ဝင်ငွေတစ်ခုတည်းနဲ့ ရပ်တည်နေရတဲ့ အိမ်ထောင်ရေးမှာ ငွေကြေးကိစ္စတွေကို ကောင်းစွာ စီမံနိုင်စေဖို့။

blank

ယနေ့ခေတ်ကြီးမှာ ခင်ပွန်းဖြစ်သူရဲ့ ဝင်ငွေတစ်ခုတည်းအပေါ်မှာ ရပ်တည်နေရတဲ့ အိမ်ထောင်သည်တွေအဖို့ ငွေကြေးစီမံရတာဟာ အခက်အခဲလေးတွေ အနည်းငယ်ရှိနိုင်ပါတယ်။ ခင်ပွန်းသည်ရဲ့လုပ်ခကို မှီခိုနေရတဲ့ ဇနီးသည်တွေအနေနဲ့  ငွေကြေးသုံးစွဲမှုမှာ အဆင်မပြေတာလေးတွေ ရှိနိုင်သလို စိတ်အားငယ်မှုလေးတွေလည်း ခံစားရတတ်ပါတယ်။

အကြောင်းကြောင်းကြောင့် ခင်ပွန်းသည်ရဲ့ ဝင်ငွေတစ်ခုတည်းကိုသာ အားကိုးနေရတဲ့ ဇနီးမောင်နှံတွေကြားမှာ ငွေရေးကြေးရေးကြောင့် အဆင်မပြေတာတွေ ကင်းဝေးစေဖို့ အောက်ပါနည်းလမ်းလေးတွေကို လိုက်နာသင့်ပါတယ်။   ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၁။ သူ့ပိုက်ဆံ၊ ကိုယ့်ပိုက်ဆံ ခွဲခြားတဲ့လုပ်ရပ်မျိုးကို ရှောင်ကြဉ်ပါ။

၂။ ငွေကြေးရှာဖွေဖို့၊ အိမ်မှုကိစ္စစီမံဖို့ ကိုယ်စီကိုယ်စီ မျှတစွာ တာဝန်ယူပါ။

၃။ ကိုယ်ရေးကိုယ်တာ အသုံးစရိတ်တွေကို တတ်နိုင်သလောက် လျှော့ချပါ။

၎။ ငွေကြေးသုံးစွဲမှုတွေနဲ့ ပတ်သက်ပြီး တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းစွာ ပြောဆိုပါ။

တစ်ခါတလေ ခင်ပွန်းသည်ရဲ့ စိတ်ထဲမှာ “ကိုယ်ရှာနေတဲ့ပိုက်ဆံ ကိုယ်ပိုသုံးသင့်တာပေါ့” လို့ တွေးမိတတ်သလို ဇနီးသည်ရဲ့ စိတ်ထဲမှာလည်း “သူရှာထားတဲ့ ငွေကို သူကြိုက်သလိုစီမံပါစေ” ဆိုတဲ့အတွေးမျိုးနဲ့ စိတ်အားငယ်နေတတ်တာမျိုးတွေရှိတတ်ကြပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အိမ်ထောင်တစ်ခုကို အဆင်ပြေပြေနဲ့ ပျော်ရွှင်စွာ ထိန်းသိမ်းနိုင်ဖို့ နားလည်မှု ရှိသင့်ပါတယ်။ ခင်ပွန်းဖြစ်သူက အိမ်အတွက် စီးပွားရှာရသလို ဇနီးဖြစ်သူကလည်း အိမ်မှုကိစ္စတွေ၊ သားသမီးတွေရဲ့ ဝေယျာဝစ္စတွေကို ဇယ်ဆက်သလို မနားမနေလုပ်ကိုင်နေရပါတယ်။ အဲဒီအတွက်ကြောင့် ခင်ပွန်းသည်တွေရဲ့ စိတ်ထဲမှာ ဇနီးဖြစ်သူအပေါ်  နှိမ်ချဆက်ဆံတာမျိုးမလုပ်ဘဲ နားလည်စိတ်လေးထားရှိပေးသင့်ပါတယ်။

နောက်ဆုံးအရေးကြီးတဲ့ တစ်ချက်ကတော့ ငွေကြေးကိစ္စတွေကို ပြဿနာတက်တဲ့အချိန်မှ ပြာပြာသလဲ ဖြေရှင်းတာမျိုးမလုပ်သင့်ပါဘူး။ ငွေရေးကြေးရေးအသုံးစရိတ်လေးတွေနဲ့ ပတ်သက်ပြီး မကြာခဏဆိုသလို ပွင့်လင်းရိုးသားစွာ တိုင်ပင်ပြောဆိုသင့်ပါတယ်။

ကြိုက်နှစ်သက်ရင် SHARE လိုက်ပါ။