၁။ ဂျေကေရိုးလင်း (J.K. Rowling)
ဟယ်ရီပေါ်တာ စာအုပ်တွေ ကမ္ဘာ့အရောင်းရဆုံးစာရင်းမဝင်ခင်တုန်းက စာရေးဆရာမ ရိုးလင်းဟာ ဆေးရုံဆေးခန်းသွားရတဲ့အထိ စိတ်ကျရောဂါဖြစ်ခဲ့ပါတယ်။ စိတ်ဓာတ်ကျနေတဲ့ကြားက စာအုပ်တွေကိုရေးခဲ့ပြီး အောင်မြင်မှုရခဲ့ပါတယ်။ အောင်မြင်မှုရပြီးချိန်မှာတောင် ဘဝရုတ်တရက်ပြောင်းလဲသွားတာကို မခံနိုင်လို့ စိတ်ရောဂါကုဆရာဝန်ဆီ တစ်ခေါက်သွားရသေးတယ်လို့ သိရပါတယ်။
၂။ အေဗရာဟမ် လင်ကွန်း (Abraham Lincoln)
အမေရိကန်သမ္မတတွေလည်း စိတ်ကျရောဂါကို ခံစားခဲ့ရရပါတယ်။ လင်ကွန်းဟာ စိတ်ဓာတ်ကျခြင်းတွေ၊ စိုးရိမ်ပူပန်ခြင်းတွေကြားက နိုင်ငံကို ဦးဆောင်သွားနိုင်ခဲ့တဲ့ ခေါင်းဆောင်းကောင်းတစ်ယောက်ပါ။ စိတ်ဓာတ်ကျတာတွေကို သက်သာအောင် အလုပ်တွေကြိုးစားပြီး အမေရိကန်နိုင်ငံကြီးကို ဦးဆောင်နိုင်ခဲ့သူပေါ့။
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
၃။ ရှီရယ် ခရိုး (Sheryl Crow)
နာမည်ကြီးအဆိုတော် ရှီရယ်ခရိုးကလဲ အမြဲလိုလို စိတ်ကျဝေဒနာ ခံစားခဲ့ရသူပါ။ ဒါပေမဲ့ သူမက ဂရမ်မီဆုကြီး ၉ ဆုအထိ ရအောင်ယူနိုင်ခဲ့ပြီး အောင်မြင်မှုကို ထိန်းထားနိုင်ခဲ့ပါတယ်။ စိတ်ရောဂါပညာရှင်ဆီ မကြာခဏသွားပြီး ကုထုံးခံယူရတယ်လို့လည်း သိရပါတယ်။
၎။ အယ်လန် ဒီဂျန်နရက်စ် (Ellen DeGeneres)
TV ဖန်သားပြင်ပေါ်မှာ တွေ့ရတဲ့၊ အမြဲတမ်းတက်ကြွပြီး ပျော်စရာကောင်းနေတဲ့ အယ်လန်ဟာ စိတ်ကျရောဂါကို ခံစားဖူးရသူတစ်ဦးပါ။ အစပိုင်းမှာ ကျရှုံးမှုတွေကို ကြုံခဲ့ရပြီး စိတ်ဓာတ်ကျခဲ့ပေမဲ့ ရုန်းကန်ကြိုးစားပြီး အောင်မြင်မှုရအောင် ယူနိုင်ခဲ့ပါတယ်။ ဘယ်လောက်ပဲ ကျရှုံးပါစေ၊ မအောင်မြင်မချင်း ထပ်တလဲလဲ ကြိုးစားမှုတွေကြောင့် အောင်မြင်မှုကိုရခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။
၅။ ဘတ်ဇ် အယ်လ်ဒရင် (Buzz Aldrin)
နေးလ် အမ်းစထရောင်း (Neil Armstrong) နဲ့ အတူတူ လကမ္ဘာအပေါ်ခြေချခဲ့တဲ့ အာကာသယာဉ်မှူး ဘတ်ဇ်ဟာလည်း စိတ်ကျဝေဒနာဖြစ်ပြီး အရက်ရဲ့ ကျေးကျွန်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့သမိုင်းအတွက် မှတ်တိုင်သစ်စိုက်ထူပြီး တစ်ကမ္ဘာလုံးကလေးစားရတဲ့လုပ်ရပ်အဖြစ် လကမ္ဘာကို ခြေချနိုင်အောင် ကြိုးစားခဲ့ပါတယ်။
ဂန္ထဝင်စာချစ်သူတို့ရေ…
စိတ်ဓာတ်ကျတယ်ဆိုတာ တစ်ခဏပါနော်။ စိတ်ဓာတ်ကျတဲ့အတိုင်း ပြန်မထဘဲ ရေစုန်မျောနေလိုက်ရင် ဘဝက ဘယ်တော့မှ တိုးတက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် စိတ်ဓာတ်ကို မြှင့်တင်ပြီးအကောင်းဆုံးကြိုးစားဖို့ တိုက်တွန်းလိုက်ပါရစေရှင်။
သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။