စိတ်အိုက်နေတဲ့အခါ ရေချိုးလိုက်ပါ။

blank

စိတ်ကူးကောင်းလေးတွေဟာ ဘာလို့ ရေချိုးနေတဲ့အချိန်၊ လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာမှ ဖြစ်ပေါ်လာတတ်တာလဲလို့ အံ့သြခဲ့မိဖူးလား။

ဒီအကြောင်းအရာပေါ်မှာ သိပ္ပံနည်းကျ လေ့လာကြည့်တဲ့အခါ…

  • လေ့ကျင့်ခန်းလုပ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ရေနွေးနွေးလေးနဲ့ ရေချိုးခြင်း စတာတွေဟာ ဒိုပါမင်းစီးဆင်းမှုကို တိုးမြှင့်စေပါတယ်။ ဒိုပါမင်းအမြောက်အများ ဦးနှောက်ထဲကို ရောက်သွားတဲ့အခါ စိတ်ကူးဥာဏ်ကောင်းတွေ ထွက်ပေါ်လာပါတယ်။
  • စိတ်အပန်းပြေနေတဲ့အချိန်မှာ ပြဿနာတွေအပေါ်မှာ အာရုံပိုစူးစိုက်လာနိုင်ပြီးတော့ ဆက်နွှယ်မှုတွေကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။
  • အာရုံလွှဲခြင်းဟာလည်း ကျွန်ုပ်တို့ရဲ့ အတွင်းစိတ်တွေကို ပြဿနာတစ်ခုအပေါ်မှာ ပိုမိုအာရုံစိုက်စေနိုင်ပြီး ဖြေရှင်းနိုင်စွမ်းတွေကို တိုးမြှင့်ပေးစေနိုင်ပါတယ်။

ဒိုပါမင်းပမာဏမြင့်တက်နေတဲ့အချိန်၊ စိတ်အပန်းပြေနေတဲ့အချိန်၊ အာရုံလွှဲနေတဲ့အချိန်တစ်ခုဖြစ်တဲ့ ရေချိုးချိန်ဟာ စိတ်ကူးဥာဏ်အသစ်တွေကို ယူဆောင်လာပေးနိုင်တယ်ဆိုတာ အံ့သြစရာတော့မရှိပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အရေးအကြီးဆုံးကတော့ စိတ်ကူးဥာဏ်အသစ်လေးတွေကို ဘယ်အချိန်မှာပဲ ထွက်လာထွက်လာ မိမိရရဖမ်းဆုပ်ထားနိုင်ဖို့ပါပဲ။

ဒီကျန်းမာရေးဗဟုသုတပေးစာစောင်လေးကို နှစ်သက်သဘောကျမိတယ်ဆိုရင် SHARE ပေးသွားပါဦးနော်။