ဇောတိကငယ်လေးတွေဖြစ်စေမယ့် ငွေစုနည်းလေးတစ်ခု (သို့မဟုတ်) ENVELOPE METHOD

blank

စာချစ်သူတို့ရေ….

တစ်လတစ်လဝင်ငွေတွေကို အလျဉ်မီအောင် သုံးဖို့ကြိုးစားရင်း လုံးပန်းနေတယ်ဟုတ်။ “ရှာရထက် သုံးရခက်” ဆိုတဲ့အတိုင်း ငွေဆိုတာကလည်း ရှာရခက်သလောက် လောက်ငှအောင် စုမိအောင် သုံးဖို့က ပိုပြီးတော့ ခက်တယ်မဟုတ်လား။ ငွေတွေကို စနစ်တကျစီမံနိုင်ပြီး ငွေသုံးစွဲမှုကျစ်ကျစ်လျစ်လျစ် ရှိချင်တဲ့ စာချစ်သူတွေအတွက် နည်းလမ်းလေးတစ်ခုကို ဝေမျှပေးလိုက်ပါတယ်ရှင်။

အဲ့ဒီနည်းလမ်းလေးကတော့ စာအိတ်ထဲမှာ ငွေတွေကို ခွဲခြားထည့်ပြီးကဏ္ဍအလိုက်ခွဲဝေသုံးစွဲတဲ့ ENVELOPE METHOD ပဲဖြစ်ပါတယ်။ ဒီနည်းလမ်းလေးဟာ ငွေကိုကောင်းစွာစီမံခန့်ခွဲစေနိုင်ပြီး သင်ငွေတွေကို ဘယ်နေရာတွေကို အသုံးပြုနေလဲဆိုတာကို သိစေပါတယ်။ နည်းလမ်းလေးကတော့ လွယ်ပါတယ်..

၁။ ပထမဦးဆုံး သင်ငွေအသုံးပြုရတဲ့ နေရာတွေကို စာရင်းပြုစုပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

(ဥပမာ…. အဆောင်လခ၊ ရေဖိုး၊ မီးမီတာခ၊ ထမင်းစရိတ်၊ ဓာတ်ဆီဖိုး၊ မုန့်ဖိုး၊ ဆေးဖိုးဝါးခ၊ အရေးပေါ်အသုံးစရိတ်)

၂။ ပြီးရင် သင်ခွဲထားတဲ့ ကဏ္ဍတွေအရေအတွက်အလိုက် စာအိတ်တွေဝယ်ပါ။ အဲဒီစာအိတ်တွေအားလုံးထည့်လို့ ရမယ့်စာအိတ်အကြီးကြီးတစ်လုံးကို ဝယ်ပါ။

၃။ သင်လခထုတ်လာတဲ့အခါ သင့်လခကို ဘယ်နေရာမှာ ဘယ်လောက်သုံးသင့်လဲဆိုတာကို ခွဲခြမ်းစိတ်ဖြာပြီး ငွေတွေကို ခွဲဝေပြီး စာအိတ်တွေထဲပါ။ စာအိတ်သေးသေးလေးတွေကို စာအိတ်အကြီးကြီးထဲ စုထည့်ထားပါ။

၎။ သင်ငွေသုံးစွဲဖို့ လိုတဲ့အခါ သက်ဆိုင်ရာ စာအိတ်တွေထဲကနေ ထုတ်ယူသုံးစွဲပါ။

အဲဒီလိုလုပ်ခြင်းဟာ….

သင့်ငွေကြေးသုံးစွဲမှုကို ကျစ်လျစ်စေတယ်။ မလိုအပ်ဘဲ ငွေကြေးသုံးစွဲမှုကို လျော့ကျစေတယ်။ အကယ်၍ သင်မကြာခဏမုန့်ထွက်စားဖြစ်နေတယ်ဆိုရင် အဲဒီစာအိတ်က အခြားစာအိတ်တွေထက် အလျော့မြန်လာမယ်။ အဲဒါကြောင့်သင့်ကိုယ်သင် သတိပေးနိုင်မယ်လေ။ တစ်လကုန်သွားတဲ့အခါ တချို့စာအိတ်လေးတွေမှာ ငွေနည်းနည်းလောက်သာ ကျန်နေခဲ့ရင် သင်ပျော်ရွှင်လာပြီး နောက်လတွေမှာလည်း ချွေတာနိုင်ဖို့ အားတစ်ခုရလာမှာဖြစ်ပါတယ်။ ချိန်းထားတဲ့အချိန်ထက် ငါးမိနစ်လောက်စောပြီးရောက်အောင် သွားတတ်တဲ့အကျင့်ဟာ အချိန်လေးစားတဲ့သူတစ်ယောက် ဖြစ်သွားစေသလိုပဲ သင်အနည်းငယ်စီ ချွေတာလိုက်နိုင်တဲ့ ငွေလေးတွေဟာသင့်ကို စုဆောင်းနိုင်တဲ့သူတစ်ယောက်ဖြစ်စေပါတယ်။ တစ်လကုန်သွားတဲ့အခါ ပိုနေတဲ့ငွေလေးတွေကို စာအိတ်အကြီးထဲ ပြောင်းထည့်ထားပြီး ယခင်လကလိုပဲ ငွေတွေကို ပြန်ခွဲပြီးထည့်ပါ။

အဲဒီနည်းလေးအတိုင်း ကျင့်ကြံသွားတဲ့အခါ လပေါင်းများစွာကြာလာတဲ့အချိန်မှာ သင်ဟာ ငွေတွေကို ကျစ်ကျစ်လျစ်လျစ်သုံးနိုင်တဲ့သူတစ်ယောက်၊ စုဆောင်းမိတဲ့သူတစ်ယောက်ဖြစ်လာမှာ အသေအချာပါပဲ။

သင့်အတွက် အသုံးဝင်ခဲ့ရင် သူငယ်ချင်းတွေကို SHARE ပေးလိုက်ပါဦးနော်။