ကိုယ့်ရဲ့အလုပ်ရှင်က အဆုံးရှုံးမခံနိုင်တဲ့ ဝန်ထမ်းမျိုးဖြစ်နေပြီလား။

blank

တစ်ခါက မိန်းကလေးတစ်ယောက်ဟာ အများပြည်သူသုံး တယ်လီဖုန်းရှိရာကို လာပြီး ဖုန်းနံပါတ်တစ်ခုကို နှိပ်နေခဲ့တယ်။ ဖုန်းကောင်တာမှာထိုင်နေတဲ့ အမျိုးသားကြီးက ကောင်မလေးဖုန်းပြောနေတာကို ဂရုတစိုက်နဲ့ နားထောင်နေခဲ့တယ်။

ဖုန်းဖြေသူ…. ဟယ်လို….အမိန့်ရှိပါ။

မိန်းကလေး… မင်္ဂလာပါ။ အန်တီရှင့်။ သမီးအနေနဲ့ အန်တီ့ရဲ့ခြံကို မြက်ရိတ်ပေးတဲ့ အလုပ်လေးကို လုပ်ခွင့်ရနိုင်မလားရှင့်။

ဖုန်းဖြေသူ….  ဆောရီးပါ သမီးရယ်…။  အန်တီ့မှာ မြက်ရိတ်ပေးနေတဲ့ ဝန်ထမ်းမိန်းကလေးတစ်ယောက်ရှိပြီးသားပါ။

မိန်းကလေး….. အခုခန့်ထားတဲ့ မိန်းကလေးရဲ့ လစာတစ်ဝက်ပဲသမီးကိုပေးရမယ်ဆိုရင်ကော စိတ်ဝင်စားလားအန်တီ။

ဖုန်းဖြေသူ…… အန်တီ့ဆီမှာ လက်ရှိရှိနေတဲ့ ဝန်ထမ်းလေးကို အန်တီ့သိပ်ကို စိတ်တိုင်းကျလို့ပါ။ စိတ်မကောင်းပါဘူး။

အဲ့ဒီအချိန်မှာ ကောင်မလေးက ဇွဲမလျှော့သေးဘဲ

“အန်တီရယ် သမီးလေ… ပလက်ဖောင်းတွေနဲ့ လမ်းလေးတွေကိုပါ လှည်းပေးပါ့မယ်။ တစ်မြို့လုံးမှာ အန်တီ့ရဲ့ခြံကို အလှဆုံးဖြစ်အောင် ကြိုးစားပေးပါ့မယ်” လို့ ပြောလိုက်ပေမယ့် တစ်ဖက်ကတော့ ငြင်းဆန်လိုက်သတဲ့။ အဲ့ဒီအခါမှာ ကောင်မလေးက ပြုံးပြုံးလေးနဲ့ ဖုန်းကို ချလိုက်သတဲ့။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အဲ့ဒီအချိန်မှာ ဖုန်းကောင်တာမှာ ထိုင်နေတဲ့ အမျိုးသားက ” သမီးရဲ့စိတ်နေသဘောထားလေးကို သဘောကျလိုက်တာ။ အရွယ်နဲ့မမျှအောင် ကြိုးစားတတ်တဲ့ သမီးကို ဦးအနေနဲ့ အလုပ်တစ်ခုပေးချင်ပါတယ်” လို့ ပြောလိုက်ပါတယ်။ ကောင်မလေးက “တကယ်တော့ သမီးမှာ အလုပ်ရှိပါတယ်။ အခုနက အန်တီပြောတဲ့ သူ့ရဲ့ဝန်ထမ်းမိန်းကလေးဆိုတာ သမီးပါပဲ။ သမီးအနေနဲ့ သမီးလုပ်နေတဲ့အလုပ်မှာ ဘယ်လောက်တောင် စွမ်းဆောင်နိုင်လဲဆိုတာကို စမ်းသပ်ကြည့်တာပါ” လို့ ပြောပြီးထွက်ခွာသွားပါတယ်။

အမျိုးသားကြီးမှာတော့ တွေးစရာတွေအများကြီးကျန်ခဲ့တာပေါ့။

သင်ကော… သင့်ရဲ့အလုပ်မှာ အစားထိုးလို့မရတဲ့နေရာတစ်နေရာကို ပိုင်ဆိုင်ထားပြီလား။