ချစ်သူများနေ့ဟာ အားလုံးနဲ့သက်ဆိုင်တဲ့ နေ့လေးတစ်နေ့ပါ

blank

စာချစ်သူတို့ရေ…

ဒီနေ့ခေတ် ချစ်သူစုံတွဲတွေကြားမှာ သကြားလုံးတွေ၊ ပန်းစည်းတွေ၊ အသည်းပုံကတ်လေးတွေ ပေးကြတာဟာ ချစ်သူများနေ့နဲ့ သက်ဆိုင်တယ်လို့ ထင်ပါသလား။ တကယ်တော့ နှစ်စဉ် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ကျင်းပတဲ့ ချစ်သူများနေ့ဟာ ချစ်ခြင်းအားလုံးနဲ့ သက်ဆိုင်ပါတယ်။

ပုံပြင်တွေအရ စုံတွဲတွေကို တိတ်တဆိတ်လက်ထပ်နိုင်အောင် ကူညီပေးတဲ့ ရောမခရစ်ယာန်ဘုန်းကြီးတစ်ပါးဖြစ်တဲ့ ဗယ်လင်တိုင်းကို ဂုဏ်ပြုသောအားဖြင့် ချစ်သူများနေ့ကို ကျင်းပကြတာလို့ လူတွေက ယုံကြည်ကြပါတယ်။

ပုံပြင်တွေမှာ ဖော်ပြထားချက်အရ၊ အေဒီ ၂၆၈ ကနေ ၂၇ဝ အထိ စိုးစံခဲ့တဲ့ရောမအင်ပါယာရဲ့ ဒုတိယမြောက်ဘုရင် ကလောဒီးယပ် ( Claudius )ဟာ လက်မထပ်ထားတဲ့ ယောက်ျားတွေက စစ်သားကောင်းတွေ ဖြစ်လာနိုင်တယ်လို့ ယူဆပြီး လက်ထပ်ခြင်းကို ပိတ်ပင်တားဆီးခဲ့ပါတယ်။ ဒါပေမဲ့ ဗယ်လင်တိုင်းက ဒီဥပဒေဟာ မမျှတဘူးလို့ ထင်ခဲ့ပါတယ်။ ဒါကြောင့် ဥပဒေကို ချိုးဖောက်ပြီး လက်ထပ်ပွဲကို ဘယ်နည်းနဲ့မဆို ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သူဟာ ချစ်သူစုံတွဲတွေအတွက် လက်ထပ်ပွဲတွေကို တိတ်တဆိတ်ကျင်းပပေးခဲ့တယ်။ တဖြည်းဖြည်းနဲ့ သူ့လုပ်ရပ်တွေကို ဘုရင်က သိရှိခဲ့ပြီး အဖမ်းခံလိုက်ရပါတယ်။ အဲ့ဒီနောက် ခရစ်နှစ် ၂၇ဝ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ အင်ပါယာရဲ့ဥပဒေကို ချိုးဖောက်မှုနဲ့ အသတ်ခံလိုက်ရပါတယ်။ သူမသေခင် ထောင်ထဲမှာ ထောင်ပိုင်မှူးသမီးကို ချစ်နေကြောင်း ပထမဆုံးစာတစ်စောင် ရေးသားထားခဲ့ပါတယ်။ ဗယ်လင်တိုင်းကွယ်လွန်ပြီးနောက် ၅ ရာစုနှစ်မှာ ပထမမြောက်ပုပ်ရဟန်းမင်းကြီး ဂျလေးဆီးယပ် ( Gelasius ) ဟာ ဗယ်လင်တိုင်းကွယ်လွန်တဲ့နေ့ကို ချစ်သူများနေ့အဖြစ် ကြေညာခဲ့ပါတယ်။

ချစ်သူများနေ့ဟာ ချစ်သူစုံတွဲတွေအတွက်ချည်း သီးသန့်နေ့တော့ မဟုတ်ပါဘူး။ ချစ်သူများနေ့ဟာ စုံတွဲတွေအတွက်ပဲလို့ ကျွန်မတို့က ထင်ကြပါတယ်။ ဒါပေမဲ့ ကျွန်မတို့ဘဝမှာ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အခြားချစ်သူခင်သူတွေအတွက်လည်း ကျင်းပပေးလို့ရတဲ့ နေ့တစ်နေ့ပါပဲ။ ဒါကြောင့် ချစ်သူများနေ့မှာ  မိသားစုနဲ့ သူငယ်ချင်းတွေကို ချစ်ခင်ကြောင်း ပြသရင်း ကျေးဇူးတင်ကြောင်းပြောဖို့ အခွင့်ကောင်းကြုံရတာပါပဲ။ သင့်ဘဝအတွက် အရေးပါတဲ့လူတွေနဲ့  ချစ်ခြင်းတရားတွေ ခြုံလွှမ်းရင်း ချစ်သူများနေ့လေးကို ပျော်ရွှင်စွာ ဖြတ်သန်းလိုက်ပါ။

ချစ်သူများနေ့မှာ အတူတူဖြတ်သန်းချင်တဲ့သူတွေကို mention ခေါ်လိုက်တော့နော်။