ယုံကြည်မှုကို ပျက်ပြားစေသော အကြောင်းအရင်းများ

blank

၁။ လူတစ်ယောက်ကို ကိုယ်လိုအပ်တဲ့ အချိန်မှာပဲ အရေးတယူဆက်ဆံခြင်း။

၂။ ဘာမှသေသေချာချာ မသိဘဲ ဆုံးဖြတ်ချက်ချခြင်း။

၃။ မသိတာကို မသိကြောင်း ဝန်မခံဘဲ တတ်ယောင်ကား လုပ်ခြင်း။

၎။ အရာရာကို ကိုယ်ပဲသိ ကိုယ်ပဲတတ် လုပ်တတ်ခြင်း။

၅။ စကားကို အမျိုးမျိုး ဗလောင်းဗလဲ ပြောဆိုတတ်ခြင်း။ (ဟိုလူ့တစ်မျိုး၊ ဒီလူ့တစ်မျိုးပြောခြင်း။)

၆။ ကိုယ့်အတွက်ပဲကြည့်ပြီး တစ်ဖက်လူကို အတင်းအဓမ္မ ဆွဲဆောင်စည်းရုံးခြင်း။

၇။ ဘာကိုမှ မစဉ်းစားမဆင်ခြင်ဘဲ အမှားတွေ ထပ်ကာထပ်ကာ လုပ်တတ်ခြင်း။

၈။ တစ်ဖက်လူကို ဂရုမစိုက်သလို အမူအရာများ ပြတတ်ခြင်း။

၉။ အပြောတစ်မျိုး အလုပ်တစ်မျိုး လုပ်တတ်ခြင်း။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁၀။ ဝေ့လည်ကြောင်ပတ်နဲ့ လိမ်လည် ပြောဆိုတတ်ခြင်း။

၁၁။ ဝတ်စားဆင်ယင်ပုံ သပ်သပ်ရပ်ရပ် မရှိခြင်း။

၁၂။ မရခင်က ဖျာလိုလိပ်ထိပ်ပေါ်တင်၊ ရတော့ ဖျာလိုခင်းနင်းတတ်တဲ့ အကျင့်မျိုးရှိခြင်း။

၁၃။ ကိုယ့်တာဝန်ကိုယ်မယူဘဲ ဆင်ခြေတွေ များနေတတ်ခြင်း။

၁၄။ ကိစ္စတစ်ခုကို လိုအပ်တာထပ်ပို တိုက်တွန်း စေ့ဆော်နေခြင်း။

၁၅။ အလုပ်တစ်ခုကို မလေးမစားနဲ့ အချိန်မီ ပြီးစီးအောင်မလုပ်ခြင်း။

၁၆။ ပြသနာတစ်ခုဖြစ်လာရင် ချက်ချင်းမဖြေရှင်းဘဲ အချိန်ဆွဲနေခြင်း။

၁၇။ အပြောင်းအလဲ မြန်တတ်ခြင်း။

၁၈။ အရေးကြီးတဲ့ အကြောင်းအရာတွေကို မထီမဲ့မြင် ပြုတတ်ခြင်း။

၁၉။ တစ်စုံတစ်ယောက်အတွက် အလွန်အမင်း ဘက်လိုက်ပြောဆိုတတ်ခြင်း။

၂၀။ ကိုယ်မလုပ်ချင်တဲ့အလုပ်ကို အခြားသူတစ်ယောက်ကို လုပ်ပေးဖို့ တွန်းအားပေးတတ်ခြင်း။

၂၁။ ပြသနာတစ်ခုဖြစ်လာရင် တစ်ဖက်သတ်အမြင်တွေနဲ့ ဆုံးဖြတ်တတ်ခြင်း။

၂၂။ ကိစ္စတစ်ခုကို မလိုအပ်ဘဲ ချဲ့ကားတတ်ခြင်း။

၂၃။ ကိုယ့်ကိုအထင်ကြီးလာဖို့ တစ်ဖက်လူကို နိုင်ထက်စီးနင်း ပြောဆိုတတ်ခြင်း။

၂၄။ တစ်စုံတစ်ယောက်ကို ကျိုးကြောင်းဆီလျော်မှုမရှိဘဲ ဇွတ်မှိတ်အယုံလွယ်ခြင်း။

၂၅။ ကိုယ်မလိုက်နာနိုင်ဘဲ လူအထင်ကြီးအောင် စည်းကမ်းတွေ ထုတ်ပြနေခြင်း။

၂၆။ တစ်ဖက်လူခွင့်ပြုချက်မရဘဲ အလွဲသုံးစားလုပ်တတ်ခြင်း။

၂၇။ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေက ခေါင်းရှောင်တတ်ခြင်း။

၂၈။ ကိုယ်ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်း ရှင်းရှင်းလင်းလင်း မသိတဲ့လူ။

၂၉။ စိတ်သဘောထားမမှန်ဘဲ အခုတစ်မျိုးတော်ကြာတစ်မျိုး ဖြစ်တတ်ခြင်း။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။