ဆုံးဖြတ်ချက်ချခါနီး စဉ်းစားရမည့် အချက်များ

blank

ကျွန်ုပ်တို့နေ့စဉ်ဘဝရဲ့ လုပ်ဆောင်ချက် သေးသေးလေးတွေကစပြီး ဘဝအတွက်အရေးပါဆုံး ကိစ္စရပ်တွေထိ ပျော်ရွှင်အောင်မြင်စွာ လုပ်ဆောင်နိုင်ဖို့ အရေးကြီးဆုံးက ဆုံးဖြတ်ချက်တွေမှန်ကန်ဖို့ပါပဲ။ သို့ပေမယ့် များသောအားဖြင့် ဆုံးဖြတ်ချက်တွေကို ပြန်ဆန်းစစ်ဖို့ သတိမရကြပါဘူး။

အောက်ဖက်မှာပေးထားတဲ့ အချက်လေးတွေကတော့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချတဲ့အခါ ရှောင်ကြဉ်သင့်တဲ့အချက်လေးတွေပဲဖြစ်ပါတယ်။

၁။ လိုအပ်တဲ့အချက်အလတ်တွေ ထည့်သွင်းမစဉ်းစားမိခြင်း။

၂။ အသုံးမတည့်တော့တဲ့ အချက်အလတ်တွေကို ထည့်သွင်းစဉ်းစားနေခြင်း။

၃။ တကယ့်အရေးပါတဲ့ အချက်အလတ်ကို လျစ်လျူရှု စဉ်းစားနေတတ်ခြင်း။

၎။ အတွေ့ကြုံကရတဲ့ သင်ခန်းစာတွေကို မကိုးကားမိဘဲ စဉ်းစားဆုံးဖြတ်ခြင်း။

၅။ စိတ်ခံစားမှုတွေကို ဦးစားပေး စဉ်းစားဆုံးဖြတ်ခြင်း။

၆။ အတွေ့အကြုံနုနယ်မှု၊ မသိမသာ ဘက်လိုက်မှုတွေကို သတိမမူမိဘဲ စဉ်းစားဆုံးဖြတ်ခြင်း။

၇။ ပြဿနာရဲ့ အရင်းအမြစ်ကိုမရှာပဲ ရေတို အဆင်ပြေမှုအတွက် စဉ်းစားဆုံးဖြတ်ခြင်း။

၈။ အသေးစိတ် အချက်အလတ်တွေကိုစောင့်ရင်း အရေးကြီးတဲ့အပိုင်းတွေ နှောင့်နှေးနေခြင်း။

၉။ လုံခြုံစိတ်ချရမှုနည်းတဲ့ အချက်အလတ်တွေအပေါ် မှီတည် ဆုံးဖြတ်ခြင်း။

၁၀။ အမှားနည်းနိုင်မယ့် နည်းလမ်းတွေရှာဖွေရင်း ပြဿနာကို ရှောင်လွှဲနေသလို ဖြစ်ခြင်း။

၁၁။ လူတွေကို အားကိုးရမှာ ကြောက်ပြီး နားလည်တဲ့သူတွေို့ မမေးမြန်းမစူးစမ်းဘဲ စဉ်းစားဆုံးဖြတ်ခြင်း။

၁၂။ အရာရာ နှစ်ဖက်မျှ စဉ်းစားဆုံးဖြတ်ဖို့ ပေါ့လျော့ခြင်း။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁၃။ ရှုထောင့်အမျိုးမျိုးက စဉ်းစားရမယ့်အစား ပထမဆုံးစဉ်းစားမိတဲ့ အချက်ကိုပဲ အတည်ပြုဆုံးဖြတ်လိုက်ခြင်း။

၁၄။ ရှေ့ဖြစ်နောက်ဖြစ် သေချာမစဉ်းစား မဆင်ခြင်ဘဲ ဆုံးဖြတ်ခြင်း။

၁၅။ အရာအားလုံးအပေါ် ခြုံငုံမစဉ်းစားဘဲ တစ်နေရာထဲတွင် အာရုံထားပြီး စဉ်းစားဆုံးဖြတ်ခြင်း။

၁၆။ အကောင်းဆုံးနည်းလမ်းကို မရွေးဘဲ အလွယ်ကူဆုံး နည်းလမ်းကို ရွေးချယ်လိုက်ခြင်း။

၁၇။ တကယ့်လုပ်ဆောင်မှုပိုင်းအတွက် အရေးပါတဲ့ အရာတွေကို ထည့်သွင်း မစဉ်းစားမိခြင်း။

၁၈။ အပြောင်းအလဲတွေကို ကြိုတင်မတွက်ဆဘဲ အရာအားလုံး တသမတ်တည်း ဟု ယူဆဆုံးဖြတ်ခြင်း။

၁၉။ ဆုံးဖြတ်ချက်ချဖို့ကို မလိုအပ်ဘဲ အချိန်ဆွဲနေခြင်း။

၂၀။ ဖြစ်ပျက်လာနိုင်တဲ့ ဆိုးကျိုးတွေကို စဉ်းစားဖို့ မေ့လျော့နေခြင်း။

၂၁။ မလိုအပ်ဘဲ ပိုမိုရှုပ်ထွေးအောင် စဉ်းစားဆောင်ရွက်ခြင်း။

၂၂။ ရေရှည်မစဉ်းစားဘဲ ပြီးခဲ့တဲ့အဖြစ်အပျက်တွေကို အဆင်ပြေစေရုံ သပ်သပ် ဆုံဖြတ်ခြင်း။

၂၃။ လတ်တလောဖြစ်ပျက်နေတဲ့ အရှိတရားတွေကို ထည့်သွင်းမစဉ်းစားဘဲ ဆုံးဖြတ်ခြင်း။

၂၄။ သူများတွေရဲ့ ထင်မြင်ယူဆချက်တွေကို စောင့်ဆိုင်းရင်း ရှေ့မဆက်နိုင်ဘဲ ဖြစ်နေခြင်း။

၂၅။ ကိုယ့်ကိုယ်ကို တန်ဖိုးကျစေမယ့်အရာလား၊ ဘာလားဆိုတာတောင်   ထည့်သွင်းမစဉ်းစားဘဲ ဆုံးဖြတ်ခြင်း။

၂၆။ အသေးအဖွဲ ကိစ္စလေးတွေကို အာရုံစိုက်နေရင်း အဓိကအကြောင်းအရာကနေ သွေဖယ်သွားခြင်း။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။