အဆင်းမှာ သုညဖြစ်ခဲ့ပေမဲ့ အချင်းကြောင့်ကမ္ဘာကျော်လာတဲ့ မိန်းကလေးတစ်ယောက်အကြောင်း

blank

ဒီနေ့… ကမ္ဘာအရပ်ရပ်က သန်းပေါင်းများစွာသော ယူကျုအသုံးပြုသူတွေကြားထဲမှာ “လစ်ဇီ ဗယ်လက်စ်ကွဇ် (Lizzie Velásquez)” ဆိုတဲ့နာမည်ဟာ စိမ်းတဲ့နာမည်မဟုတ်တော့ပါဘူး။ သူမဟာ အွန်လိုင်းပေါ်မှုာ “ကမ္ဘာ့ရုပ်အဆိုးဆုံးမိန်းမသား” တစ်ယောက်အဖြစ်လည်း နာမည်ကြီးပါတယ်။ လစ်ဇီ ဟာ ရှားပါးတဲ့ရောဂါအခြေအနေတစ်ခုကြောင့် အရိုးစုတမျှ ပိန်သွယ်တဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးပါ။

သူမကို မွေးဖွားခဲ့ချိန်မှာ ဆရာဝန်တွေက သူမရဲ့မိခင်ကို “ ခင်ဗျားရဲ့ သမီးလေး စကားပြော တတ်လာဖို့၊ လမ်းလျှောက်တတ်လာဖို့၊ ဉာဏ်ရည် ကောင်းဖို့တွေကို မျှော်လင့်ချက်ကြီးကြီး မထား ထားပါနဲ့။ သူမတစ်သက်လုံး သူမကိစ္စတွေကိုတောင်ကိုယ်တိုင်လုပ်နိုင်မယ့်အခြေ အနေမရှိပါဘူး ” လို့ ကြိုတင်သတိပေးခဲ့ကြတယ်။ ဒါကို လဇ်နာမည်ရလာတဲ့ နောက်ပိုင်းစကားဝိုင်းတစ်ခုမှာ ထုတ်ဖော် ပြောဆိုခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ လဇ်ဟာ စာရေးသူတစ်ယောက်၊ တက်ကြွလှုပ်ရှားသူ တစ်ယောက်၊ နေရာအနှံ့က ဖိနှိပ်ခံဒုက္ခသည်တွေရဲ့အရှေ့မှာ မားမားမတ်မတ်ရပ်တည်ပြီး အားပေး နိုင်သူတစ်ယောက်ဖြစ်နေခဲ့ပါပြီ။ သူမရဲ့လုပ်ဆောင်မှုတွေကို သူမရဲ့ကိုယ်ပိုင် Youtube channel မှာ တင်ထားပြီး ပုံမှန်အားပေးသူပရိသတ် သုံးသိန်းခွဲကျော်ရှိနေပါပြီ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

“ ကျွန်မဟာ ကျွန်မကိုယ်ကျွန်မ လူတွေခေါ်ကြတဲ့ ရုပ်ဆိုးမတစ်ယောက်အဖြစ်ပဲ ကိုယ်စားပြု သတ်မှတ်ခွင့်ပေးရမလား။ ကျွန်မကို နှိမ့်ချစော်ကားလိုသူတွေအလိုကျပဲ ဘဝကို အရှုံးပေးလိုက်ရမ လားလို့ တွေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မဘဝကို အဲ့ဒီလိုအဆုံးသတ်ခွင့်မပြုနိုင်ပါဘူး။ ကျွန်မရဲ့ပန်းတိုင်၊ ကျွန်မရဲ့အောင်မြင်မှုနဲ့ ချီးမွမ်းခံရမှုတွေကပဲ ကျွန်မကို ကိုယ်စားပြုတာမျိုးဖြစ်စေရမယ်။ အပေါ်ယံ ပြင်ပပုံစံရဲ့ရိုက်ခတ်မှုနဲ့ ကျွန်မကိုယ်ကျွန်မ ကိုယ်စားမပြုစေရဘူးလို့ ဆုံးဖြတ်ချက်ချခဲ့တယ်” လို့ လဇ်က ပြောဆိုခဲ့တယ်။

လဇ်ရဲ့ဘဝအဓိပ္ပာယ်ဖွင့်ဆိုချက်တွေဟာ စိတ်ဓာတ်ခွန်အားတွေ၊ အပြုသဘောဆောင်တဲ့ အ တွေးအမြင်တွေနဲ့ ယှဉ်တွဲနေခဲ့တယ်။ အဲ့ဒီအတွေးအမြင်တွေအတိုင်းဖြစ်အောင်လည်း သူမဘဝကို ရုန်းကန်တည်ဆောက်ခဲ့တယ်။ ကြိုးစားအားထုတ်ခဲ့တယ်။ အခုအချိန်မှာတော့ လဇ်ဟာ တက်ကြွပြီး လူအများကို ဦးဆောင်နိုင်သူတစ်ဦးဖြစ်လာခဲ့ပါပြီ။ ဖိနှိပ်ခံဇာတ်လမ်းဖြစ်တဲ့ A Brave Heart ဆိုတဲ့ဖြစ် ရပ်မှန်ဇာတ်လမ်းရဲ့ ကြယ်တစ်ပွင့်လည်း ဖြစ်လာခဲ့ပါပြီ။

လဇ်ရဲ့နာမည်ကျော်စကားတစ်ခွန်းကတော့ “ ကျွန်မသိတာကတော့ ဖိနှိပ်ခံရလွန်းတဲ့သူဟာ အပေါ်ကို ပြန်ကန်တက်လာတတ်တယ်။ ကျွန်မကတော့ အသက်ရှင်နေသရွေ့ ကျွန်မရဲ့ကြိုးစားမှု တွေကို ဘယ်တော့မှ လက်လျှော့အရှုံးပေးမှာ မဟုတ်ပါဘူး” တဲ့။

စိတ်ဓာတ်ခွန်အားတွေမျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။