မသမာသူတွေရဲ့ရန်က ရှောင်ရှားဖို့ လိုက်နာသင့်တဲ့စည်းမျဉ်းစည်းကမ်းလေးများ

၁။ သင်လုံးဝမသိတဲ့သူ၊ သင်လုံးဝ မယုံကြည်ရတဲ့သူနဲ့ ဘယ်တော့မှ ၂ယောက်တည်းမသွားပါနဲ့။ သူစိမ်းတွေရဲ့ကားနဲ့ ကားကြုံမလိုက်ပါနဲ့။

၂။ သူစိမ်းက ဘာပေးပေးမယူပါနဲ့။ သင်နဲ့သက်ဆိုင်နေတဲ့ပစ္စည်းဆိုရင်တောင် အခြေအနေကြည့်ပြီးမှ လက်ခံပါ။

၃။ သင်နဲ့လုံးဝမသိတဲ့သူဆိုရင် သင့်နာမည်ကိုသိနေတာတောင် ၂ ယောက်တည်းစကားမပြောပါနဲ့။ လျစ်လျူရှုပြီး ကိုယ့်လမ်းကိုယ်ဆက်သွားပါ။ လူများတဲ့နေရာရောက်မှ စကားပြန်ပြောပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ဖြစ်နိုင်ရင် အဖော်ပါမှ သွားတာလာတာကောင်းပါတယ်။ အတူတူသွားတဲ့သူများလေ အန္တရာယ်ကင်းလေပါပဲ။

၅။ မသွားနဲ့လို့ တားမြစ်ထားတဲ့နေရာတွေကို မသွားတာအကောင်းဆုံးပါ။ သင်ဘယ်သွားတယ်ဆိုတာကို တစ်ယောက်ယောက်ကို အသိပေးထားပါ။ ဘယ်အချိန်ပြန်ရောက်မလဲဆိုတာလည်း ပြောထားပါ။

မှတ်သားစရာစာစောင်လေးဖြစ်တာကြောင့် SHARE ပြီး သူငယ်ချင်းတွေကို သတိပေးလိုက်ပါဦးနော်။