လူမှုကွန်ယက်တွေက ဘာကြောင့်သင့်ရဲ့ ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုတွေကို ပျက်စီးစေတာလဲ။ ဒါတွေကို ဘယ်လိုရပ်တန့်မလဲ။

blank

ဒီနေ့ခေတ်ကြီးမှာ လူမှုကွန်ယက်ဆိုတာ လူအများကြား တွင်ကျယ်စွာအသုံးပြုနေတဲ့ နေ့စဉ်ကဏ္ဍတစ်ခု ဖြစ်နေပါပြီ။ အသုံးပြုသူအများစုဟာ အစပိုင်းမှာတော့ ပေါ့ပေါ့ပါးပါး စိတ်အပန်းပြေစေရုံအတွက်သာ သုံးခဲ့ကြပေမဲ့ ကြာလာတဲ့အခါ လူမှုကွန်ယက်ပေါ်က လူအမျိုးမျိုးရဲ့ ဘဝပုံရိပ်တွေနဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်လာတတ်ကြပါတယ်။ အထူးသဖြင့် မတူညီတဲ့ ဘဝအခြေအနေအမျိုးမျိုးနဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်လာမိတဲ့ အခါမှာတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ တန်ဖိုးထားမှုတွေ လျော့နည်းလာပြီး စိတ်ပိုင်းဆိုင်ရာ ပြဿ နာတွေဖြစ်လာပါတယ်။ အဲ့ဒီလို မဖြစ်ဖို့ဆိုရင် လူမှုကွန်ယက်သုံး စွဲရာမှာ သိမြင်ထားသင့်တဲ့ အချက်လေးတွေကို သိထားဖို့လိုလာပါပြီ။

အဲ့ဒီအချက်တွေကတော့…

၁။ အောင်မြင်ဖို့၊ ပျော်ရွှင်ဖို့၊ လှပဖို့အတွက် ကြိုးစားရမယ့်နေရာဟာ လူမှုကွန်ယက်တစ်ခုတည်း မဟုတ်ဘဲ ပြင်ပဘဝမှာလည်းရှိနေတာကို သတိပြုပါ။

၂။ ကိုယ့်ကိုယ်ကို အမြဲသိမြင်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ အကောင်းဆုံးအကြောင်းအရာတွေကို အမြဲတင်နေသူတွေရဲ့ နောက်ကွယ်မှာ ကိုယ့်လိုပဲ ဒုက္ခတွေ ရှိနေတယ်ဆိုတာ သိထားပါ။

၎။ လူမှုကွန်ယက်ပေါ်တင်တဲ့အကြောင်းအရာတိုင်း အဖြစ်မှန်မဟုတ်ဘူးဆိုတာ နားလည်ထားပါ။

၅။ လက်တွေ့ဘဝထဲက ချစ်ခြင်းမေတ္တာတွေ၊ အောင်မြင်မှုတွေကမှ စစ်မှန်တဲ့ပျော်ရွှင်မှုတွေကို ဆောင်ကြဉ်းပေးနိုင်တာ သဘောပေါက်ပါ။

၆။ လူမှုကွန်ယက်ပေါ်က အကြောင်းအရာတိုင်းကို အလွယ်တကူ ကောက်ချက်မချဘဲ ရင့်ကျက်မှုနဲ့ ရှူမြင်ပါ။

ပရိသတ်ကြီးရေ… အဆိုးနဲ့အကောင်းဆိုတာကတော့ နေရာတိုင်းမှာ ဒွန်တွဲနေတာပါပဲ။ အဲ့ဒီလိုပဲ လူမှုကွန်ယက် ဆိုတာလည်း မသုံးတတ်တဲ့သူတွေအတွက် ဘေးဖြစ်ပေမဲ့ သုံးတတ်သူတွေ အတွက်တော့ ပညာရပ်တွေ လေ့လာသင်ယူစရာ၊  မတူညီတဲ့ဘဝတွေဆီက အတွေ့အကြုံတွေ ယူစ ရာမကုန်နိုင်တဲ့ အဖိုးတန်နေရာတစ်ခု ဖြစ်ပါတယ်။ အားလုံးလည်း လူမှုကွန်ယက်ကို တန်ဖိုးရှိစွာ အသုံးချရင်း ဘဝတိုးတက်မှုတွေ ရှာဖွေနိုင်ကြပါစေရှင်။

ဗဟုသုတရစရာ ဒီဆောင်းပါးလေးကို အခြားသူတွေပါ ဖတ်ရအောင်  SHARE လိုက်ပါဦးနော်။