ရင်ခုန်စရာ သီတင်းကျွတ်ကာလလေးကို အမှတ်ရစရာလေးဖြစ်အောင် ဘာတွေလုပ်ကြမလဲ

blank

စာဖတ်ပရိသတ်တို့ရေ….

သီတင်းကျွတ်ဆိုတာ…

မြတ်စွာဘုရားရဲ့ သြဝါဒတွေကို သတိရပြီး ကုသိုလ်ကောင်းမှုတွေပြုကြ၊ လူကြီးသူမတွေကို အရိုအသေးပေးကြတဲ့ မင်္ဂလာရှိတဲ့အချိန်….

မီးပုံးဝါဝါလေးတွေနဲ့ လှချင်တိုင်းလှနေတဲ့ အိမ်လေးတွေရဲ့ အလှပြချိန်ဖြစ်သလို ကြယ်လေးတွေနဲ့ အလှဆင်ထားတဲ့ ကောင်းကင်ယံကြီးရဲ့ အလှဆုံးအချိန်…

ဘဝအတွက် အခြေအနေမျိုးစုံနဲ့ ကြိုးစားရင်း တစ်နယ်တစ်ကျေးကို ရောက်နေကြတဲ့ မိသားစုဝင်တွေအားလုံး ပြန်ဆုံချိန်ဖြစ်သလို ချစ်သူစုံတွဲတွေက အနာဂတ်အတွက် ခြေလှမ်းအသစ်တွေကို စဖို့ပြင်နေကြသလို ပျိုမေတွေကလည်း အလှဆုံးပြင်ဆင်ပြီး ပွဲတွေတက်ရောက်ဖို့ တာဆူနေကြတဲ့အချိန်လည်း ဖြစ်ပါတယ်။

စာချစ်သူတို့ရေ….

လူတိုင်းလူတိုင်းမှာ သတင်းကျွတ်နဲ့ ပတ်သက်ပြီး ဝေမျှစရာ ဇာတ်လမ်းတွေနဲ့ အမှတ်တရတွေရှိကြတာချည်းပါပဲ။ မမေ့နိုင်စရာ အမှတ်တရတွေနဲ့ ပြည့်နေတဲ့ သီတင်းကျွတ်ကာလမှာ အချင်းချင်းအမှတ်ရစရာ လက်ဆောင်လေးတွေ ပေးတတ်ကြပါတယ်။ တစ်သက်တာလုံးမှာ အမှတ်ရနေစေဖို့ တစ်သက်သာလုံးအတူတူရှိနေမယ့် လက်ဆောင်တွေ ပေးချင်ကြတာလည်း သဘာဝပါပဲ။ ဒီချိန်မှာ သဘာဝတရားရဲ့ အကောင်းဆုံးသော လက်ဆောင်တစ်ခုဖြစ်ပြီး ပျိုမေတို့တန်ဖိုးထားနှစ်သက်တဲ့ လက်ဝတ်ရတနာတစ်ခုဖြစ်တဲ့ စိန်ထည်လေးတွေကို လက်ဆောင်ပေးတတ်ကြသေးတယ်လေ။ ဒါကြောင့်လည်း စိန်ဝယ်မယ့် ပျိုမေလေးတွေ အချင်းချင်းဆွေးနွေးတိုင်ပင်နေကြတဲ့ အချိန်လေးတစ်ခုလည်း ဖြစ်ပါတယ်။

ကိုယ်တိုင်ရဲ့ မင်္ဂလာပွဲမှာ ဝတ်ဆင်ဖို့ပဲဖြစ်ဖြစ်…

တန်ဖိုးထားမြတ်နိုးရသူတွေကို လက်ဆောင်ပေးချင်တာပဲဖြစ်ဖြစ်….

အပြိုင်ရောက်လာတော့မယ့် မင်္ဂလာပွဲတွေကို တက်ရောက်ဖို့ လက်ဝတ်ရတနာလေးတွေကို ဝယ်ယူချင်တယ်ဆိုရင်…

အရည်အသွေးစိတ်ချရတဲ့ စိန်တိုက်ကောင်းကောင်းကို ရွေးချယ်ပါ။ အခိုင်အမာရပ်တည်လာခဲ့တဲ့ စိန်တိုက်ကို ရှာဖွေပါ။ ဒီဇိုင်းလက်ရာ ဆန်းသစ်ပြီး ဝန်ဆောင်မှုကောင်းမွန်တဲ့ စိန်တိုက်ကိုရွေးချယ်ပါလို့ အကြံပေးပါရစေနော်။

           စိန်ချစ်သူတွေအတွက် အကောင်းဆုံးသော အရည်အသွေးနဲ့ ဝန်ဆောင်မှုတွေကို ပေးနေတဲ့ စိန်တိုက်ဆိုရင်တော့ တော်ဝင်စိန်တိုက်ကိုပဲ ညွှန်းဆိုရမှာပေါ့။ ဒီတစ်နှစ်သီတင်းကျွတ်မှာ စိန်ပွင့်လေးတွေနဲ့အပြိုင်လှကြတော့မယ့် ပျိုမေလေးတွေအတွက် တော်ဝင်စိန်တိုက်မှာ (၂၇-၉-၂ဝ၁၇) ကနေ (၁-၁ဝ-၂ဝ၁၇) အထိ ကျင်းပမယ့် နှစ်(၃ဝ) ပြည့်အခမ်းအနားလေးမှာ တက်ရောက်ဖို့လည်း ဖိတ်ခေါ်ပါရစေ။ နှစ်(၃ဝ) ကြာအောင် နာမည်ဂုဏ်သတင်းနဲ့ ရပ်တည်နိုင်ခဲ့အတွက် ဂုဏ်ယူဝမ်းသာမိသလို ဆက်လက်ပြီးတော့လည်း ကြိုးစားနေဦးမှာပါနော်။ စိန်ချစ်သူများနဲ့ မိတ်ဆွေသင်္ဂဟတွေအားလုံး VIP Visit Days အဖြစ် ကြွရောက်ကြဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ စိန်ချစ်သူတွေအားလုံး ပျော်ရွှင်စရာ သီတင်းကျွတ်ကာလကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။ စာချစ်သူတို့အတွက် သီတင်းကျွတ်အမှတ်တရစာစောင်လေးကို တော်ဝင်စိန်တိုက်နှင့် ဂန္ထဝင်မဂ္ဂဇင်းမှ ပူးပေါင်းတင်ဆက်ကြည့်လိုက်ပါတယ်ရှင်။