သင့်ရဲ့ စွမ်းအင်တွေကိုသွေးစုပ်သလို စုပ်ယူတတ်တဲ့ လူတစ်ချို့ သင့်ဘဝထဲမှာရှိလား။

blank

စွမ်းအင်တွေကို မြှင့်တင်ပေးတဲ့သူ၊ ပုံမှန်လူနဲ့၊ စွမ်းအင်တွေကို စုပ်ယူတတ်တဲ့သူဆိုပြီး လောကကြီးမှာ လူသုံးမျိုးရှိတယ်။  စွမ်းအင်တွေကို မြှင့်တင်ပေးတတ်သူဆိုတာက သူနဲ့စကားခဏလောက်ပြောကြည့်ပြီးရင် လူကအရင်ကနဲ့မတူတော့ဘဲ အတွေးအခေါ်တွေရင့်သန်လာမယ်။ စိတ်ဓာတ်ခွန်အားတွေ မြှင့်တက်လာမယ်။

ပုံမှန်လူကတော့ သူနဲ့စကားပြောပြီးတဲ့နောက်ပိုင်း အရင်ကနဲ့ အခုနဲ့ဘာမှထူးခြားမသွားဘူး။ ဘာအသိပညာ၊ အတွေးအခေါ်မှ မရလိုက်ဘူး။

စွမ်းအင်တွေကိုစုပ်ယူတတ်တဲ့သူကတော့ သူနဲ့စကားပြောပြီးတဲ့နောက်ပိုင်း ကိုယ်ကပင်ပန်းမောဟိုက်လာမယ်၊ မွန်းကြပ်ရှုပ်ထွေးလာမယ်။ လည်ပင်းကနေ တစ်ကိုယ်လုံးမှာရှိတဲ့ သွေးတွေကို စုပ်ယူပြီး သေစေတတ်တဲ့ သွေးစုပ်ဖုတ်ကောင်တွေလိုပဲ မိမိရဲ့ စိတ်ခွန်အားတွေ၊ အကောင်းမြင်မှုတွေကို စုပ်ယူလိုက်တယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

လောကမှာ လူအများစုက အခက်အခဲတွေ၊ဒုက္ခတွေနဲ့ ကြုံတွေ့နေရတာချည်းပါပဲ။ ဘဝရိုက်ချက်တွေ ကြုံတွေ့နေရတဲ့ကာလတွေမှာ အခက်အခဲတွေအကြောင်းညည်းတွားနေတာ၊ ရင်ဖွင့်ပြောဆိုနေတာက သဘာဝကျပေမယ့် ဒဏ်ရာကိုအမြဲတမ်းတသသလုပ်နေပြီး အနာတရတွေအကြောင်းပဲ ပြောနေတဲ့သူတွေဟာ မိမိရဲ့စိတ်ခွန်အားတွေကို စုပ်ယူနေတဲ့ သွေးစုပ်ဖုတ်ကောင်တွေနဲ့ တူပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေကို အားပေးစကားပြောတာ၊ နှစ်သိမ့်ပေးတယ်ဆိုတာ ဖြစ်သင့်ပေမယ့် အမြဲတမ်းညည်းတွားနေတတ်တဲ့သူတွေကတော့ သူ့ကိုတွေ့တိုင်းအားပေးစကားပြောရင်းပြောရင်း သင့်ရဲ့အားတွေပါ တဖြည်းဖြည်းနဲ့ ကုန်ခမ်းလာမှာဖြစ်ပါတယ်။ သင့်ရဲ့အားပေးစကားတွေသာ ကုန်ခမ်းလာမယ် သူတို့ကတော့ အားတက်လာမှာမဟုတ်ပါဘူး။

အဲ့ဒီလိုလူတွေနဲ့ ကြုံတွေ့ရတဲ့အခါ မိမိအတွက် အဆင်ပြေဆုံးနည်းလမ်းကတော့ သူတို့ပြောတာတွေကို နားထောင်ပြီး မခံစားဖို့ပါပဲ။ သူတို့ပြောတဲ့အခါ နားပဲထောင်ပြီး လိုက်ခံစားတာ၊ မှတ်ချက်ပေးတာတွေကို ရပ်တန့်ပစ်လိုက်တဲ့အခါ မိမိတို့ရဲ့ စွမ်းအင်တွေ ကုန်ခမ်းတာကို တားဆီးနိုင်မှာဖြစ်ပါတယ်။