အောင်မြင်သူတိုင်းရဲ့နောက်ကွယ်မှ စိတ်ဝင်စားစရာအရည်အသွေးများ

blank

အောင်မြင်မှုဆိုတဲ့အကျိုးတရားရဲ့နောက်ကွယ်မှာ အားကျအတုယူစရာဆိုတဲ့အကြောင်း တရားရှိနေတတ်စမြဲပါ။ ဒီတစ်ပတ်တော့ ဂန္ထဝင်ပရိသတ်ကြီးအတွက် အောင်မြင်သူတို့နောက် ကွယ်က စိတ်ဝင်စားစရာ အရည်အသွေးလေးတွေ အကြောင်းကို ရေးသားတင်ဆက်လိုက်ပါတယ်ရှင်။

၁။ အချိန်ကိုတန်ဖိုးထားခြင်း။

လူအများစုက အလုပ်ချိန်ဇယားဆွဲတဲ့အခါ နာရီကိုအလေးထားလေ့ရှိကြပေမယ့် အောင်မြင်နေ သူတွေကတော့ အချိန်ကိုအလဟဿအဖြစ်မခံပဲ မိနစ်ကအစဂရုစိုက်လေ့ရှိကြပါတယ်။ သူတို့တွေ ဟာ အချိန်ကိုတန်ဖိုးထားတဲ့အတွက် အောင်မြင်သူတွေဖြစ်လာကြတာပါ။

၂။ အလုပ်အပေါ်အာရုံစိုက်ခြင်း။

အောင်မြင်သူတွေဟာ အလုပ်လုပ်တဲ့အခါ ပြန်လှည့်ကြည့်စရာမလိုအောင် အပြည့်အဝ အာရုံစိုက်ပြီး လုပ်တတ်ကြပါတယ်။ ဒါကြောင့် သူတို့တွေဟာ အချိန်နဲ့အမျှအလုပ်တွင်ပြီး အောင်မြင်မှု ကို ပိုင်ဆိုင်နိုင်ကြတာဖြစ်ပါတယ်။

၃။ အလုပ်ဇယားကြိုတင်ဆွဲမထားခြင်း။

လုပ်စရာတွေကို တန်းစီချရေးထားတာဟာ ပြီးမြောက်အောင်မလုပ်ကိုင်နိုင်ရင် စိတ်ဖိစီးမှုကို ဖြစ်စေပါတယ်။ ဒါ့ကြောင့် အောင်မြင်သူတွေဟာ အလုပ်စာရင်းတွေကို မနိုင်မနင်းချရေးထားမယ့် အစား လုပ်စရာတွေကို ထိထိရောက်ရောက်လုပ်ကိုင်ခြင်းဖြင့် စိတ်ဖိစီးမှုကင်းပြီး အလုပ်တွင်မှုကို ရှေးရှုကြသူတွေဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်း။

ယုံကြည်မှုဆိုတာ အလုပ်တွေကိုပြီးမြောက်အောင်မြင်စေတဲ့ အဓိကတွန်းအားတစ်ခုဖြစ်ပါ တယ်။ ဒါကြောင့် အောင်မြင်သူတွေဟာ ဘာပဲလုပ်လုပ် ယုံကြည်မှုအပြည့်အဝနဲ့ လုပ်ကိုင်တတ်ကြ ပါတယ်။

၅။ ကိုယ်ပိုင်အချိန်ထားရှိခြင်း။

ဘဝမှာပျော်ရွှင်အောင်မြင်ဖို့ဆိုရင် ငွေရှာတဲ့အလုပ်တစ်ခုတည်းလုပ်နေလို့မရပါဘူး။ အောင်မြင်သူတွေကတော့ မိသားစုနဲ့အတူနေဖို့၊ ဝါသနာပါရာလေးတွေလုပ်ကိုင်ဖို့ ကိုယ်ပိုင်အချိန် လေးတွေ ထားရှိတတ်ကြပါတယ်။

၆။ မှတ်တမ်းထားရှိခြင်း။

လူတစ်ယောက်ဟာ ခေါင်းထဲထည့်ထားသမျှအရာအများကြီးကို အမြဲတမ်းမှတ်မိနေဖို့ မဖြစ်နိုင်ပါဘူး။ အောင်မြင်သူတွေကတော့ သင်ယူသမျှတွေကို စာအုပ်နဲ့သေချာရေးမှတ်ထားကြပြီး အဲ့ဒီစာအုပ်ကို သူတို့ဘဝလမ်းညွှန်အဖြစ် ထိရောက်စွာအသုံးချကြသူတွေဖြစ်ပါတယ်။

၇။ အီးမေးလ်အတွက် အချိန်အနည်းငယ်သာပေးခြင်း။

အောင်မြင်သူတွေဟာ သူတို့ရဲ့ အီးမေးလ်အဝင်အထွက်ကို နေ့စဉ်စစ်လေ့ရှိပေမယ့် စာတစ်စောင်ဝင်တိုင်း ထကြည့်တာမျိုး၊ တုံ့ပြန်တာမျိုးမလုပ်ဘဲ အရေးကြီးတာမကြီးတာစိစစ်ပြီး လိုအပ်သလောက်ပဲ အချိန်ယူတုံ့ပြန်ကြပါတယ်။

၈။ အကျိုးမရှိတဲ့ကိစ္စတွေကို ရှောင်ရှားခြင်း။

အကျိုးမရှိတဲ့ကိစ္စတွေအတွက် အချိန်ပေးတာဟာ အောင်မြင်မှုပန်းတိုင်ဆီရောက်ဖို့ နှောင့်နှေးစေပါတယ်။ ဒါကြောင့် အောင်မြင်သူတွေဟာ အကျိုးမရှိတဲ့ကိစ္စတွေကို ရှောင်ရှားလေ့ရှိကြ ပါတယ်။

၉။ အားမနာတတ်ခြင်း။

အားနာတတ်ခြင်းဟာ ကောင်းတဲ့လူ့ကျင့်ဝတ်တစ်ခုပေမယ့် လိုအပ်တာထက် ပိုအားနာ တတ်ရင်တော့ ကိုယ်ကျိုးစီးပွားကို ထိခိုက်စေတတ်ပါတယ်။ ဒါ့ကြောင့် အောင်မြင်သူတွေဟာ အားမနာဘဲ အလုပ်ကိုအလုပ်နဲ့တူအောင် လုပ်ကိုင်တတ်ကြပါတယ်။

၁ဝ။ စည်းကမ်းရှိခြင်း။

အောင်မြင်မှုရရှိစေတဲ့ အဓိကသော့ချက်တွေထဲမှာ စည်းကမ်းရှိခြင်းလည်းပါပါတယ်။ ဒါကြောင့် အောင်မြင်သူတွေဟာ အလုပ်လုပ်ရာမှာ စည်းကမ်းတကျလုပ်ကိုင်တတ်ကြပါတယ်။

၁၁။ အလုပ်တာဝန်တွေကို ခွဲဝေစီမံတတ်ခြင်း။

အလုပ်တာဝန်တွေအားလုံးကို တစ်ယောက်တည်းသိမ်းကျုံးလုပ်တာထက် သင့်တော်သလို ခွဲဝေစီမံတာက အလုပ်ကိုပိုတွင်စေပါတယ်။ ဒါ့ကြောင့် အောင်မြင်သူတွေဟာ အလုပ်တာဝန်တွေကို သင့်တော်သလိုခွဲဝေစီမံပြီး အလုပ်တွင်အောင် လုပ်တတ်ကြပါတယ်။

၁၂။ နံနက်တိုင်းပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း။

နံနက်ခင်းမှာ ကိုယ်လက်လှုပ်ရှားမှုလုပ်တာဟာ ချွေးထွက်ပြီး လူကိုတစ်နေကုန်ပေါ့ပါး သွက်လက်နေစေပါတယ်။ အောင်မြင်သူတွေဟာ တစ်နေ့တာလုပ်ငန်းခွင်မှာ ပေါ့ပါးသွက်လက်စွာ လုပ်ကိုင်နိုင်စေဖို့ နံနက်ခင်းတိုင်း ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ကြလေ့ရှိပါတယ်။

၁၃။ စွမ်းအင်ပြည့်ဝအောင် နေထိုင်စားသောက်ခြင်း။

အောင်မြင်မှုဆီချဉ်းကပ်တဲ့အခါ အဖက်ဖက်က စိတ်ရောကိုယ်ပါ ကျန်းမာနေဖို့လိုအပ် လှပါတယ်။ အောင်မြင်သူတွေဟာ သူတို့သွားချင်တဲ့ပန်းတိုင်ရောက်ဖို့ အိပ်ရေးဝဝအိပ်စက်ခြင်း၊ အာဟာရပြည့်ဝစွာစားသောက်ခြင်းဖြင့် ကျန်းမာရေးကို ဂရုစိုက်တတ်ကြပါတယ်။

အားလုံးလည်း ဘဝခရီးကိုပျော်ရွှင်အောင်မြင်စွာ လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။