ဝင်ငွေထွက်ငွေကို ကောင်းစွာစီမံခန့်ခွဲလိုသူများအတွက် အသုံးတည့်များနည်းလမ်းများ

blank

စာချစ်သူတို့ရေ…

အိပ်ယာစောစောထတတ်တဲ့အကျင့်၊ ဘုရားရှိခိုးပြီးမှ အိပ်ယာဝင်တတ်တဲ့အကျင့် အစရှိတဲ့အလေ့အကျင့်တွေလိုပဲ ငွေကြေးတွေကို စနစ်တကျစီမံတတ်တဲ့အလေ့အကျင့်ဟာလည်း ဘဝအတွက်အရေးကြီးလှပါတယ်။ အဲဒီအလေ့အကျင့်လေးကို ပုံမှန်လေ့ကျင့်မွေးမြူသွားမယ်ဆိုရင် မိမိရဲ့ငွေကြေးဆိုင်ရာရည်မှန်းချက်တွေကို ဖြည့်တင်းနိုင်စေပါတယ်။ ဒါကြောင့် ဇောတိကလောင်းလျာလေးတွေအတွက် ငွေကြေးတွေကိုကောင်းစွာစီမံနိုင်စေမယ့် မွေးမြူသင့်တဲ့အလေ့အကျင့်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ ဝယ်ချင်တဲ့အရာတွေကို စာရင်းပြုစုထားပါ။ ဈေးဝယ်ထွက်တဲ့အခါ အဲဒီ List အတိုင်းဝယ်ပါ။ အဲဒီလိုလုပ်ခြင်းအားဖြင့် မလိုအပ်တဲ့အရာတွေ ဝယ်မိခြင်းကိုတားဆီးနိုင်ပါတယ်။

၂။ အသုံးစရိတ်တွေအကုန်လုံးကို ချရေးထားပါ။ တစ်နေ့တာကုန်ဆုံးတဲ့အခါ မိမိသုံးမိတဲ့ငွေတွေကို တွက်ချက်ကြည့်ခြင်းကလည်း မလိုအပ်ဘဲငွေသုံးမိခြင်းကို လျှော့ချနိုင်စေပါတယ်။

၃။ ငွေအများကြီးကို လက်ထဲကိုင်မထားပါနဲ့။ တစ်လစာအသုံးစရိတ်ကို ပျမ်းမျှတွက်ပြီးချန်ထားပါ။ ကျန်ငွေတွေကို စုဆောင်းထားပါ။ သင့်လက်ထဲမှာငွေများစွာ မထားခြင်းအားဖြင့် လက်ဖွာဖွာနဲ့ သုံးတတ်တဲ့အကျင့်တွေကို လျော့ကျစေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ငွေတွေကို ကဏ္ဍအလိုက်ခွဲဝေစုဆောင်းထားပါ။ ကျန်းမာရေးအသုံးစရိတ်၊ အရေးပေါ်အသုံးစရိတ်၊ စားသောက်စရိတ်စသည်ဖြင့် ခွဲဝေအသုံးခြင်းဟာလည်း ငွေတွေကိုစနစ်တကျစီမံခန့်ခွဲနိုင်စေပါတယ်။

၅။ အိမ်မှာပဲချက်ပြုတ်စားသောက်ပါ။ အပြင်မှာဝယ်စားတာလျှော့ပြီး အိမ်မှာပဲ ချက်ပြုတ်စားသောက်တဲ့အခါ ငွေကြေးအလေအလွင့်တွေကို လျော့ချစေပါတယ်။

၆။ ငွေကြေးဆိုင်ရာမျှော်မှန်းချက်တွေကို သေချာချမှတ်ထားပါ။ တစ်လကုန်သွားတိုင်း မိမိရဲ့မျှော်မှန်းချက်တွေနဲ့ မိမိလျှောက်လှမ်းနေတဲ့လမ်း သွေဖယ်မှုရှိမရှိ သုံးသပ်ပါ။ အဲဒီလုပ်ခြင်းအားဖြင့် ငွေကိုလက်လွတ်စပါယ်သုံးတတ်တဲ့အကျင့်ကို လျော့ကျစေပါတယ်။

၇။ ခေတ်မီနည်းပညာတွေကိုသုံးပြီး ငွေစုပါ။ ဘဏ်မှာငွေအပ်နှံတာ၊ Mobile Banking တွေ အသုံးပြုခြင်းဟာ အချိန်ကုန်သက်သာစေပြီး ငွေတွေကိုလည်း တိုးပွားစေပါတယ်။ စိတ်ချယုံကြည်ရတဲ့ ဘဏ်တစ်ခုခုမှာ အစီအစဉ်တွေချပြီး ငွေကြေးအပ်နှံထားခြင်းဟာလည်း ငွေတွေကိုကောင်းစွာစီမံနိုင်စေပါတယ်။

သဘောကျနှစ်ခြိုက်ရင် SHARE ပေးလိုက်ပါဦး။