ငွေတွေကို ရေစုန်မျှောပစ်ချင်ရင် ဒီလိုသိမ်းပါ။

blank

တစ်ခါတလေမှာ ငွေသိမ်းမှားပြီး ရေစုန်မျှောသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ သင့်အနေနဲ့ ငွေတွေကို ဒီလိုနည်းတွေနဲ့ ဘယ်တော့မှ မသိမ်းမိပါစေနဲ့။

၁။ မြေမြှုပ်ထားတာ….

ရှေးရုပ်ရှင်တွေထဲကလို ငွေတွေကို မြှုပ်နှံထားဖို့ စဉ်းစားထားလား။ ငွေကို မြှုပ်နေတဲ့အချိန် အိမ်နီးနားချင်းတွေ မြင်သွားနိုင်သလို ခွေးတွေကလည်း တွင်းကိုယှက်တာမျိုးတွေ လုပ်နိုင်ပါတယ်။

၂။ မွေ့ယာအောက်မှာသိမ်းထားတာ….

ရုပ်ရှင်တွေထဲကလို ငွေတွေကိုမွေ့ယာအောက်သိမ်းထားရင် သူခိုးတွေမမြင်ဘူးဆိုတဲ့ အတွေးတွေရှိနေတယ်ဆိုရင်တော့ သူခိုးတွေလည်း ရုပ်ရှင်ကြည့်တယ်ဆိုတာ မမေ့ပါနဲ့။

၃။ အဝတ်အစားထည့်တဲ့ အိတ်တွေထဲထည့်ထားတာ….

အဝတ်ထည့်တဲ့ အိတ်တွေမှာ သင့်ပိုက်ဆံတွေထည့်ထားလိမ့်မယ်လို့ သူခိုးကစဉ်းစားမိမှာမဟုတ်ပေမဲ့ ခိုးထားတဲ့ပစ္စည်းတွေကိုသယ်ဖို့တော့ အိတ်ရှာမှာပဲလေ။

၎။ ပိုက်ဆံအိတ်အဟောင်းတွေထဲ ထည့်ထားတာ….

သင့်ရဲ့စုငွေတွေကို ပိုက်ဆံအိတ်အဟောင်းတွေထဲမှာလည်း ထည့်မထားပါနဲ့။ သူခိုးက ပိုက်ဆံအိတ်အဟောင်းထဲက ငွေတွေကို အလွယ်တကူရှာတွေ့နိုင်တယ်မဟုတ်လား။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ သယ်ရလွယ်တဲ့ မီးခံသေတ္တာထဲ ထည့်ထားတာ…။

သင့်ရဲ့မီးခံသေတ္တာက သယ်ရလွယ်တယ်ဆိုရင်တော့ သူခိုးအတွက် အံကိုက်ပါပဲ။ အိမ်သယ်သွားပြီး အိမ်ရောက်မှ အေးအေးဆေးဆေးဖွင့်ရုံပဲပေါ့။

၆။ ဘီဒိုနဲ့ အံဆွဲတွေမှာ သိမ်းထားတာ….။

ဘီဒိုတွေ အံဆွဲတွေထဲ ထည့်သိမ်းထားတော့မယ်ဆိုရင် သူခိုးက အိမ်ထဲကိုရောက်ရင် ဘီဒိုတွေမှာ အရင်ဆုံးရှာတတ်တယ်ဆိုတာ သတိရပါ။

သင့်ဆီမှာလည်း ငွေသိမ်းနည်းလေးတွေရှိရင် comment box မှာ မျှဝေပေးပါဦး။