လုပ်သမျှအရာအားလုံး အရာမထင်ဖြစ်နေလား… ဒါလေးကို ဖတ်ကြည့်ပါ။

blank

ကိုယ့်ကိုယ်ကိုယ် မနက်ခင်းပိုင်းမှာပဲ ဖြစ်ဖြစ်၊ နေ့ခင်းပိုင်းတစ်ချိန်ချိန်မှာဖြစ်ဖြစ် အချိန်ပေးကြည့်ပါ။ လုပ်သမျှအရာအားလုံးဟာ ယခင်ကထက် ပိုမိုထိရောက်လာပြီး ကိုယ့်ကိုယ်ကိုယ် ပိုမိုထိန်းချုပ်လာနိုင်တာကို တွေ့မှာပါ။

လူတွေအားလုံးဟာ ကိုယ့်အလုပ်နဲ့ ကိုယ်ရှုပ်နေကြတဲ့အတွက် ကိုယ့်အတွေးတွေ၊ လုပ်ရပ်တွေကို ပြန်လည်စဉ်းစားဆင်ခြင်ဖို့၊ တိတိကျကျနဲ့ စနစ်တကျလုပ်ဆောင်ဖို့တောင် မေ့လျော့လာကြပါတယ်။ အလုပ်မပြီးမှာ စိုးကြောက်တဲ့ စိတ်ဖိစီးမှုတွေကြောင့် အရာအားလုံးကို အလောတကြီးနဲ့ပဲ လုပ်ကိုင်နေမိကြပါတော့တယ်။

အလုပ်ကြောင့်ဖြစ်ပေါ်လာတဲ့ စိုးရိမ်ကြောင့်ကျမှုတွေ၊ စိတ်ဖိစီးမှုတွေအားလုံးကို ကိုယ့်ကိုယ်ကိုယ် အချိန်ပိုပေးခြင်းအားဖြင့် အလွယ်တကူပဲ လျှော့ချလိုက်နိုင်မှာပါ။ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးဖို့ဆိုတာ အနည်းငယ်အားစိုက်လိုက်ဖို့သာလိုအပ်တာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အလုပ်ချိန်တွေကို အနည်းငယ်လျှော့ချလိုက်ခြင်းက ဘဝကို ရိုးရှင်းစေမှာပါ။ မျက်လှည့်ပြလိုက်သလိုမျိုးတော့ ချက်ချင်းကြီး ဘဝပြည့်စုံသွားမှာတော့ မဟုတ်ပါဘူး။ နေ့စဉ်ဘဝထဲကနေ အချိန်နည်းနည်းစီပေးချင်တယ်ဆိုရင်တော့ ပထမဆုံးလုပ်ရမှာက မနက်ခင်းနည်းနည်းစောထပြီး ကိုယ်လက်လေ့ကျင့်ခန်းလေးတွေလုပ်လိုက်ပါ။ ကားပေါ်ရောက်မှ အလောတကြီး မိတ်ကပ်လိမ်းရတာတွေ၊ အလုပ်သွားလမ်းမှာ မနက်စာစားရတာတွေ ရှောင်ရှားနိုင်ဖို့ မနက်အစောမှာကတည်းက ကြိုတင်ပြင်ဆင်ထားလိုက်ပါ။

မတိကျမသေချာတဲ့အရာတွေကို ပြီးစီးအောင် လုပ်ရင်း အလုပ်များနေတာထက်စာရင် အရာအားလုံးကို တိတိကျကျ သေသေချာချာနဲ့ ထိရောက်အောင်လုပ်ပေးနိုင်ဖို့က ပိုအရေးကြီးပါတယ်။

ဒါကြောင့် ရိုးရိုးရှင်းရှင်းနေပါ။ ကိုယ့်ကိုယ်ကိုယ် အချိန်ပိုပေးပါ။ ရည်ရွယ်ချက်တွေ၊ အားအင်တွေနဲ့ ဘဝကို ကြိုးစားရုန်းကန်လိုက်ပါ။

စာချစ်သူတို့ကော လုပ်သမျှအလုပ်တွေ ထိရောက်စေဖို့ ဘယ်အရာတွေ လုပ်ဖြစ်တယ်ဆိုတာ comment box မှာမျှဝေပေးသွားပါဦးနော်။