ပိုမိုတိုးတက်ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ဖို့ ဒီလအတွင်းမှာ ဘာတွေလုပ်ရမလဲ သိလား

blank
၁။ ပြောင်းလဲပါ။

အခုတလော စိတ်ကူးအသစ်တွေလည်း မထွက်၊ ဘာလုပ်ရမှန်းမသိဖြစ်နေတယ်ဆိုရင် လုပ်နေကျ တစ်နေ့တာ အစီအစဉ်တွေကို ပြောင်းလဲလိုက်ပါ။ သင်တန်းတစ်ခုခုတက်ရင်တက်၊ ဒါမှမဟုတ်ရင် လှုပ်ရှားမှုတစ်ခုခုမှာ ပါဝင်လိုက်ပေါ့။

၂။ အားသာချက်ကို အသုံးချပါ။

အားသာချက်နဲ့ စွမ်းရည်နဲ့ မတူဘူးနော်။ ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်ကို သိအောင်ကြိုးစားပြီး ဘာတွေကို မြှင့်တင်သင့်တယ်၊ ဘာတွေကို ကောင်းကောင်းအသုံးချသင့်တယ်ဆိုတာ သိအောင် ကြိုးစားပါ။

၃။ စွန့်စားလုပ်ဆောင်ပါ။

ပျော်ရွှင်မှုနဲ့ အောင်မြင်မှုကို ရှာဖွေဖို့ သတ္တိရှိဖို့တော့ လိုပါတယ်။ ဒါကြောင့် စွန့်စားပါ။ မတွန့်ဆုတ်ပါနဲ့။ ဘာမှမကြိုးစားတာထက်စာရင် ကြိုးစားလိုက်လို့ ကျရှုံးတာက သင်ခန်းစာ အမြတ်ရပါတယ်။

၎။ ပျော်ရွှင်မှုကို အဓိပ္ပာယ် သတ်မှတ်ပါ။

ပျော်ရွှင်မှုနဲ့ ပတ်သက်ပြီး လေ့လာကြည့်ရာမှာ စိတ်ကျေနပ်မှု၊ ချီးမွမ်းခံရမှုနဲ့ ရည်ရွယ်ချက် ပြီးမြောက်မှုတွေ စုဆုံသွားတဲ့အခါမှာ စစ်မှန်တဲ့ပျော်ရွှင်မှုဟာ ဖြစ်တည်လာတယ်လို့ သိရပါတယ်။ သင့်ရဲ့ ပျော်ရွှင်မှုအစစ်အမှန်ကရော ဘာလဲ။ သင့်ဖာသာ သတ်မှတ်ကြည့်ပါ။

၅။ တစ်ဆင့်ချင်းကြိုတင်ပြင်ဆင်ပြီး လုပ်ဆောင်ပါ။

နောက်ထပ် ပရော့ဂျက်အသစ်တစ်ခုမစခင် လုပ်ရမယ့်အလုပ်အတွက် အစီအစဉ်ချပါ။ ပြီးရင် တစ်ဆင့်ချင်းလုပ်ဆောင်ပါ။ ကြိုတင်ပြင်ဆင်မှုတွေများပြီး စလုပ်ဖို့တောင် တွန့်ဆုတ်သွားတဲ့အထိတော့ မဖြစ်ပါစေနဲ့နော်။

၆။ တစ်ယောက်တည်းအချိန်ကို ဖန်တီးပါ။

အတွေးတွေ၊ အကြံဉာဏ်သစ်တွေဖန်တီးဖို့ တစ်ယောက်တည်း သီးသန့်ရှိနေရမယ့်အချိန်လေး လိုအပ်ပါတယ်။ ဒီလို တစ်ကိုယ်တည်းအချိန်မရှိဘူးဆိုရင်လည်း ရအောင် ဖန်တီးပါ။ တစ်နေ့ကို (၁၅) မိနစ်လောက်ဖြစ်ဖြစ်ပေါ့။

၇။ ကြောက်စိတ်တွေကို သတ်မှတ်ပါ။

ဘာကိုကြောက်စိတ်ဝင်နေတာလဲဆိုတာကို သိမှ ကြောက်စိတ်တွေကို ဖယ်ရှားနိုင်မှာပါ။ ကြောက်စိတ်တွေဆိုတာ ရှေ့ဆက်ဖို့အတွက်တော့ အဟန့်အတားတွေပါပဲ။ ဒါကြောင့် ကြောက်စိတ်တွေကို ဖယ်ရှားနိုင်အောင် ကြိုးစားပါ။

၈။ အရှုံးမပေးပါနဲ့။

ဘယ်လို အခက်အခဲနဲ့တွေ့တွေ့ လက်မလျှော့ပါနဲ့။ စီစဉ်ထားတဲ့အတိုင်းဖြစ်မလာရင် ဖြစ်လာအောင် ပြန်စီစဉ်ပါ။ ပိုင်ဆိုင်ထားရတဲ့အရာတွေအတွက်လည်း ကျေးဇူးတင်စိတ်မွေးပါ။

၉။ စိုးရိမ်စိတ်တွေကို စွန့်လွှတ်ပါ။

စိုးရိမ်ပူပန်စိတ်တွေများလွန်းနေပြီဆိုရင် ပျက်စီးဖို့ လမ်းစပါပဲ။ ပြီးတော့ စိုးရိမ်စိတ်တွေကြောင့် ရှေ့ဆက်မစွန့်စားနိုင်ဘဲ ကြောက်ရွံ့နေတတ်တယ်။ ဒီတော့ စိုးရိမ်စိတ်တွေကို လျှော့ချလိုက်ပါ။

၁ဝ။ စာနာနားလည်မှုထားပါ။

လုပ်ငန်းခွင်မှာ အတူတူလုပ်ကိုင်နေကြတဲ့ အဖွဲ့သားတစ်ယောက်ယောက် အလုပ်နဲ့ ပတ်သက်ပြီး အခက်အခဲဖြစ်နေတယ်ဆိုရင် အပြစ်တင်ဖို့ မစဉ်းစားဘဲ စာနာ နားလည်လိုက်ပါ။ သင့်မှာလည်း ခက်ခဲတဲ့ အချိန်တွေ ရှိခဲ့မှာပဲလေ။ တစ်ယောက်နဲ့တစ်ယောက် စာနာကူညီပြီး တိုးတက်အောင် ကြိုးစားတာကမှ အသင်းအဖွဲ့စိတ်ဓာတ်ဖြစ်ပါတယ်။

ဒီနည်းလမ်းလေးတွေကို အသုံးချပြီး ပိုမိုတိုးတက်ကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါစေနော်။