အလိမ်အညာတွေကို ဖော်ထုတ်နိုင်စေဖို့ နည်းလမ်းကောင်းများ

blank

၁။ လိမ်ညာမှုတွေကို ဖော်ထုတ်နိုင်မှုစွမ်းရည်မြင့်တက်စေဖို့ တရားခွင်နဲ့ပတ်သတ်တဲ့ တီဗွီအစီအစဉ်တွေ များများကြည့်ပါ။

၂။ လိမ်ညာတဲ့သူတစ်ယောက်ရဲ့ ပြောစကားတွေဟာ ရှေ့နောက်မညီပါဘူး။ ဒါ့ကြောင့် လိမ်ညာမှုတွေကို ဖော်ထုတ်ချင်ရင် မေးခွန်းများများမေးပြီး အမှားရှာပါ။

၃။ လိမ်ညာမှုကို ဖော်ထုတ်တော့မယ်ဆိုရင်လည်း သင့်စိတ်ကို အရင်ကြည်လင်အောင်ထားပါ။ ဒေါသအလျောက်ပြုမူတာတွေက ခင်မင်မှုကို ပျက်ပြားစေနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ လူတွေအကြောင်းကို များများသိလေလေ၊ လူတွေရဲ့ စဉ်းစားတွေးခေါ်ပုံနဲ့ စိတ်သဘောထားတွေကို သိလေလေဖြစ်တာကြောင့် လိမ်ညာခြင်းမခံရစေဖို့ လူတွေအကြောင်းကို သိအောင်ကြိုးစားပါ။

၅။ လူလိမ်တွေဟာ သူတို့ရဲ့မုသားစကားတွေကိုဖုံးကွယ်ဖို့ ပတ်ဝန်းကျင်က အရာဝတ္ထုတွေ၊ အဖြစ်အပျက်တွေအပေါ် အာရုံလွှဲတတ်ကြတယ်။

၆။ စကားပြောနေရင်း ရုတ်တရက်အကြောင်းအရာပြောင်းသွားတာ၊ ဟာသတွေထည့်ပြောတာ၊ မျက်လုံးချင်းမဆုံအောင်ရှောင်ဖယ်နေတာတွေကလည်း လိမ်ညာသူတွေရဲ့ အပြုအမူတွေဖြစ်တာကြောင့် သတိထားစောင့်ကြည့်ပါ။

၇။ သင်လူတစ်ယောက်ကိုလိမ်ညာနေတယ်လို့ သံသယဝင်တာမိရင် မျက်နှာတည်တည်နဲ့ အကြောင်းအရာကို သေချာမေးပါ။ သူ့ဘက်က ဂဏှာမငြိမ်ပြန်ဖြေနေတယ်ဆိုရင်တော့ သူလိမ်နေတာသေချာပါတယ်။

၈။ အချို့အရှက်အကြောက်ကြီးတဲ့သူတွေကလည်း စကားပြောရင် မျက်လုံးချင်းဆုံအောင်ကြည့်ပြီး မပြောတတ်ပါဘူး။ ဒါ့ကြောင့် လူလိမ်လား၊ ရှက်တတ်ကြောက်တတ်သူလားဆိုတာ သေချာအောင် အကဲခတ်ပါ။

၉။ လူလိမ်အချို့က စကားအများကြီး မပြောတတ်ဘူး။ သင်မေးသမျှမေးခွန်းတိုင်းကိုလည်း “ဟုတ်တယ်”၊ “မဟုတ်ဘူး”လို့ပဲ ဖြေတတ်ကြတယ်။ ဒါကို သတိထားပါ။

၁ဝ။ သင့်ဘက်က သူ့ကိုမယုံကြည်ကြောင်းပြလိုက်မိတာနဲ့ လူလိမ်ရဲ့စကားသံဟာ သာမန်ထက်ပိုကျယ်လာပြီး စကားတွေကိုဝေ့လည်ကြောင်ပတ်ပြောတတ်တာကိုလည်း သတိထားပါ။

၁၁။ အချို့လူလိမ်တွေက အကြောင်းအရာအချက်အလက်တွေကို လိုတာထက်ပိုပြီး ပြောတတ်တာကိုလည်း သတိပြုပါ။

၁၂။ လူလိမ်အချို့က စကားပြောရင် မူယူမာယာပိုတတ်တယ်။ ဥပမာ- ငိုပြတာမျိုး၊ အကြောက်အကန်ငြင်းဆန်တာမျိုးတွေပေါ့။

၁၃။ အတွေ့အကြုံသိပ်မရှိသေးတဲ့လူလိမ်တွေက သင်ပြောနေတဲ့အတိုင်း သတိလက်လွတ်လိုက်ပြောတတ်တယ်။ လိမ်ညာမှုကို ဖော်ထုတ်နိုင်ဖို့ သင်ကလည်း စကားပြောကျွမ်းကျင်ဖို့လိုပါတယ်။

ဂန္ထဝင်ပရိသတ်ကြီးရေ… သင်ရောလိမ်ညာခံခဲ့ရဖူးလား။ ဘယ်လိုဖော်ထုတ်နိုင်ခဲ့တာလဲဆိုတာကိုရော comment box မှာ အတွေ့အကြုံချင်း ဖလှယ်ရအောင်လားရှင်။