အမျိုးသမီးတွေကို ခန့်မှန်းရလွယ်စေမယ့် အကြံပြုချက်များ..။

blank

အမျိုးသမီးတွေရဲ့စိတ်ဟာ ခန့်မှန်းရခက်တယ်လို့ ပြောကြတယ်။ အမျိုးသမီးတွေမှာ ယေဘုယျအားဖြင့် ဒီလိုစိတ်နေသဘောထားနဲ့ အမူအကျင့်လေးတွေရှိနေတယ်တဲ့။ ဘာလေးတွေဖြစ်မလဲ စာစောင်လေးကို ဖတ်ကြည့်လိုက်ကြရအောင်။

၁။ အမျိုးသမီးတွေက စိတ်ထိခိုက်လွယ်ကြတယ်။

ကိုယ့်ကိုယ်ကိုယ် မာကြောတယ်လို့ ယူဆထားတဲ့ အမျိုးသမီးတွေတောင်မှ တစ်ခါတလေမှာ စိတ်ထိခိုက်လွယ်ကြပါတယ်။ ဘယ်လောက်ပဲ ကိုယ့်ခြေထောက်ပဲ ရပ်တည်နေနိုင်ပါစေ ချစ်သူရဲ့ အားပေးနှစ်သိမ့်မှုနဲ့ ထွေးပွေ့မှုတွေတော့ အမျိုးသမီးတိုင်း လိုအပ်တတ်ပါတယ်။

၂။ အမျိုးသမီးတွေက စကားပြောရတာကို နှစ်သက်ကြတယ်။

အမျိုးသမီးတွေဟာ သူတို့ရဲ့ အတွေးအမြင်တွေကို မျှဝေရတာ၊ တစ်နေ့တာအကြောင်းကို ချစ်သူကို ဝေမျှရတာ နှစ်သက်ကြပါတယ်။ ချစ်သူကောင်းတစ်ယောက်အနေနဲ့ သူမပြောတာတွေကို မငြီးမငြူနားထောင်ပေးဖို့တော့ လိုပါလိမ့်မယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက် ဖြစ်သည်။

၃။ အမျိုးသမီးတွေက တစ်ခါတလေမှာ အတွေးလွန်တတ်ပါတယ်။

ချစ်သူရဲ့ဖုန်းမလာတာနဲ့ အချစ်လျော့သွားပြီလားလို့ တွေးတတ်သလို၊ နောက်ကျနေရင် လမ်းမှာတစ်ခုခုဖြစ်နေပြီလားလို့ ရန်ဖြစ်နေတတ်တဲ့ သူတို့လေးတွေကို နားလည်ပေးပါ။ သင့်ရဲ့အချစ်ကို သူမယုံကြည်စိတ်ချနေအောင် “ချစ်တယ်” လို့ ခဏခဏပြောပေးပါ။

၎။ အမျိုးသမီးတွေက သူတို့ရဲ့ သူငယ်ချင်းတွေကို ချစ်ခင်တွယ်တာတတ်ပါတယ်။

သူငယ်ချင်းကို ခင်တွယ်တတ်တဲ့ အမျိုးသမီးတွေဟာ မနက်ဖြန်ဘာဝတ်ရမလဲဆိုတာကအစ ချစ်သူကို ဘယ်အချိန်မှာ အဖြေပေးရမလဲဆိုတာအဆုံး သူငယ်ချင်းနဲ့ တိုင်ပင်တယ်ဆိုတာကို သင့်အနေနဲ့ နားလည်ပေးဖို့ လိုပါလိမ့်မယ်။

၅။ အမျိုးသမီးတွေရဲ့ စိတ်ကောက်ခြင်းနောက်မှာ စိတ်ပြေတဲ့အထိ ချော့စေချင်တဲ့ စိတ်ကလေးရှိတယ်။

ချစ်သူမိန်းကလေး စိတ်ကောက်နေတယ်ဆိုရင် “ငါဘာများလုပ်မိလို့လဲ” လို့ အရှည်ကြီးတွေးမနေပါနဲ့။ “ငါဘယ်လိုချော့ရမလဲ” လို့ အရင်ဆုံးတွေးပါ။ စိတ်ကောက်နေတယ်ဆိုတာ ချော့စေချင်လို့ပါ။ ချော့ပြီးသွားရင် ပိုပြီးချစ်ပြပါလိမ့်မယ်။