ငွေကြေးရေးရာကိစ္စတွေမှာ စမတ်ကျသူလေးတွေဖြစ်ချင်တယ်ဆိုရင်

blank
စာချစ်သူတို့ရေ…

လူတိုင်းကတော့ စမတ်ကျတဲ့ အသွင်အပြင်နဲ့ တင့်တင့်တယ်တယ်နေချင်ကြတာပါပဲ။ ငွေပေးချေမှုတွေနဲ့ ငွေကြေးရေးရာစီမံခန့်ခွဲမှုတွေကတော့ လူတွေဆွေးနွေးခဲတဲ့အရာတွေဖြစ်ပါတယ်။ ဒါကြောင့် ငွေကြေးရေးရာကိစ္စတွေမှာ စမတ်ကျသူတွေဖြစ်စေမယ့် အကြံ့ပုချက်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

  • ငွေကြေးပေးချေမှုတွေနဲ့ ပတ်သက်ပြီး ပြက္ခဒိန်မှာ ပေးစရာရှိတဲ့ ကိစ္စတွေကို ရက်စွဲနဲ့ အတိအကျမှတ်ထားပါ။ မီးမီတာနောက်ဆုံးပေးချေရမယ့်ရက်၊ အိမ်လခပေးရမယ့်ရက်စတာတွေကို မှတ်ထားခြင်းဟာ ငွေတွေကို အချိန်မီစီမံနိုင်စေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
  • ငွေကြေးသုံးစွဲမှုနဲ့ ပတ်သက်ပြီး ဖုန်းမှာ alert ထားတာ၊ mobile banking တွေကို သုံးစွဲတာဟာ ငွေတွေကို စည်းစနစ်ကျနစွာ စီမံနိုင်စေပါတယ်။
  • Credit ကတ်တွေ၊ ATM ကတ်တွေကို ပိုက်ဆံအိတ်ထဲမှာ အစီအရီစနစ်တကျထားတာဟာလည်း ငွေရှင်းခါနီးမှာ အိတ်ထဲကနေ ပြူးပြာပြီးရှာနေတာထက် အများကြီး စမတ်ကျစေပါတယ်။
  • ငွေကြေးနဲ့ ပတ်သက်ပြီး လက်ခံစာရွက်တွေ၊ဘောက်ချာတွေကို ဖိုင်တစ်ခုမှာ ကဏ္ဍအလိုက်ခွဲပြီး သိမ်းထားပါ။ တစ်ခုခုလိုတဲ့အခါ ဗြုတ်စဗျင်းတောင်း ရှာနေရတယ်ဆိုရင် ဘယ်စမတ်ကျပါ့မလဲနော်။
  • ပိုက်ဆံအိတ်ထားမယ့်နေရာကို သတ်သတ်မှတ်မှတ်ထားပါ။ အပြင်သွားခါနီးမှာ ပိုက်ဆံကိုရှာရ၊ ATM ကတ်ကြီး ဘယ်ရောက်နေမှန်းမသိစတဲ့ အဖြစ်တွေဟာ စမတ်ကျတဲ့သူတစ်ယောက်လုပ်ရမယ့် အရာတွေမဟုတ်ပါဘူး။ အိတ်တစ်အိတ်တည်းကို စွဲစွဲမြဲမြဲကိုင်ပြီး လိုအပ်မယ့်အရာတွေကို စနစ်တကျစီစဉ်ထားခြင်းဟာလည်း စမတ်ကျစေပါတယ်။
  • ဘယ်နေရာမှာ ဘယ်လောက်သုံးစွဲမယ်ဆိုတာကို အစကတည်းက စီစဉ်ထားပါ။ အပြင်ထွက်ပြီး မုန့်စားတာ၊ ဈေးဝယ်ထွက်တာ။ စတာတွေမှာ အစကတည်းက သုံးစွဲမယ့်ပမာဏကို စီစဉ်ထားခြင်းဟာ ငွေကြေးလက်လွန်မှုတွေကို လျော့ကျစေပါတယ်။

စာချစ်သူတို့အားလုံးအထက်ပါအချက်လေးတွေကို လိုက်နာပြီး စမတ်ကျကျ ငွေသုံးစွဲနိုင်ကြပါစေနော်။ သဘောကျနှစ်သက်ရင် SHARE ပေးလိုက်ပါဦး။