆက်စပ်နေတာတွေ ပြတ်တောက်နေတတ်ပါတယ်။

၎။ ပျော်ရွှင်နေတဲ့အတွဲတွေတောင်မှ “ငါ သူ့ကို လမ်းခွဲလိုက်ရမလား” ၊ “ တခြားတစ်ယောက်နဲ့ဆိုရင် ဒီထက်ပိုပျော်ရင်ပျော်ရဦးမှာ” ဆိုတဲ့အတွေးမျိုးတွေ ဝင်လာတတ်ပါတယ်။

၅။ တစ်ခါတလေ အထီးကျန်နေတတ်တယ်။ ဘယ်သူကမှ ကိုယ့်ကိုနားမလည်နိုင်တဲ့အခါ၊ ကိုယ့်ကို ဂရုစိုက်မှုမပေးတဲ့အခါတွေမှာ လူတိုင်းက အထီးကျန်လေ့ရှိကြပါတယ်။

၆။ ချစ်စခင်စတုန်းကလို တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်းမဆွဲဆောင်နိုင်ကြပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ လက်ထပ်လိုက်ရင်၊ ကလေးယူလိုက်ရင် အချစ်ရေးပိုခိုင်မြဲလာမယ်လို့ လူတော်တော်များများက မှားယွင်းစွာ ယူဆတတ်ကြပါတယ်။

၈။ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်း အမြဲတမ်း တူမနေနိုင်ပါဘူး။

၉။ ဘယ်အရာကိုမဆို မပျင်းရိဘဲ အတူတူဆောင်ရွက်ကြတဲ့ချစ်သူစုံတွဲဆိုတာ အိပ်မက်ထဲမှာပဲ ရှိပါ လိမ့်မယ်။ လက်တွေ့မှာ တစ်ခါတလေမှာ ချစ်သူနဲ့ရှိနေတာထက် သူငယ်ချင်းတွေနဲ့တွေ့ဆုံနေတာ က ပိုပျော်နေတတ်ပါတယ်။

၁ဝ။ ချစ်သူနှစ်ဦးကြားက ယုံကြည်မှုကို ပျက်စီးစေတဲ့ အလိမ်အညာစကားတွေဟာ လမ်းခွဲခြင်းဆီ တောင် ဆိုက်ရောက်သွားစေနိုင်ပါတယ်။

ဒါကြောင့် အချစ်ရေးပြဿနာတွေကို လျစ်လျူရှုမထားဘဲ အမြန်ဆုံးဖြေရှင်းနိုင်ခြင်းဖြင့် အချစ် ရေးသာယာနိုင်ကြပါစေရှင်။

စာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် ပြန်လည်မျှဝေလိုက်ပါဦးနော်။