ရှော့ပင်အထွက်မပျက်ဘဲ ငွေစုချင်သူတွေအတွက် အကောင်းဆုံးနည်းလမ်း (၅)သွယ်

Girl with a many shopping bag looking to the show product in shopping mall.Business shopping situation idea concept.

တစ်လတစ်လ ငွေလေးပိုအောင်စုချင်ပေမဲ့ ရှော့ပင်ထွက်ပြီး စိတ်တိုင်းကျ ဝယ်ချင်စိတ်တွေ မကြာခဏဖြစ်ပေါ်နေတတ်တဲ့သူတွေအတွက် အကောင်းဆုံးနည်းလမ်းလေးတွေကို မျှဝေပေးပါရစေ။ သေသေချာချာပြောရရင်တော့ ဈေးဝယ်ရင်း ငွေအပိုမကုန်ပဲ စုမိဆောင်းမိရှိနိုင်မယ့် နည်းလမ်းလေးတွေပေါ့။

၁။ Shopping application တွေ သုံးပြီး ဝယ်ပါ။

Shopping application တွေသုံးတာက ဈေးနှုန်းတွေကို သေသေချာချာစိစစ်ပြီး ရွေးချယ်နိုင်တယ်၊ ပြီးတော့ စိတ်လိုလက်ရမဝယ်လိုက်ဘဲ တကယ်လိုအပ်ရဲ့လားဆိုတာ ပြန်လည်ဆင်ခြင်မိစေတာကြောင့် ငွေစုနိုင်ဖို့ အခွင့်အရေးရပါတယ်။

၂။ ပရိုမိုးရှင်းကာလတွေကို စောင့်ပြီး ဝယ်ပါ။

နာမည်ကြီး brand တွေရော၊ ဖက်ရှင်ဆိုင်တွေမှာပါ ပွဲတော်ရက်တွေနားနီးရင် လျှော့ဈေးချပြီး ရောင်းလေ့ရှိပါတယ်။ လျှော့ဈေးရတော့ ငွေကုန်သက်သာပြီး စုမိဆောင်းမိဖြစ်စေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ အချိန်ကြာကြာအသုံးခံမယ့် အရည်အသွေးကောင်းပစ္စည်းတွေကိုပဲ ရွေးချယ်ဝယ်ယူပါ။

အရည်အသွေးမကောင်းတဲ့ ဖိနပ် သုံးရံဝယ်တာထက်၊ အရည်အသွေးကောင်းပြီး ခိုင်ခံ့တဲ့ ဖိနပ်တစ်ရံဝယ်တာက ဈေးအနည်းငယ်ပိုကြီးနိုင်ပေမဲ့ လူမြင်တင့်တယ်ပြီး ကြာရှည်ခံပါတယ်။ ခဏခဏမဝယ်ရတော့ ကုန်ကျငွေကိုလည်း သက်သာစေပြီး ငွေစုမိစေပါတယ်။

၎။ ဈေးဝယ်ထွက်တော့မယ်ဆိုရင် တကယ်အသုံးပြုမယ့် ငွေပမာဏကို သတ်မှတ်ပါ။

ပစ္စည်းတစ်ခုခုကို အရေးတကြီးလိုအပ်လာလို့ သွားဝယ်ရင်း အခြားပစ္စည်းလေးတွေကြိုက်လို့ ဝယ်မိရာကနေ ငွေတွေပိုကုန်တတ်ပါတယ်။ ဒီတော့ ဈေးဝယ်သွားတော့မယ်ဆိုရင် တကယ်လိုအပ်တဲ့ပစ္စည်းကဘာလဲ၊ ငွေပမာဏဘယ်လောက်ပဲသုံးမှာလဲ စသည်ဖြင့် ကြိုတင်စဉ်းစားသတ်မှတ်ပါ။

၅။ ကိုယ့်ရဲ့ ဖိနပ်ဆိုဒ်၊ အင်္ကျီဆိုဒ်တွေကို သေသေချာချာသိထားပါ။

ဈေးလျှော့ရောင်းတာတွေအများစုက အထည်တွေ၊ ဖိနပ်တွေအများကြီးထဲကမှ မြန်မြန်ရွေးယူရတာဆိုတော့ ဝတ်ကြည့်ဖို့အချိန်မရှိပါဘူး။ ပြီးတော့ မတော်ရင်လည်း ပြန်လဲမပေးတဲ့အခါ အလကားသက်သက်ငွေကုန်ပါတယ်။ ကိုယ့်ရဲ့ ဆိုဒ်တွေကို သိထားတော့ ဘာဝယ်ဝယ်အဆင်ပြေပြီး ငွေအပိုကုန်စရာမလိုတော့ပါဘူး။

မှတ်သားစရာတစ်ခုခုရလိုက်တယ်ဆိုရင် SHARE လိုက်ပါ။