မာနကြီးတယ်၊ ကိုးလိုးကန့်လန့်ဖြစ်တယ်လို့ လူတွေထင်စေနိုင်တဲ့ အကျင့်လေးများ။

blank

၁။ တွေ့ဆုံပွဲတွေမှာ လူတွေနဲ့ စကားပြောရမှာကို ကြောက်နေတတ်တဲ့ အကျင့်။

၂။ စကားပြောအရမ်းမြန်တဲ့အကျင့်။

၃။ ကိုယ်ပြောချင်တာကို သူတစ်ပါး လက်ခံယုံကြည်လာအောင် ပြေပြေပြစ်ပြစ် မပြောတတ်တဲ့အကျင့်။

၎။ ကိုယ့်ဘဝကိုယ် လျှောက်လှမ်းဖို့ ဘယ်သူ့အကူအညီမှမလိုဘူးလို့ ထင်နေတတ်တဲ့ အကျင့်။

၅။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရမှာကို ဝန်လေးတတ်တဲ့အကျင့်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ကိုယ့်ရဲ့ပင်ကိုယ်စရိုက်အတိုင်း နေထိုင်ပြုမူတတ်တဲ့ အကျင့်။

၇။ ကိုယ့်အပေါ်နားမလည်တဲ့ လူတွေကို ရှင်းမပြဘဲ လွယ်လွယ်ကျောခိုင်းတတ်တဲ့ အကျင့်။

၈။ လူတွေကို ခပ်တန်းတန်းဆက်ဆံတတ်တဲ့အကျင့်။

၉။ အမှားလုပ်မိမှာကို အချိန်ပြည့်တွေးပူနေတတ်တဲ့ အကျင့်။

၁ဝ။ စရိုက်ချင်းတူတဲ့သူငယ်ချင်းတွေနဲ့ပဲ ပေါင်းသင်းချင်တဲ့အကျင့်။

၁၁။ လူတွေကြားမှာ ကိုယ့်ကိုယ်ကို မိတ်ဆက်ဖို့ ဝန်လေးနေတတ်တဲ့အကျင့်။

၁၂။ လူမှုလုပ်အားပေးကိစ္စတွေမှာ မပါဝင်တတ်တဲ့အကျင့်။

၁၃။ လူတွေရဲ့ လှောင်ပြောင်သံတွေကို ဂရုစိုက်တတ်လွန်းတဲ့အကျင့်။

၁၄။ စကားပြောတဲ့အခါ လက်ဟန်ခြေဟန်အရမ်းသုံးတတ်တဲ့အကျင့်။

၁၅။ လူအများရှေ့ဖြတ်လျှောက်တဲ့အခါ ကိုယ့်ကိုဝိုင်းရယ်ကြမလားဆိုပြီး တွေးကြောက်နေတတ်တဲ့အကျင့်။

၁၆။ လူတွေရဲ့အထင်သေးခံရမှာကြောက်လို့ လူတောတိုးဖို့ ကြောက်ရွံ့နေ တတ်တဲ့အကျင့်။

၁၇။ ပြောချင်တဲ့အကြောင်းအရာကို လိုရင်းရောက်အောင် မပြောတတ်တဲ့အကျင့်။

၁၈။ ကိုယ့်မိသားစုဝင်တွေနဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေကိုပဲ ဂရုစိုက်တတ်တဲ့အကျင့်။

၁၉။ ချစ်သူကလွဲပြီး ဘယ်အရာကိုမှ ဦးစားမပေးတတ်တဲ့အကျင့်။

၂ဝ။ အားမနာတတ်တဲ့အကျင့်။

ကဲ… သင့်ကိုယ်သင်စွန့်လွှတ်သင့်တယ်လို့ထင်တဲ့ အကျင့်လေးတွေကကော ဘယ်အကျင့်လေးတွေပါလိမ့်နော်။ နံပါတ်ကလေးတွေကို comment box မှာ ဖြေပေးသွားပါဦး။