သင်က ဘာထည့်ထားတဲ့ပုလင်းတစ်လုံးဖြစ်ချင်လဲ။

blank

တကယ်လို့ သင်က ပုလင်းတစ်လုံးဖြစ်နေမယ်ဆိုရင် အထဲမှာရှိနေတာတွေကတော့ သင့်ရဲ့ ခံစားချက်တွေပါပဲ။

ကမ္ဘာကြီးနဲ့ လူတွေဟာ သင့်ကို မကြာခဏတိုက်ခိုက်ကြမယ်။ လှုပ်ခါကြပါလိမ့် မယ်။

တကယ်လို့ သင့်ခံစားချက်တွေဟာ ဆိုဒါ ဖြစ်မယ်ဆိုရင် ပုလင်းကို လှုပ်ခါပြီး ဖွင့်လိုက်တာနဲ့ ရှူးကနဲ ပေါက်ထွက်လာကြမှာပါ။

ဒါပေမဲ့ သင့်ခံစားချက်တွေဟာ ရေဖြစ်မယ်ဆိုရင်တော့ ပုလင်းကို လှုပ်ခါပြီး ဖွင့်လိုက်ရင်တောင် မူလပုံစံအတိုင်းပဲ ငြိမ်သက်တည်ငြိမ်စွာ ရှိနေမှာပါ။

ဒါကြောင့် ဆိုဒါလို ခံစားချက်နဲ့လူမဖြစ်စေဘဲ ရေလိုလူဖြစ်အောင် ကြိုးစားပါ။

ပြင်ပ ပယောဂကြောင့် သင့်ငြိမ်းချမ်းမှုကို ဘယ်တော့မှ ပျက်စီးမခံလိုက်ပါနဲ့။

ကဲ… သင်ကော ဆိုဒါပုလင်းလား။ ရေပုလင်းလား။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။