အသက် (၃ဝ)မပြည့်ခင်မှာ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ ငွေကြေးစီမံပုံအဆင့်ဆင့်

blank

၁။ ကျန်းမာရေး၊ လူမှုရေး၊ သာရေးနာရေး စတဲ့ ကိစ္စတွေမှာ အရေးပေါ်သုံးဖို့ ငွေသီးသန့်စုဆောင်းထားပါ။ အလွယ်တကူထုတ်သုံးမိတာမျိုးမဖြစ်အောင် ဘဏ်မှာ စုဆောင်းထားတာ အကောင်းဆုံးပါ။

၂။ မလိုအပ်ဘဲ ဝယ်တာတွေ၊ သုံးတာထက် ဖြုန်းတဲ့သဘောပိုသက်ရောက်တဲ့ ဝယ်ယူမှုတွေကို ဖြည်းဖြည်းချင်း စွန့်လွှတ်ပါ။

၃။ အစစအရာရာ လစ်ဟာမှုမရှိတဲ့ တစ်လတာငွေကြေးသုံးစွဲမှုအစီအစဉ်ကို စတင်ရေးဆွဲပါ။ ဝင်ငွေရဲ့ ဘယ်လောက်ကို စုမယ်၊ ဘယ်လောက်ကို သုံးမယ်၊ ဘယ်လောက်ကို ရင်းနှီးမြှုပ်နှံမယ် စသဖြင့် ကြိုတင်အစီအစဉ်ဆွဲပြီး သတ်မှတ်ထားပါ။

၎။ အချိန်ကိုက်ပေးရတဲ့ အတိုးတွေ၊ မီတာခတွေနဲ့ အခြားစရိတ်စကတွေကို နောက်မကျဘဲ အချိန်မီပေးနိုင်အောင် ကြိုးစားပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ လက်ရှိလုပ်နေတဲ့ အလုပ်ပြင် အပိုဝင်ငွေရဖို့ အလုပ်တစ်ခုထပ်လုပ်ပါ။ အချိန်ပိုင်းလုပ်တာတွေ၊ အရောင်းအဝယ်လေးတွေပေါ့။

၆။ လက်ရှိမှာ ပေးစရာအကြွေးတွေရှိနေတယ်ဆိုရင် အမြန်ဆုံးအကြွေးတွေ အကျေဆပ်နိုင်ဖို့ ကြိုးစားပါ။ တစ်လုံးတစ်ခဲကြီး မဆပ်နိုင်ဘူးဆိုရင်တောင် ခွဲပြီးဆပ်ဖို့ကြိုးစားပါ။

၇။ အိုဇာတာကောင်းဖို့ စတင်စုဆောင်းပါ။ ကံတရားဟာ ဘယ်လိုဖြစ်လာမယ်မှန်းမသိသေးပေမဲ့ အသက်အရွယ်ရလာရင် အလုပ်ကနေပင်စင်ယူပြီး ဝင်ငွေမရှိတဲ့ဘဝမှာ နေရတော့မှာပါ။ ဒီတော့ အသက်ကြီးတဲ့အခါ အေးအေးဆေးဆေးထိုင်စားနိုင်ဖို့ ငယ်တုန်းကတည်းက ကြိုးစားပြီး စုဆောင်းပါ။

၈။ ငွေကြေးက ကိုယ့်ကိုယ် လွှမ်းမိုးချုပ်ကိုင်နေတာမျိုးမဖြစ်စေဘဲ ကိုယ်က ငွေကြေးကို ကောင်းစွာထိန်းချုပ်စီမံနိုင်အောင် ကြိုးစားပါ။ ငွေကြောင့် အလုပ်လုပ်တာမျိုးမဖြစ်စေဘဲ အလုပ်ကြောင့်ငွေရတယ်ဆိုတာမျိုးဖြစ်အောင် ကြိုးစားပါ။

၉။ ငွေကြေးစီမံမှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူ၊ အတွေ့အကြုံရှိသူတွေဆီကနေ အကြံဉာဏ်ရယူပါ။ ပြီးရင် အကောင်းဆုံးနည်းလမ်းနဲ့ ဝင်ငွေတွေပိုတိုးလာအောင် ကြိုးစားပါ။

ဂန္ထဝင်ပရိသတ်ကြီးရေ…

ဒီအချက်လေးတွေကတော့ အသက် (၃ဝ)မပြည့်ခင်မှာ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ ငွေကြေးစီမံမှုလေးတွေပါပဲ။

ပရိသတ်ကြီးအားလုံး ကျန်းမာချမ်းသာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါစေရှင်။

မှတ်သားစရာ တစ်ခုခုရလိုက်တယ်ဆိုရင် SHARE လိုက်ပါ။