ခါးသီးဖွယ် အမှန်တရား (၉) ချက်

blank

၁။ ကိုယ်အရမ်းချစ်ရတဲ့ သူတစ်ယောက်က ကိုယ့်ကိုပြန်မချစ်နိုင်တာဟာ အရမ်းကို နာကျင်ဖို့ ကောင်းပါတယ်။ သို့ပေမဲ့ ကိုယ်ချစ်နေတဲ့ သူတစ်ယောက်ကို ဖွင့်ဟပြောဆိုဖို့ သတ္တိ မရှိတာက ပိုပြီးနာကျင်စရာ ကောင်းလှပါတယ်။

၂။ ကိုယ်အတွက် အရမ်းအရေးပါတဲ့ သူတစ်ယောက်ကို တွေ့နေလျက်နဲ့ ဘယ်လိုမှမဖြစ်နိုင်လို့ လမ်းခွဲလိုက်ရတာ ဘဝမှာ ဝမ်းနည်းဖို့ အကောင်းဆုံးပါပဲ။

၃။ တစ်မိနစ်အတွင်း တစ်စုံတစ်ယောက်ကို အရမ်းစွဲလန်းသွားနိုင်ပါတယ်။ ဒီလိုပါပဲ တစ်နာရီအတွင်းလည်း လူတစ်ယောက်ကို အရမ်းသဘောကျ နှစ်သက်သွားနိုင်သလို တစ်ရက်တည်းနဲ့ လူတစ်ယောက်ကို အရမ်းချစ်သွားနိုင်ပါတယ်။ သို့ပေမယ့် လူတစ်ယောက်ကို မေ့ဖျောက်ဖို့အတွက်တော့ တစ်ဘဝလုံးတောင် ကြာသွားနိုင်ပါတယ်။

၎။ မဆုံးရှုံးရသေးမချင်း ကိုယ်ရရှိထားတဲ့ အရာတွေကို တန်ဖိုးမထားတတ်ကြပါဘူး။

၅။ အပေါ်ယံ ကြွယ်ဝချမ်းသာမတွေဟာ အချိန်မရွေး ပျက်စီးဆုံးရှုံး သွားနိုင်ပါတယ်။ သို့ပေမယ့် ကိုယ့်ကို စိတ်ချမ်းသာမတွေနဲ့ အပြုံးပန်းတွေ ဖန်တီးပေးနိုင်သူကတော့ ထာဝရတန်ဖိုးရှိပါတယ်။

၆။ ကိုယ်သွားချင်တဲ့လမ်းကိုပဲ တစိုက်မတ်မတ်လျှောက်ပါ။ ကိုယ်ဖြစ်ချင်တဲ့အရာကို အာရုံစူးစိုက် လုပ်ဆောင်ပါ။ အကြောင်းကတော့ ကျွန်ုပ်တို့မှာ ဘဝတစ်ခုပဲရှိပြီး လုပ်ချင်တာတွေလုပ်ဖို့ တစ်ကြိမ်ပဲ အခွင့်အရေး ရတာမို့ပါ။

၇။ ကိစ္စတစ်ခုခု ဖြစ်လာခဲ့ရင် ကိုယ်ချင်းစာစိတ်လေးနဲ့ ရင်ဆိုင်ပါ။ ဒါမှသာ တစ်ဖက်လူရဲ့ ခံစားချက်ကို နားလည်ပြီး အကောင်းဆုံး ဖြေရှင်းလို့ ရမှာပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၈။ မစဉ်းစားဘဲ ပြောလိုက်တဲ့ စကားလုံးတွေက ပဋိပက္ခတွေကို ဦးတည်စေပြီး ရုတ်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေကတော့ ဘဝတစ်လျှောက်လုံးကို အနာတရ ဖြစ်စေနိုင်ပါတယ်။ သို့ပေမယ့် ချိုသာယဉ်ကျေးတဲ့ စကားလုံးတွေကတော့ ရင်ထဲက အမုန်းတရားတွေကို ကုစားပေးပါတယ်။

၉။ အပျော်ဆုံးလူသားတွေဟာ အကောင်းဆုံးအရာတွေကိုပဲ ပိုင်ဆိုင်ထားသူတွေ မဟုတ်ကြပါဘူး။ သူတို့ဟာ အရာတိုင်းနဲ့ လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်တတ်ကြသူတွေပါ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။