ဧည့်သည်တွေကို အပျော်မျက်ရည်ကျစေခဲ့တဲ့ ဂရုဏာသက်ဖွယ် စုံတွဲလေး

blank
Photo Reference: http://www.linnealiz.com

၂၀၁၂ ခုနှစ်ကတည်းက ယာဉ်မတော်တဆမှုကြောင့် အောက်ပိုင်းသေသွားခဲ့တဲ့ ဂျိုဝီ ဂျွန်ဆင် (Joey Johnson)လေး မလုပ်ရှားနိုင်ခဲ့တာ ကြာပါပြီ။ ဒါပေမယ့် ဂျွန်လ၂၀၁၄ သူ့လက်ထက်ပွဲနေ့လေးမှာတော့ အိမ်ထောင်ဖက် သတို့သမီးလေး မီရှဲလ်ကို အံ့သြဝမ်းသာသွားစေဖို့ ပထမဆုံးအကြိမ် မတ်တပ်ရပ်လိုက်ပြီး အတူတွဲကဖို့ လှုပ်ရှားခဲ့ပါတယ်။ ဂျိုဝီရဲ့ သူငယ်ချင်းတွေက သူ့အတွက် ‘ကကြိုးတန်ဆာ’တွေကို မီရှဲလ်မသိအောင် အထူးစီစဉ်ပေးခဲ့တာပါ။ မင်္ဂလာခန်းမထဲက ပရိသတ်တွေလည်း အဆိုတော် ခရစ်စတီးနားပဲရီ (Christina Perri) ရဲ့ “A Thousand Years” သီချင်းလေးကို ပုံဖော်နေတဲ့ ဂရုဏာသက်ဖွယ် စုံတွဲလေးကိုကြည့်ရင်း အပျော်မျက်ရည်တွေ စို့လို့နေပါတော့တယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။