အောင်မြင်တဲ့ လုပ်ငန်းရှင်ကောင်းတစ်ယောက်၏ လျှို့ဝှက်နည်းလမ်းများ

blank

၁။ ထက်မြက်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ဆိုတာ

  • ဆယ်စုနှစ်များစွာအတွက် အစီအစဉ်ဆွဲတယ်။
  • နှစ်ပေါင်းများစွာအတွက် တွေးတောကြံဆတယ်။
  • လပေါင်းများစွာအတွက် အလုပ်လုပ်တယ်။
  • နေ့ပေါင်းများစွာအတွက် ရှင်သန်နေထိုင်တယ်။
  • အခိုက်အတန့်တိုင်းအတွက် ပျော်ရွှင်တယ်။

၂။ သင့်ရဲ့ရက်ရောမှု၊ ရိုးသားမှုနဲ့ ကိုယ့်ကိုယ်ကိုနှိမ့်ချတတ်မှုတွေက သင့်ကို လူတွေအထင်ကြီးလေးစားစေတဲ့ အကြောင်းရင်းတွေဖြစ်ပါစေ။

၃။ သင့်ဘဝကို သတ်မှတ်ပေးမယ့် အရာတွေက

  • ဘဝမှာ ဘာမှမရှိတဲ့အချိန် သင့်ရဲ့ စိတ်ရှည်သည်းခံမှုနဲ့
  • ဘဝမှာ အရာအားလုံးရှိနေတဲ့အချိန် သင့်ရဲ့ စိတ်နေသဘောထားတို့ပဲ ဖြစ်ပါတယ်။

၎။ ငွေကြေးဥစ္စာ

  • အယောင်ဆောင် ဟန်လုပ်ခြင်း
  • ရာထူးဂုဏ်ပကာသန
  • အပေါ်ယံချီးမွမ်းစကား
  • ဖြတ်လမ်း စတာတွေကို မက်မက်မောမော လိုက်မဖမ်းပါနဲ့။

၅။ ပညာရေး

  • အဓိပ္ပာယ်ရှိတဲ့အလုပ်
  • ကူညီဖို့ နည်းလမ်း
  • ပျော်ရွှင်မှု
  • ချစ်ခြင်းမေတ္တာ စတာတွေကို မက်မောပါ။ လိုလိုချင်ချင်နဲ့ ဖမ်းဆုပ်ပါ။ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ ပျော်ရွှင်တတ်တဲ့သူတွေဟာ

  • ကျေးဇူးသိတတ်ကြတယ်
  • အသိဉာဏ်ရှိရှိ စူးစမ်းဆင်ခြင်ကြတယ်
  • စိတ်သဘောထား ပွင့်လင်းကြတယ်
  • သနားကြင်နာတတ်ကြတယ်
  • အကောင်းမြင်တတ်ကြတယ်။

၇။ ကံကောင်းစေတဲ့ နည်းလမ်းတွေကတော့

  • အလုပ်ကြိုးစားခြင်း။
  • အကောင်းမြင်ခြင်း။
  • ရက်ရောတတ်ခြင်း။
  • သူများရဲ့ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြုတတ်ခြင်း။
  • ကိုယ့်ကိုကိုယ်ယုံကြည်ခြင်း တို့ပဲ ဖြစ်ပါတယ်။

၈။ အောင်မြင်တဲ့ ခေါင်းဆောင်ကောင်းဆိုတာ

  • ဘာတွေပဲဖြစ်နေနေ လုပ်စရာရှိတာကို လုပ်ရမယ်
  • ပြောသင့်တဲ့ စကားတွေကို ပြောရမယ်
  • လေ့လာကြည့်ရှုနေရမယ်
  • အသင်းအဖွဲ့ စိတ်ဓာတ်ရှိရမယ်
  • ဘယ်တော့မှ အရှုံးမပေးရဘူး။

၉။ ဝန်ထမ်းတွေ စိတ်ဓာတ်တက်ကြွစေဖို့ မန်နေဂျာ တစ်ယောက်ပြောသင့်တဲ့ စကားများ

  • ငါမင်းကို ယုံကြည်တယ်။
  • ကျေးဇူးတင်တယ်။
  • မင်းစဉ်းစားထားတာလေးတွေ ပြောပါဦး။
  • မင်း အကူအညီလိုရင် ငါ့ကိုပြော။
  • ငါမင်းအတွက် ဂုဏ်ယူတယ်ကွာ။

၁ဝ။ ညည်းညူမှု

  • ဟန်လုပ်မှု
  • အပြစ်တင်မှု
  • အချိန်ဆွဲမှု
  • အမုန်းပွားမှုတွေက လုပ်ရလွယ်ပါတယ်။

၁၁။

  • အာရုံစူးစိုက်မှု
  • သင်ယူလေ့လာမှု
  • သင်ကြားပြသမှု
  • ယုံကြည်မှု
  • လှုံ့ဆော်မှုတွေက ပြုလုပ်ရ ခက်ခဲပါတယ်။

၁၂။  ငွေကြေးဥစ္စာ

  • ရာထူးတွေ
  • ဘွဲ့ထူးဂုဏ်ထူးတွေနဲ့ သူတစ်ပါးရဲ့ အထင်ကြီးမှုကို မရယူပါနဲ့။