ညီမလေးတို့အတွက် ဂန္ထဝင်မှဝေမျှပေးချင်တဲ့ ဘဝအကြောင်းသိကောင်းစရာလေးတွေ

blank

ဂန္ထဝင်ရဲ့ စာဖတ်ပရိသတ်ညီမလေးရေ…

ဒီတစ်ပတ်မှာတော့ မမဂန္ထဝင်အနေနဲ့ ညီမလေးကို ဘဝမှာ သိထားသင့်တဲ့အကြောင်းအရာလေးတွေကို ဝေမျှပေးချင်ပါတယ်။ ဒီအကြောင်းအရာတွေကို မမကိုယ်တိုင် အချိန်တစ်ခုပေးဆပ်ပြီး သိလာရတာဖြစ်ပြီး ညီမလေးကိုလည်း သိစေချင်လို့ပါ။ ညီမလေးဒီအကြောင်းအရာတွေကို သိရှိနားလည်သဘောပေါက်သွားပြီဆိုတာနဲ့ ညီမလေးဘဝမှာ ကောင်းကျိုးတွေဖြစ်လာမယ်ဆိုတာ မမယုံကြည်ပါတယ်။

၁။ ဆိုင်တစ်ဆိုင်မှာ တစ်ယောက်တည်းထိုင်ပြီး တစ်ယောက်ယောက်လာမှာကို စောင့်စားရခြင်းဟာ ဘယ်လောက်စိတ်ညစ်စရာ၊ ဘယ်လောက်စိတ်မောစရာကောင်းတယ်ဆိုတာ မမတို့အားလုံး သိကြပါတယ်။ ဒီတော့ ကိုယ့်ကို သူများလည်း ဒီလိုစောင့်မနေရအောင် ဘယ်သူနဲ့ပဲချိန်းထားထား အချိန်မီရောက်အောင် သွားနိုင်ဖို့ ကြိုးစားပါ။

၂။ ညီမလေးကို အမြဲတမ်း မကောင်းတဲ့စိတ်နဲ့ မခံချင်အောင် စ,နောက်နေတဲ့သူတွေ၊ ညီမလေးကို နှိမ်ချပြောဆိုတတ်တဲ့သူတွေက ညီမလေးတို့ရဲ့ သူငယ်ချင်းမဖြစ်ထိုက်ဘူးကွဲ့။ ဒီတော့ ညီမလေးကို ကောင်းသထက်ပိုကောင်းအောင်၊ တော်သထက်ပိုတော်အောင် ပြောင်းလဲပေးနိုင်မယ့်သူတွေကိုပဲ ညီမလေးဘဝထဲမှာ လက်ခံထားလိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ညီမလေးဘဝထဲကို လူတော်တော်များများ မခေါ်ဘဲရောက်လာတတ်ပြီး မနှင်ဘဲထွက်သွားတတ်တယ်။ တစ်သက်လုံးအတူတူရှိနေလိမ့်မယ်လို့ ညီမလေးယုံကြည်ထားတဲ့သူတွေ ထွက်သွားတဲ့အခါမှာ ညီမလေးအံ့သြရလိမ့်မယ်။ ပြီးတော့ ထွက်သွားမှာပါလို့ ထင်ထားသူတွေက ညီမလေးဘေးမှာ ထာဝရရှိနေတဲ့အခါမှာလည်း ညီမလေးအံ့သြရလိမ့်မယ်။

၎။ လောကမှာ ညီမလေးထက် လှတဲ့သူရှိသလို၊ ရုပ်ဆိုးတဲ့သူတွေလည်း ရှိနိုင်တယ်။ ညီမလေးထက် ပိန်တဲ့သူရှိသလို၊ ဝတဲ့သူလည်း ရှိနိုင်တယ်။ ညီမလေးထက်ရုပ်လှပေမဲ့ ညီမလေးလောက်စိတ်ထားမလှတဲ့သူတွေလည်း ရှိနိုင်တယ်။ ဒါကြောင့် ဘေးပတ်ဝန်းကျင်က တခြားမိန်းကလေးတွေနဲ့ ကိုယ့်ကိုယ်ကိုနှိုင်းယှဉ်ပြီး စိတ်ညစ်တာတွေ၊ အလိုမကျဖြစ်တာတွေ မလုပ်နဲ့တော့နော်။ ဘာလို့လဲဆိုတော့ ညီမလေးအထင်ကြီးရမယ့်သူ၊ ညီမလေးကို အထင်ကြီးမယ့်သူက ညီမလေးကိုယ်တိုင်မို့လို့ပါပဲ။

ဂန္ထဝင်