ကဲ့ရဲ့ခံဘဝကနေ အားကျစရာဘဝတစ်ခုကိုတည်ဆောက်နိုင်ခဲ့သူ သို့မဟုတ် လေဒီဂါဂါ

blank

          လေဒီဂါဂါဆိုတာ သတင်းတွေထဲမှာ အမြဲဟော့နေပြီး ကောလဟာလဒဏ်တွေကို ခံရတဲ့ ပေါ့ပ်အဆိုတော်တစ်ယောက်ပါ။ ဒါပေမဲ့ သူမကိုဘယ်လောက်ပဲ မကောင်းပြောဝေဖန်ကြတဲ့သူတွေပဲ ဖြစ်ဖြစ် သူမရဲ့အရည်အချင်းကိုတော့ အသိအမှတ်မပြုဘဲနေလို့မရပါဘူး။

စတီဖနီ ဂျော်နီ အန်ဂျလီနာ ဂျာမန်နောတ်တာ (Stefani Joanne Angelina Germanotta) ဆိုတဲ့မိခင်ထံကနေ ၁၉၈၆ ခုနှစ်မှာမွေးဖွားခဲ့တဲ့  ဂါဂါကို အီတလီ-အမေရိကန်လူမျိုး မွေးစားမိဘနှစ်ပါးက ပြုစုပျိုးထောင်ခဲ့ပါတယ်။ သူမရဲ့မွေးစားမိဘတွေက ပညာရေးကိုအလေးထားတတ်သူတွေဖြစ်တာကြောင့် သူမဟာ ပညာရေးဘက်မှာ စိတ်အားထက်သန်သူတစ်ဦးဖြစ်လာခဲ့ပါတယ်။

သူမငယ်ငယ်က မျက်ခုံးထူထူ နီနီရဲရဲ အသားအရေနဲ့ ထူးထူးခြားခြား ပုံပန်းသဏ္ဍာန်ကြောင့် ကောင်လေးတွေက လှောင်ရယ်လေ့ရှိတာကြောင့် ဂါဂါ့ဘဝရဲ့ စိန်ခေါ်မှုတွေက သူမငယ်စဉ်ကတည်းက စတင်ခဲ့တယ်လို့တောင် ပြောလို့ရပါတယ်။ ဒါပေမဲ့ အဲဒီလှောင်ပြောင်မှုတွေကပဲ သူမကိုကြိုးစားချင်တဲ့စိတ်ဖြစ်အောင် တွန်းပို့ခဲ့တယ်လို့ သူမက ခံယူခဲ့သူပါ။ “လှောင်ပြောင်မှုဆိုတာ တစ်သက်လုံးရှိနေတဲ့အရာမဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒါတွေကို လိုက်ခံစားနေမယ်ဆိုရင်တော့ သူတစ်ပါးရဲ့ကဲ့ရဲ့ခံဘဝကနေ ဘယ်တော့မှ လွတ်မှာမဟုတ်ပါဘူး။ ရှင်တို့အခု ကျွန်မကို စူပါစတားတစ်ယောက်အဖြစ်သိကြတယ်။ ကျွန်မရဲ့သီချင်းတွေကို သိန်းပေါင်းချီတဲ့ပရိသတ်တွေက Youtube မှာ download ဆွဲကြတယ်။ ဒါပေမဲ့ ကျွန်မငယ်ငယ်က ရှုံးနိမ့်ခြင်းပေါင်းများစွာကို ရင်ဆိုင်ခဲ့ရတယ်ဆိုတာကို ဘယ်သူမှမသိဘူး” လို့ သူမက ဆိုပါတယ်။

ဂါဂါအသက် ၁၁နှစ်အရွယ်မှာ သူမဂီတသင်တန်းကို စတက်ခဲ့တယ်။ သူမသင်တန်းက လေ့ကျင့်ခန်းတွေကို အိမ်မှာ အပြင်းအထန်လေ့ကျင့်ခဲ့တယ်။ သူမဟာလေ့ကျင့်မှုတွေရဲ့အစွမ်းကို ပြင်းထန်စွာ ယုံကြည်တာကြောင့် လေ့ကျင့်ခြင်းကို အမြဲအဖော်ပြုခဲ့ပါတယ်။  ငယ်ငယ်က ရော့ခ်ကိုစတင်တီးခတ်တဲ့အချိန်ကစပြီး စူပါစတားတစ်ယောက်ဖြစ်တဲ့အထိ လေ့ကျင့်ခြင်းဟာ အောင်မြင်ခြင်းရဲ့ သော့ချက်လို့ သူမကယူဆခဲ့ပါတယ်။

ဂါဂါ အထက်တန်းကျောင်းပြီးတဲ့အချိန်မှာ သူမက NYU Tisch အနုပညာကျောင်းကို တက်ရောက်ခဲ့ပါတယ်။ စူပါစတားတစ်ယောက်ဖြစ်ရမယ်ဆိုတဲ့ မျှော်လင့်ချက်တစ်ခုကလွဲပြီး ဘာမှသေချာရေရာမှုမရှိပေမဲ့ သူမရဲဝံ့စွာပဲ စွန့်စားခဲ့ပါတယ်။

“ကျွန်မရဲ့ မိသားစုကိုပစ်ထား၊ ဈေးအပေါဆုံးတိုက်ခန်းကိုငှား၊ ဖြစ်သလိုစားသောက်ပြီး ကျွန်မအသံကိုတစ်ယောက်ယောက်ကများ နားထောင်ချင်မလားဆိုတဲ့ စိတ်နဲ့ ဆင်းရဲဒုက္ခတွေကို ကျော်ဖြတ်ခဲ့ရတယ်။ ကျွန်မဘယ်လောက်ပဲ ကျရှုံးခဲ့ကျရှုံးခဲ့ ကျွန်မနှစ်သက်တဲ့ ဂီတကိုကျွန်မ ပြင်းပြစွာဖက်တယ်ထားခဲ့တယ်”  လို့ဂါဂါက ဆိုပါတယ်။

သူမအသက် ၁၉ နှစ်အရွယ်မှာတော့သူမရဲ့ မျှော်လင့်ချက်တွေအနည်းငယ် လင်းလက်လာခဲ့တယ်။ သူမဟာ ဒဖ် ဂျမ်( Def Jam) တေးသံသွင်းအတွက် သီဆိုဖို့ လက်မှတ်ထိုးခဲ့ရပါတယ်။ သုံးလအကြာမှာတော့ အဲဒီခွေကိုမထုတ်ဖြစ်တော့တဲ့အတွက် သူမကို ပြန်လည်ငြင်းဆိုခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး သူမဟာ ကံကကြမ္မာရဲ့ ကျီစယ်မှုတွေကို တောက်လျှောက်ခံခဲ့ရပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂ဝဝ၈ ခုနှစ်မှာတော့ သူမရဲ့ ချစ်သူက အင်တာစကုပ် တေးသံသွင်း( Interscope) မှာ သီချင်းရေးပေးဖို့ ခေါ်ဆောင်လာခဲ့ပါတယ်။ သူမရေးခဲ့တဲ့သီချင်းအတွက် အဖွင့်နမူနာကို ဆိုပြနေတဲ့အချိန်မှာ အဆိုတော်အေကွန်  (Akon)က သူမရဲ့ အသံကိုသဘောကျသွားပြီး သူ့ရဲ့အသစ်ထွက်မယ့်အခွေမှာ သီချင်းဆိုဖို့ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ သူမရဲ့ကံဟာ တစ်စခန်းထလာခဲ့ပါတယ်။

ဂါဂါဟာ အနုပညာရှင်တစ်ယောက်အနေနဲ့သာမက ဖက်ရှင်အိုင်ကွန်တစ်ယောက်လည်းဖြစ်လာခဲ့ပါတယ်။ သူမရဲ့ သီချင်းသံဟာ သူမကိုတောက်ပတဲ့ကြယ်တစ်ပွင့်ဖြစ်စေခဲ့ပါတယ်။ ငယ်ငယ်က ကဲ့ရဲ့ခံခဲ့ရတဲ့ သူမရဲ့ ပုံပန်းသဏ္ဍာန်ကပဲ သူမကိုထူးခြားစွာတောက်ပစေခဲ့တယ်။ ပြင်းပြတဲ့ဆန္ဒနဲ့ ကြိုးစားအားထုတ်မှုသာရှိနေမယ်ဆိုရင် လှောင်ပြောင်ကဲ့ရဲ့မှု၊ဝေဖန်သရော်မှုတွေက အဟန့်အတားတစ်ခုမဖြစ်နိုင်ဘူးဆိုတာကို လေဒီဂါဂါက သက်သေပြခဲ့တယ်လေ။

ဒါ့ကြောင့် ပရိသတ်ကြီးရေ…

ကိုယ့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အဆိုးမြင်တဲ့ဝေဖန်မှုတွေအားလုံးကို လျစ်လျူရှုပြီး အိပ်မက်တွေဆီကို စိတ်အားထက်သန်စွာလှမ်းလျှောက်ကြပါနော်။ အောင်မြင်မှုပန်းတိုင်ဆိုတာ ကျွန်မတို့လက်ဝယ် ရောက်လာပါလိမ့်မယ်။ စိတ်ဓာတ်ခွန်အားဖြည့်စာစောင်လေးကို သူငယ်ချင်းတွေဖတ်ရဖို့ SHARE ပေးလိုက်ပါဦး။