ကိုယ့်စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖော်တဲ့အခါ ကြုံတွေ့ရမယ့် အရာ (၆)ချက်

blank

စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖော်ခြင်းက စိန်ခေါ်မှုတစ်ရပ် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အကောင်အထည်မပေါ်နိုင်ဘူးလို့တော့ မထင်သင့်ဘူးပေါ့။ ကိုယ့်အိပ်မက်တွေ အရယူနိုင်ဖို့ တွေ့ကြုံရမှာတွေ အများကြီးရှိပါတယ်။ သင့်တွက် အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ အကူအညီနဲ့ မျှော်လင့်ချက်တွေ ပေးစွမ်းနိုင်အောင် ဂန္တဝင်မဂ္ဂဇင်းအနေနဲ့ ဒီဆောင်းပါးလေးကို တင်ဆက်လိုက်ပါတယ်။

၁။ယုံကြည်မှု ကင်းမဲ့နေခြင်း

ကိုယ်လုပ်နိုင်တယ်ဆိုတာကို ကိုယ့်ကိုယ်ကို မယုံကြည်နိုင်ဘူး ဖြစ်နေပါတယ်။ ဒီအတားအဆီးကို ကျော်ဖြတ်ဖို့က မခက်ခဲပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်ဖို့ ဆုံးဖြတ်ချက်ချဖို့ပဲ လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်ခြင်းက အခက်အခဲအားလုံးကို ကျော်လွှားနိုင်စွမ်းပေးဆောင်ပါလိမ့်မယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ကြီးပွားလိုစိတ် ကင်းမဲ့နေခြင်း

ဒီအတားအဆီးကတော့ ကျော်လွှားဖို့ နဲနဲခက်ခဲပါတယ်။ ကိုယ့်အိပ်မက်စိတ်ကူးတွေကို အရယူနိုင်ဖို့ ကိုယ့်မှာ ဆန္ဒရှိဖို့ လိုအပ်ပါတယ်။ ကြီးပွားလိုစိတ်၊ အောင်မြင်လိုစိတ်တွေရှိဖို့ ကြီးမားတဲ့ဆန္ဒကို ရှာဖွေဖို့ လိုအပ်ပါတယ်။ စိတ်ကူးအိပ်မက်တွေဆီ အရောက်သွားနိုင်ဖို့ စတင် အကောင်အထည်ဖော်ခြင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ပြီဆိုတာနဲ့ မှန်ကန်တဲ့လမ်းကြောင်းပေါ် ရပ်တည်နေပါပြီ။

၃။လူအများ၏ ထင်မြင်ချက်

ကိုယ်ကသာ ခွင့်ပြုလိုက်မယ်ဆိုရင် လူအများရဲ့ထင်မြင်ချက်တွေက ကိုယ်သွားမယ့် ခရီးလမ်းကို ပိတ်ဆို့စေနိုင်ပါတယ်။ ဒီတစ်ချက်မှာကတော့ ဘယ်သူ့စကား၊ ဘယ်သူ့ထင်မြင်ချက်တွေကမှ ကိုယ့်ကို မတားဆီး မရပ်တန့်နိုင်စေရဘူးဆိုတဲ့ ဆုံးဖြတ်ချက် ချရမှာဖြစ်ပါတယ်။ ကိုယ်က ရဲရင့်ရမယ်၊ ထူးခြားနေရမယ်။ ပြီးရင် ရှေ့ထွက်ပြီး ကိုယ့်စိတ်ကူးအိပ်မက်တွေကို အရယူလိုက်ပါ။ ကိုယ့်ကို သံသယရှိခဲ့တဲ့လူတွေ ကိုယ်ဘာလုပ်နိုင်တယ်ဆိုတာကို တကယ်မြင်သွားပါလိမ့်မယ်။

၎။ကျရှုံးမှာကို ကြောက်ရွံ့ခြင်း

အရှုံးကို ကြောက်ရွံ့နေတာက ကိုယ့်ကို နောက်ပြန်ဆွဲနေပါတယ်။ အရှုံးကိုတော့ အမှန်တကယ် ရင်ဆိုင်ရမှာပါပဲ။ ကိုယ်မျှော်လင့်ထားတဲ့ အဆိုးတွေကို ကျော်လွှားပြီး အောင်မြင်မှုကို အရယူနိုင်မှာကလည်း အမှန်တရားတစ်ခုပါပဲ။ ကိုယ်မကြိုးစားရင်တော့ ဘာဖြစ်လာမလဲဆိုတာကို ဘယ်လိုမှ မသိနိုင်ပါဘူး။ ဘာမှမလုပ်ဘဲနေတာထက်စာရင် ကြိုစားလုပ်ကြည့်ပြီး ကျရှုံးတာကမှ ပိုကောင်းပါတယ်။

၅။ငွေရေးကြေးရေး အကျပ်အတည်း

ကိုယ့်ဆန္ဒတွေ အကောင်အထည်ဖော်တဲ့နေရာမှာ ငွေရေးကြေးရေးဆိုင်ရာ အကျပ်အတည်းတွေလည်း တခါတရံမှာ ကြုံတွေ့ရပါတယ်။ ဒီအတားအဆီးကိုတော့ ကိုယ်က ဖန်တီးဆန်းသစ်နိုင်ခြင်းနဲ့ ကျော်ဖြတ်ရမှာပါ။ ကိုယ်လုပ်ချင်တဲ့အရာအတွက် ကိုယ်ဘယ်လောက် တတ်နိုင်လဲ။ အောင်မြင်မှုရရှိနိုင်ဖို့ ကိုယ့်အင်အားက အရမ်းသေးငယ်လွန်းနေတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ကမှန်ကန်တဲ့လမ်းကို ဦးတည်နေသ၍ ဘာပဲဖြစ်ဖြစ် အဆင်ပြေသွားပါလိမ့်မယ်။

၆။အလုပ်အရမ်းများနေခြင်း

ကိုယ်က ပညာရေးနဲ့ အလုပ်ကို နှစ်ဘက်မျှတအောင် လုပ်နေရတယ်၊ မဟုတ်ရင်လည်း မိသားစုတို့ အိမ်ထောင်ရေးတို့ပေါ့။ ဒါဆိုရင်တော့ ဒီအချက်နဲ့ ကိုယ်နဲ့ကိုက်နေပါတယ်။ ကျွန်မတို့ဘဝဆိုတာက ကျွန်မတို့သာ ဂရုမစိုက်ဘူးဆိုရင် ကျွန်မတို့အပေါ် လွှမ်းမိုးလာနိုင်ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ ကိုယ့်စိတ်ကူးအိပ်မက်တွေကို အရယူဖို့တော့ ကိုယ်ဆုံးဖြတ်ချက် ချနိုင်ပါတယ်။ ကိုယ်အရယူမယ့် အောင်မြင်မှုအတွက်တော့ အချိန်တစ်ခုကိုတော့ ဖယ်ထုတ်ပေးထားဖို့ ဆုံးဖြတ်ထားရမယ်။

အိပ်မက်တွေ အကောင်အထည်ဖော်တဲ့ ခရီးလမ်းမှာ ကြုံတွေ့ရမယ့် အတားအဆီးတွေဆိုတာ အများကြီးပါပဲ၊ ဒါပေမယ့် အားလုံးကိုတော့ ကျော်လွှားသွားနိုင်ပါတယ်။ ပရိတ်သတ်ကြီးမှာလည်း ကိုယ့်အိပ်မက်ခရီးလမ်းမှာ ပိတ်ပင်တားဆီးနေတဲ့ အတားအဆီးတွေ ရှိပါသလား။ ဘယ်အရာတွေက ကိုယ့်ကို ချည်နှောင်ထားပါသလဲ။

မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။