ဘဝကို အဓိပ္ပါယ် အရှိဆုံး ဖြတ်သန်းနိုင်ဖို့

blank

ဘဝဟာ ဘာပြီးရင် ဘာဖြစ်ဆိုတဲ့ ပိုင်သေတွက်ချက်မှုတွေနဲ့ လည်ပတ်လို့ရတဲ့ အရာမဟုတ်ပါဘူး။ မှားသွားတဲ့ အတွက် နောက်တစ်ကြိမ်ပြင်ဆင်ခွင့် ဆိုတာတွေဟာလည်း မသေချာလှပါဘူး။ ဒီတော့ ဘဝရဲ့ လက်ရှိအချိန်တွေကို ရိုးသားစွာနဲ့ အကောင်းမွန်ဆုံး ဖြတ်သန်းလိုက်ပါ။ သင့်အတွက် လူတစ်ယောက်က သိပ်ကိုအရေးပါနေရင် သူ့ကို သင်လိုအပ်တယ်ဆိုတာ ကို ဖော်ပြလိုက်ပါ။ သင့်ရင်ထဲက စကားသံတွေကို ကြားသင့်သူတွေ ကြားသိစေဖို့ ဖွင့်ဟပြောဆိုလိုက်ပါ။ ပတ်ဝန်းကျင်ကို အတတ်နိုင်ဆုံး ကူညီဖေးမပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

နေလုံးကြီးထွက်လာတာကို ကြည့်ပြီး နေ့သစ်တစ်နေ့ စတင်ဖို့ အားအင်သစ်တွေ မွေးဖွားလိုက်ပါ။ ဒါ့အပြင် နာကျင်ခက်ခဲတဲ့ အချိန်တွေ ကြုံတွေ့လာခဲ့ရင်လည်း ဘဝမှာ ဘယ်အရာမှ မတည်မြဲဘူး။ ဒုက္ခဆိုတာလည်း ခဏတာပဲ ဆိုတဲ့သဘောတရားလေးကို ဆင်ခြင်နှလုံးသွင်းလိုက်ပါ။ ပြုံးပြုံးလေးနဲ့ လောကဓံကို ကြံကြံခံ ရင်ဆိုင်လိုက်ပါ။ ဒီလိုသာဆို ဘဝဟာ တဖြည်းဖြည်းနဲ့ နေပျော်လာပါလိမ့်မယ်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။