FA တစ်ယောက်ရဲ့ အားသာချက်များ

blank

ချစ်သူမရှိလို့ သူငယ်ချင်းစုံတွဲတွေကြားမှာ FAကြီးဆိုပြီး အလှောင်ပြောင်ခံနေရပြီလား။ အခုပြောပြမယ့် FAတစ်ယောက်ရဲ့ အားသာချက်လေးတွေကို ပြောပြပြီး ပြန်အနိုင်ယူလိုက်ပါတော့။

FA တစ်ယောက်ဟာ…

၁။ တစ်ယောက်တည်းပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် အချိန်မရွေးခရီးထွက်နိုင်တယ်။

၂။ သူငယ်ချင်းတွေနဲ့လည်း အကျွမ်းတဝင်နေထိုင်နိုင်တယ်။

၃။ ကိုယ်တွေ့ချင်တဲ့သူတွေနဲ့ တွေ့နိုင်တယ်။

၎။ ကိုယ့်အချိန်တွေကို စိတ်ကြိုက်အသုံးပြုနိုင်တယ်။

၅။ ပိုက်ဆံပိုစုနိုင်တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ ကိုယ်ကြိုက်တဲ့ဆံပင်ပုံစံ ထားနိုင်တယ်။

၇။ ပစ္စည်းတွေ ပျောက်ဆုံး၊ ပျက်စီးသွားလို့ ဆူညံပူညံလုပ်မယ့်ဒဏ်တွေက ကင်းဝေးတယ်။

၈။ ကိုယ်လုပ်စရာရှိတဲ့ ကိစ္စတွေကို လုပ်ကိုင်နိုင်တယ်။

၉။ ကိုယ့်အားလပ်ချိန်တိုင်းကို စိတ်တိုင်းကျ စီမံခန့်ခွဲနိုင်တယ်။

၁ဝ။ အားလပ်ရက်တွေမှာ ဇာတ်လမ်းတွေ တဝကြီး ထိုင်ကြည့်နိုင်တယ်။

၁၁။ အရေးမပါတဲ့ကိစ္စတွေကို အရေးမပါသလိုဘဲ သဘောထားလိုက်နိုင်တယ်။

၁၂။ ဘဝအတွက် အခွင့်အရေးတွေ ကြုံဆုံလာတဲ့အခါမှာ နောက်တွန့်နေစရာမလိုဘဲ အချိန်မရွေး လုပ်ဆောင်နိုင်တယ်။

၁၃။ အသည်းကွဲဝေဒနာတွေ ကြုံရခြင်းမှလည်း ရှောင်ရှားနိုင်တယ်။

၁၄။ လွတ်လပ်စွာနေထိုင်နိုင်တယ်။

စာချစ်သူတို့ရေ သင့်ကို FA ဆိုပြီးနှိမ်နေကြတဲ့ သူငယ်ချင်းတွေကို အခုအားသာချက်လေးတွေ သိရှိစေဖို့ mention ခေါ်လိုက်ပါဦးနော်။