သင့်အချိန်တွေ ဘယ်ရောက်သွားလဲ သိချင်ပါသလား။

blank

အောက်ဖော်ပြပါ မေးခွန်းလေးတွေနဲ့သာ ပြန်ဆန်းစစ်ကြည့်လိုက်ပါ။

၁။ တစ်ချိန်လုံး “ငါ့မှာ လုပ်စရာတွေ ပြည့်နေတာပဲ။ အားချိန်လည်း မရှိဘူး” ဆိုပြီး ညည်းတွားနေမိပြီလား။

၂။ တစ်ချိန်လုံး အလုပ်တွေနဲ့ပြည့်နေတာပဲ။ ဒါပေမဲ့ အလုပ်တွင်ရဲ့လား ဆိုတာ ပြန်ဆန်းစစ်မိရဲ့လား။

၃။ တစ်စုံတစ်ခု ကို ဆုံးဖြတ်ပြီးသွားတဲ့အခါ ရှေ့ကို လှမ်းကြည့်လား ဒါမှမဟုတ် နောက်ကို ပြန်တွေးနေလား။

၎။ ငွေစ အနည်းငယ်ရဖို့ အချိန်တွေ မတန်တဆပေးပြီး အားထုတ်နေရလား။

၅။ တစ်စုံတစ်ယောက်ကို စောင့်နေတဲ့အချိန်တွေမှာ အကျိုးရှိတာ တစ်ခုခု လုပ်ဖြစ်လား။

၆။ အချိန်တွေနဲ့ ကိုယ့်ဆောင်ချက်တွေအပေါ် သတိထား ချိန်ညှိလေ့ရှိလား။

၇။ ကိုယ်ကိုယ်ကိုတော့ ဂရုမစိုက်မိဘဲ အခြားသူတွေကိုပဲ တစ်ချိန်လုံး ကူညီနေမိလား။

၈။ ဘာကိုမှမလုပ်သေးခင် ရှုထောင့်ပေါင်းစုံက အကြိမ်ကြိမ် ကြိုတင်ပြင်ဆင်တတ်လား။

၉။ အချိန်တွေကို စုဆောင်းဖို့အကောင်းဆုံး နည်းဖြစ်တဲ့ ကိုယ်မသိတာတွေ၊ မှားခဲ့တာတွေကို ရိုးသားစွာ ဝန်ခံခြင်းကို ကျင့်သုံးနိုင်ပြီလား။

၁ဝ။ ကိုယ့်ကားထဲမှာ ဓါတ်ဆီကို အပြည့်ဖြည့်ထားတတ်လား ဒါမှမဟုတ် ခဏခဏ ဆီ
ထည့်ဖို့ အချိန်ယူလား။

၁၁။ ကိုယ်ပြောင်းလဲလို့မရနိုင်တော့တဲ့ အရာတွေအတွက် စိတ်ဖိစီးတာတွေ များလွန်းနေလား။

၁၂။ သာယာတဲ့ဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့ အချိန်ယူလား ဒါမှမဟုတ် လက်တွဲပြီးမှ အချိန်ယူ ညှိုနှိုင်းတတ်လား။

၁၃။ မိသားစုနဲ့ အတူ ပျော်ရွှင်ရမယ့် အချိန်တွေ ဘေးဖယ်ထားမိလား။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁၄။ တာဝန်မယူနိုင်တဲ့အရာကို ငြင်းပယ်လိုက်ခြင်းက ကိုယ်လုပ်နိုင်တဲ့ အရာတွေကို ပိုမိုအာရုံစူးစိုက် လာစေနိုင်ပါတယ်။တစ်နေ့ချင်းအတွက် ဒီနေ့ဒါပြီးရမယ်ဆိုပြီး လုပ်တာမျိုးရှိလား။

၁၅။ တစ်နေ့တာ ကိုယ့်လုပ်ရပ်တွေကို ပြန်ဆန်းစစ်ဖို့အချိန်ယူမိလား။

၁၆။ လုပ်သင့်လုပ်ထိုက်တာတွေနဲ့ လုပ်နိုင်တဲ့ အရာတွေ ဘယ်ဟာကိုပိုအာရုံ စိုက်ဖြစ်နေလဲ။

၁၇။ ကိုယ်ကအမှားတွေကို ထပ်ခါထပ်ခါ လုပ်နေတဲ့လူလား ဒါမှမဟုတ် အဲဒီအမှားတွေကနေ တစ်ဆင့် သင်တတ်သူလား။

၁၈။ ကိုယ့်အချိန်တွေကို တစ်စုံတစ်ခုအတွက် ရင်းနှီးမြှုပ်နှံနေလား ဒါမှမဟုတ် ဖြုန်းတီးနေမိလားဆိုတာ ပြန်ဆန်းစစ်ကြည့်ပါ။

၁၉။ တစ်နေ့တစ်နေ့ စိတ်ပျံ့လွင့်မှုတွေကြောင့် ကြီးမားတဲ့ အလုပ်တာဝန်တွေ လစ်ဟင်းနေပြီလား။

၂၀။ လုပ်ရမယ့် တာဝန်ဝတ္တရားတွေအတွက် ကြိုတင်စိတ်ဖိစီးနေပြီး တွေဝေတာမျိုး ရှိနေပြီလား။

၂၁။ ကိစ္စတစ်ခုကို ပထမတစ်ကြိမ် စနစ်တကျ မလုပ်ဆောင်ခဲ့လို့ ပြန်လုပ်ရတဲ့ အကြိမ်ရေ ဘယ်လောက်တောင်များနေပြီလဲ။

၂၂။ အခြားသူတွေကို မလိုအပ်ဘဲ ကိုယ့်အချိန်တွေ အရမ်းပေးလွန်းနေပြီလား။

၂၃။ ဘာမှမဖြစ်ခင် ကြိုတင်ပြင်ဆင်ခြင်းဖြင့် အချိန်ချွေတာ တတ်ပြီလား။ ဒါမှမဟုတ် ဖြစ်လာမှ အခြေအနေကြည့်ပြီး ကမန်းကတန်း ဖြေရှင်းနေတာလား။

၂၄။ ပြဿနာတွေကို မကြီးလာခင် အာရုံစိုက် လုပ်ဆောင်တတ်လား။

၂၅။ အိပ်ချိန်နည်းတာကြောင့် အရမ်းပင်ပန်းပြီး အလုပ်မလုပ်နိုင်တော့တာတွေ ဖြစ်နေလား။

အချိန်ဆိုတာ သိပ်ကို တန်ဖိုးကြီးမားလှတဲ့ အရာပါ။ တစ်နေ့တာမှာ ကိုယ်အချိန်တွေကို ဘယ်လို အကျိုးကျိုးရှိရှိ သုံးနေတယ်ဆိုတာ ကိုယ့်ကိုယ်ကို စမ်းစစ်ကြည့်ပါ။ စာဖတ်ပရိသတ်တို့ တန်ဖိုးရှိတဲ့ ဘဝလေးပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလျက်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။