မန္တလေး သီတင်းကျွတ်ညကို ပုံဖော်ကြမယ့် လူငယ်တွေ

blank
Celebrating with sparklers in the night

ဝါလကင်းလွတ် သတင်းကျွတ် ရောက်ပြီဆိုတာနဲ့ ခုခေတ် လူငယ်တွေ နေရာအနှံ့ ပြားပန်းခတ်အောင် ဆိုင်ကယ်တစ်မျိုး ကားတစ်သွယ်နဲ့ ဥဒဟို သွားလာနေကြတယ်။ သီတင်းကျွတ်ပွဲတော်ကို သူတို့ဆန္ဒရှိတဲ့ အတိုင်း ပုံဖော် ပျော်မြူးတတ်ကြတယ်။ တစ်ချို့လည်း သီတင်းကျွတ်ရဲ့ အနှစ်သာရကို မသိကြဘဲ အပျော်ပွဲတော်နေ့အဖြစ်သာ ထင်မှတ်ထား ကြတယ်။ သီတင်းကျွတ်ပွဲတော်ကလည်း ထိုသို့ထင်မြင်စရာကောင်းလောက်တဲ့ ပျော်ရွှင်စရာ နေ့ထူးနေ့မြတ် ဆိုလည်း မှားလိမ့်မထင်။ ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သီတင်းကျွတ်လပြည့်နေ့ ဆိုရင် ယခင်ကတော့ ဘုရားပွဲတွေလောက်သာ စည်ကားပေမဲ့ ဒီဘက်ခေတ်မှာတော့ ကိုယ့်မြို့အလိုက် နံမည်ကြီး အဆိုတော် ရှိုးပွဲတွေ၊ ဖက်ရှင်ပွဲတွေနဲ့ သီတင်းကျွတ်ညကို ပျော်ရွှင်မြူးထူးစွာ ဖြတ်သန်းတတ်ကြပါတယ်။

လူငယ်တွေအကြိုက် စိုင်းစိုင်းရှိုးပွဲဟာ ဒီနှစ် ပြင်ဦးလွင်မှာ မလုပ်ဖြစ်တော့ဘဲ ရန်ကုန် ကန်တော်ကြီးမှာသာ လုပ်ဖြစ်မယ်လို့ သိရပါတယ်။ စိုင်းစိုင်းရှိုးပွဲ မလုပ်ဖြစ်ပေမဲ့လည်း ပြင်ဦးလွင်ကန်တော်ကြီး ပန်းပွဲတော် လုပ်တဲ့နေ့နဲ့ သီတင်းကျွတ်ပွဲ ကျင်းပတဲ့နေ့ သိပ်မကွာတာကြောင့်  သီတင်းကျွတ်လပြည့်နေ့မှာ ပြင်ဦးလွင် ထုံးစံအတိုင်း ကြက်ပျံမကျ စည်ကားအုံးမှာပါ။

မန္တလေးမှာတော့ သီတင်းကျွတ်ပြီဆိုရင် လူငယ်တွေအများစု လုပ်ကြတာကတော့ ပြင်ဦးလွင်ကို တက်ကြတဲ့ သူတွေလည်း ရှိသလို၊ ရေပြာအိုင်၊ ဆည်တော်လေး၊ မန္တလေးတောင် အစရှိတဲ့ နေရာတွေကို ဆိုင်ကယ်တွေ ကားတွေနဲ့ ပျော်ပျော်ပါးပါး သွားလာတတ်ကြပါတယ်။ ခုဆိုရင် မန္တလေးက စွယ်တော်မှာ မီးပုံးပျံပွဲ နှစ်တိုင်းကျင်းပနေပါပြီ။ လူငယ်တွေအနေနဲ့ အဲဒီကို သွားပြီး ပျော်ရွှင်တတ်ကြပါသေးတယ်။

တစ်ချို့လူငယ်များအနေနဲ့လည်း ဘုရားကြီးမှာ ဆီမီးပူဇော်တာတို့၊ ဘုရားရင်ပြင် သန့်ရှင်းရေး လုပ်တာတို့ လုပ်ဆောင်ကြပါတယ်။ မိဘ အုပ်ထိန်းမှု အောက်မှာရှိတဲ့ လူငယ်တွေအများဆုံး ပျော်တတ်ကြတာကတော့ သက်ကြီးရွယ်အိုတွေနဲ့ အဘိုးအဘွားတွေကို ရေကန်တော့ရင်း မုန့်ဖိုးတောင်းတတ်ကြပါတယ်။

ဘာသာရေးအနေနဲ့ မဟာမြတ်မုနိဘုရားမှာ ဆီမီးတစ်ထောင် ပူဇော်ပွဲ ရှိသလို၊ အောင်တော်မူဘုရားမှာလည်း ဆီမီး ထွန်းညှိပူဇော်တာတွေ ရှိပါတယ်။ စွယ်တော်ဘုရားမှာတော့ သိပ်မကြာသေးခင် နှစ်က စတင်ကျင်းပခဲ့တဲ့ မီးပုံပျံလွှတ်ပွဲကြောင့် အဲဒီဘုရားက ပိုစည်ကားခဲ့ပါတယ်။

သီတင်းကျွတ်မှာ မန္တလေးလူငယ်တွေ အပျော်ရွှင်ဆုံး တရုတ်နိုင်ငံက ထုတ်တဲ့ ဗျောက်အိုးတွေ၊ မီးရှုးမီးပန်းတွေကို ကျုံးအရှေ့ဘက်ထောင့်မှာ အပြိုင်ဆိုင် ဖောက်ကြရင်း ဆိုင်ကယ်တွေ တအုံးအုံး စတန့်ထွင်စီး ပျော်ရွှင်ကြတာပါဘဲ။ ကဲ ဒီနှစ်အနေနဲ့ သင်ကော သီတင်းကျွတ်ပွဲတော်ကို ဘယ်နေရာမှာ ဘယ်လိုပျော်ရွှင်စွာ ဖြတ်သန်းမလဲဆိုတာ ကြိုတင်စဉ်းစားထားအုံးနော်။

အထက်ပါ ဆောင်းပါးကိုဖတ်ခြင်းဖြင့် LESSON ရရှိခဲ့တယ်ဆိုရင် သင့်သူငယ်ချင်းတွေကို SHARE ပေးဖို့မမေ့ပါနဲ့။ LIKE လုပ်ရန်လည်း သတိရပေးပါ၊