လူမှုဆက်ဆံရေးကောင်းခြင်းက အောင်မြင်မှုဆီကို ခေါ်ဆောင်သွားပါတယ်။

blank

လူ့လောကမှာ စက်မှုဆိုင်ရာပစ္စည်းတွေ တိုးတက်လာတော့ လူတွေနဲ့လက်တွေ့ဆက်ဆံတဲ့အခါမှာတော့ ချွတ်ယွင်းမှုတွေ ဖြစ်လာတတ်ပါတယ်။ လူမှုဆက်ဆံရေးဆိုတာက အောင်မြင်ချင်တဲ့လူတွေ လိုက်နာသင့်တဲ့အကြောင်းအရာပဲ ဖြစ်ပါတယ်။ အောက်မှာပေးထားတဲ့ အချက် ၁၅ ချက်က သင် လူမှုဆက်ဆံရေး ကောင်းလာဖို့ လိုက်နာသင့်တဲ့ အကောင်းဆုံး နည်းလမ်းပါပဲ။

၁။ စကားကို နည်းနည်းပြောပြီး မေးခွန်းတွေကို များများဖြေပါ။

၂။ သူများတွေက သူတို့ရဲ့ ဝမ်းသာစရာ သတင်းတွေ လာပြောပြတဲ့အခါမှာ သူတို့ရဲ့ ပျော်ရွှင်မှုတွေကို မျှဝေခံစားပေးပါ။

၃။ လူအများ စကားပြောတဲ့နေရာတွေမှာ သွားပြီး စကားပြောပါ။ သူတို့ဆီကနေ သင်ယူသင့်တဲ့ အရာတွေကိုလည်း သင်ယူပါ။

၎။ သင်စကားပြောနေတဲ့သူနဲ့ မျက်လုံးချင်း ဆုံပြီး ပြောပါ။ အဲ့ဒါက စကားပြောတဲ့ သူအပေါ် သင့်ရဲ့ ရင်းနှီးမှုကို ဖော်ပြနေသလို ကိုယ့်ကိုယ်ယုံကြည်မှု အပြည့်အဝနဲ့ နားထောင်နေတယ်ဆိုကို ဖော်ပြနေပါတယ်။

၅။ သင့်ရဲ့အပြုအမူက အပြုသဘောဆောင်သလို ဖြစ်နေရပါမယ်။ ပြီးတော့ သင့်အပြုအမူက ကြင်နာတတ်တယ်။ ယုံကြည်မှုရှိတယ်။ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်နိုင်တယ်ဆိုတာတွေကို ဖော်ပြပေးလိုက်ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ် ဆိုတဲ့ပုံစံကို အမြဲဖော်ဆောင်နေပါ။ ဤဆောင်းပါးကို ဂန္တဝင်မဂ္ဂဇင်း မှတင်ဆက်ပါသည်။

၆။ သေးသေးမွှားမွှား ကိစ္စတွေကိုလည်း အရေးစိုက်လိုက်ပါ။ ဘဝဆိုတာ ခက်ခဲလှပါတယ်။ ပြီးတော့ လောကမှာ မိဘတွေရဲ့ အထောက်အပံ့မယူဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နေတဲ့ လူတွေ အများကြီးရှိပါတယ်။ လူတွေက အဲ့ဒီလို ရပ်တည်နေတယ်ဆိုတာကို သိုဝှက်ထားလေ့ရှိတယ်။ ပြီးတော့ လူတွေက သူတို့ရဲ့ စိတ်ကို ဖော်ပြလေ့မရှိဘူး။ ဒါပေမယ့် သူတို့ပြုမူတဲ့ အသေးဖွဲ ကိစ္စလေးတွေကနေ သိနိုင်ပါတယ်။

၇။ လူတွေကို တန်ဖိုးထားပြီး ဆက်ဆံပါ။ အဲ့ဒီလို တန်ဖိုးထားခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတယ်ဆိုတာကို ပြနေပြီး တစ်ဖက်လူကိုလည်း ယုံကြည်မှုတွေ ပိုပြီးရှိလာာစေပါတယ်။

၈။ သူများနောက်ကွယ်မှာလည်း သူတို့ရဲ့ ကောင်းကွက်တွေကို ပြောပြပြီး သူတို့ဂုဏ်ကို မြှင့်တင်ပေးပါ။ လူတစ်ယောက်ရဲ့ စိတ်ဓါတ်ကို သူများနောက်ကွယ်မှာ ဘာတွေပြောတတ်လဲဆိုတာပေါ်မူတည်ပြီး သိနိုင်ပါတယ်။ သူများတွေ ကိုယ့်ဘေးမှာ မရှိရင်တောင် ကောင်းကြောင်းလေးတွေပဲ ရွေးပြောပေးပါ။

၉။ သူများက ကိုယ့်ကို စကားပြောတဲ့ အချိန်မှာ သေချာနားထောင်ပေးပါ။ လူတွေ ဘာစကားတွေ ပြောတယ်ဆိုတာထက် သူတို့ရဲ့ စကားပြောတဲ့ပုံစံက သူတို့အကြောင်းကို ပိုဖော်ပြနေပါတယ်။ တစ်ချို့လူတွေက စကားကို မြန်မြန်နဲ့ ကျယ်ကျယ်ပြောမှ ကြိုက်တတ်သလို တစ်ချို့ကတော့ ညင်ညင်သာသာပြောမှ ကြိုက်တတ်ကြတယ်။

၁၀။ လူတွေ ကြားမှာ အမြဲပြုံးပေးလိုက်ပါ။

၁၁။ ယဉ်ကျေးပျူငှာတတ်ပါ။ ကိုယ့်ရဲ့ ယဉ်ကျေးတဲ့ အပြုအမူတွေကြောင့် လူတွေနဲ့ ဆက်ဆံရတာပိုပြီး လွယ်ကူလာပါတယ်။ သင် ငယ်စဉ်ကတည်းက မိဘတွေက သင့်ကို ယဉ်ကျေးအောင် သင်ပေးခဲ့မှာပါ။ မိဘစကား နားထောင်ပြီး ဘဝတစ်လျှောက်လုံး ယဉ်ကျေးစွာ ပေါင်းသင်းဆက်ဆံတတ်ပါစေ။

၁၂။ ကိုယ်သိထားတဲ့အကြောင်းအရာတွေ၊ ဗဟုသုတတွေကို မျှဝေပေးလိုက်ပါ။ အဲ့ဒီလို မျှဝေလိုက်ပြီဆိုရင် သင်လည်း ပျော်ရွှင်မှုကို ခံစားရပါလိမ့်မယ်။

၁၃။ တစ်ခါတစ်လေဆို စကားမပြောပဲ တိတ်တိတ်ဆိတ်ဆိတ် နေလိုက်ပါ။ ဘာလို့လဲဆိုတော့ တစ်ခါတစ်လေဆို လူတွေက သင့်အကြံပေးချက်တွေကို မယူချင်ကြပါဘူး။ ပြီးတော့ တစ်ခြားလူတွေနဲ့ အငြင်းပွားတဲ့အခါမှာ ကိုယ့်ဘက်ကနေ အလျှော့ပေးညှိနှိုင်းဖို့ မတွန့်ဆုတ်မိပါစေနဲ့။

၁၄။ အပြုသဘောကို အမြဲဆောင်ထားပါ။ အဆိုးမြင်စိတ်ကို စိတ်ထဲမှာ မထားပါနဲ့။ ပြီးတော့ အဲ့ဒီစိတ်က ကူးစက်လွယ်ပါတာကြောင့် အဆိုးမြင်စိတ်ထားတတ်တဲ့ လူတွေနဲ့ ရှောင်ကြဉ်ပြီး ပေါင်းပါ။ ဆိုးဝါးတဲ့အခြေအနေမျိုးမှာတောင်မှ ကိုယ့်ကိုယ်ကို စိတ်ကောင်းမွေးတတ်ဖို့ အကျင့်လုပ် ထားပါ။ ပြီးတော့ ကိုယ့်ကိုယ်ကိုလည်း အမြဲ စိတ်ဓါတ်ခွန်အားပေးနေပါ။

၁၅။ လူတွေရဲ့ စိတ်တွေကို လေ့လာပါ။ ကိုယ့်ကိုယ်ကို စိတ်ပျော်ရွှင်မှုရဖို့ သူများကို နိမ့်ချတယ်ဆိုတာက လူတွေရဲ့ သဘာဝပါ။ ဒါပေမယ့် လူတိုင်းရဲ့ကောင်းတဲ့ စိတ်ဓါတ်တွေကို မြင်အောင်ကြည့်တတ်ပါ။ လူတိုင်းမသိရင်တောင် ကိုယ်သိနိုင်ဖို့ အမြဲကြိုးစားလိုက်ပါ။

အသိပညာလေး ရလိုက်တယ်ဆိုရင် သူငယ်ချင်းတွေကိုလည်း share ပေးလိုက်ပါ။